🏠 - 00

457 46 7
                                    

"ကင်မ်ထယ်ရယ်!! .... ထမယ် ... "

လိုက်ကာစတို့ဆွဲဖွင့်လိုက်တာနဲ့ နေရောင်စူးစူးတို့က မျက်နှာပေါ်ကျရောက်လာလေသည်။ ကြားလိုက်ရတဲ့ အိုမားအသံရယ်၊ မျက်နှာပေါ်ဖြာကျနေတဲ့ နေရောင်ရယ်ကို အံတုရင်း ထယ်ရယ် စောင်ကိုခေါင်းအထိအလုံခြုံကာ ပြန်အိပ်သည်။

"ထမယ်ဆို ..ကင်မ်ထယ်ရယ်.... ကျောင်းသွားရမှာ ပြီးရင် နောက်ကျတယ် ဘာညာဖြစ်အုံးမယ် ထစမ်း .... "

"အ့ ...... အိုမားးးးးး "

တင်ပါးအား ဖြန်းခနဲချကာ ပြောလာတဲ့မားကြောင့် ထယ်ရယ်အော်လိုက်ရင်း ......

"သား ကျောင်းမသွားချင်ဘူး ..... "

"ဟဲ့ ... နင်ကဆရာလေ ဆရာကကျောင်းမသွားချင်လို့ရမလား ..ကင်မ်ထယ်ရယ်ရဲ့.. ဒီနေ့မှ အလုပ်စဝင်တယ် ... ဒီနေ့ နောက်ကျလို့ အလုပ်ပြုတ်နေမယ်နော် ...အသက်လည်းမငယ်တော့ဘူး ...ကင်မ်ထယ်ရယ်ရဲ့ .."

မားရဲ့ ပူညံပူညံအသံတွေကို ထယ်ရယ်မခံနိုင်စွာ ထထိုင်လိုက်ရင်း ...

"အလုပ်နောက်ကျလို့ အလုပ်ပြုတ်တဲ့ပါမောက္ခမရှိသေးပါဘူး မားရယ် ...."

"နင့်အလှည့်ကျ ရှိလာတော့မှာလေ ..... "

"အ့ နာတယ် ဘာလို့လာရိုက်နေတာလဲ မားးးးးး "

နောက်ကျော တဖြတ်ဖြတ်ရိုက်ကာ ပြောလာတဲ့သူကြောင့် ထယ်ရယ်မခံရပ်နိုင်စွာ အော်ရင်း ရေချိုးခန်းထဲဝင်ပြေးရတော့သည်။ ပါမောက္ခလည်း လူပါပဲ ပျင်းတတ်တယ်လို့ .....။

* 🏠 - 💗 *

"f**k! ....... ခွေးကောင် ... ငါဘာပြောထားလဲ ... နာရီဝက်အတွင်း အရောက်လို့ပြောမထားဘူးလား ... သေချင်လို့လား မင်း.... ဟမ် .. သေသွားချင်လို့လား ..."

လူသွားလူလာသိပ်မရှိတဲ့ ကျောင်းဆောင်ဘက်တစ်နေရာ၌ ဆဲရေးတိုင်းထွာသံတို့က အတိုင်းအဆမရှိထွက်လာသည်။ မျက်နှာထက် ဒဏ်ရာဒဏ်ချက်တို့နဲ့ စုတ်ပြတ်သတ်နေသည့် ကျောင်းသားတစ်ယောက်က ဒူးထောက်လျက် ရှေ့က ကျောင်းသားတစ်စုအား တောင်းပန်လျက်ရှိသည်။

"မ မဟုတ် မဟုတ်ပါဘူး ...တောင်း ... တောင်းပန်ပါတယ် .... ချမ်း ချမ်းသာပေးပါ၊...နောက်အမှီ...အမှီလာပါ့မယ်...အားးးးးးး "

စကားမဆုံးခင် အားရပါးရ ကြိတ်အနင်းခံလိုက်ရသည့် လက်တစ်ဖက်။ ဖိနပ်တို့နဲ့တက်နင်းထားသည့် ရှေ့ဆုံးက ကောင်လေးက ...နတ်ဆိုးတစ်ကောင်လို ဟက်ခနဲ တစ်ချက်ရယ်လိုက်တော့ နားတွင်ဝတ်ဆင်ထားသည့် နားဆွဲတို့ကလှုပ်ရမ်းသွားသည်။ ထို့နောက် နဖူးထက်ကျနေသည့် ဆံနွယ်ဖြူတို့အား တစ်ချက်သပ်တင်လိုက်ရင်း မိမိဖိနင်းထားသည့်ခြေထောက်တို့အား အားပိုထည့်လိုက်ကာ....

" နောက်တစ်ခါ! .... ရစ်ခီရှန့် ရာဇဝင်မှာ နောက်တစ်ခါ ဆိုတာရှိတယ်ကြားဖူးလို့လား ...နောက်တစ်ခါဆို မင်းအသက်ပျောက်နေလောက်ပြီထင်တယ် .... ဟေ့ကောင်တွေ .....လုပ်လိုက်ကြတော့ .."

ရစ်ခီရှန်ဆိုသည့် ကောင်လေးက နင်းခြေထားသည့် လက်တို့အား လွှတ်ပေးလိုက်ကာ နောက်ကကျောင်းသားတို့အား ဆုံးမလိုက်ဆိုသည့်လက်ဟန်ပြပြီး ထွက်သွားလေသည်။ သူထွက်သွားပြီးတဲ့နောက်မှာတော့ လူတစ်ယောက်အား ဝိုင်းဝန်းကန်ကြောက်နေသည့်အသံများ ၊အော်ဟစ်သံများက ထိုပတ်ဝန်းကျင်တွင် နားမခံသာစရာ ထွက်ပေါ်လာလေတော့သည်။

~ TBC

LYN 💚

အိမ်ရှေ့စံတို့ ပြီးတော့မှာမို့
ရှန်သခင်လေးတို့နောက်တစ်ပုဒ်ပါ။
ဘယ်လို plot ထွက်လာမလဲ ကတော့ ဒါဖတ်ရုံနဲ့ သိလောက်မယ်ထင်ပါတယ် ဟီး😁

ဆဲတာ၊အသုံးအနှုန်းလေးတွေရိုင်းစိုင်းတာမျိုး ပါနိုင်လို့ Mature on ထားလိုက်ပါတယ်။ Adult အခန်းတွေပါလို့ onတာမဟုတ်ပါ။

ဤfic သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ ပြင်ပ idol image ကို ထိခိုက်စေလိုခြင်း လုံးဝမရှိပါ။

Update လေးမကြာစေဖို့ကြိုးစားမှာမို့ ပါမောက္ခနဲ့လူဆိုးလေးတို့အား သဘောကျပေးကြဖို့ တောင်းဆိုရင်းးး 🥺

စာရေးသူအရစ်ရှည်ခြင်း ပြီးပါပြီ 😁💗

HOMEWhere stories live. Discover now