🏠 - 05

208 48 4
                                    

            " ကဲ  ဒီနေ့တော့ ...... "

             "ဒုန်း!!! "

ထယ်ရယ် စာသင်ဖို့ ပြင်မလို့လုပ်တုန်းမှာပဲ  အခန်းတံခါးစောင့်ဖွင့်သံကြောင့် ထယ်ရယ်အပါအဝင် အားလုံးအကြည့်တို့က တံခါးဝဆီရောက်သွားသည်။ ထပ်ပြီး ...ရစ်ခီရှန် ။ ရစ်ခီ က ထယ်ရယ့်ကို တစ်ချက်ကြည့်ပြီး သူ့နေရာသူ သွားထိုင်သည်။ ထယ်ရယ်ခေါင်းခါလိုက်ရင်း တွေးမိသည်။ လိမ္မာဖို့ပြောကြည့်လည်း လေကုန်တာပဲ အဖတ်တင်တယ် ....။

      တကယ်လို့ထယ်ရယ်သာ သေချာဂရုပြုကြည့်ခဲ့မယ်ဆိုရင် အရင်ကလွယ်အိတ်မယူတတ်တဲ့ ရစ်ခီရှန်က လွယ်အိတ်ယူလာပြီး အရင်က စာသင်ခုံပေါ် ခြေထောက်တင်ထိုင်တတ်သည့် ရစ်ခီရှန်က အဲနေ့တစ်ချိန်လုံး ခြေထောက်အောက်ချရင်း စာသင်တာကိုလိုက်ကြည့်နေတယ်ဆိုတာကို သတိပြုမိပါလိမ့်မည်။

          ထမင်းစားချိန် ရစ်ခီ စတော်ဘယ်ရီအရသာစုပ်လုံးတစ်လုံး ပါးစပ်ထဲထိုးထည့်ရင်း ပါမောက္ခကင်မ် အခြားအခန်းက အတန်းချိန်ပြီးလာမှာကို အခန်းအပြင်နံရံမှီကာ စောင့်နေမိသည်။ တခြားတော့မဟုတ်ပါဘူး ဟိုတစ်နေ့က ဟန်ယူဂျင်းလက်ထဲကို အရံဟင်းအိတ်သေချာထည့်ပေးလိုက်တယ်ဆိုတာ ပြောပြချင်လို့။ ထိုအချိန် လက်ကိုလာထိသော ဘက်စကတ်ဘော ဘောလုံး။ အသားနာသွားတာကြောင့် ဒေါသတို့က ထွက်လာရင်း ဘောလုံးလာရာဆီကြည့်မိတော့ အရင်ကငြိဖူးတဲ့ကောင်။ တမင်သတ်သတ်လုပ်မှန်းသိသာတာကြောင့်ဒေါသအလျောက်ဆွဲထိုးမယ်လုပ်ပြီးမှပါမောက္ခကင်မ်စကားပြန်ကြားမိတော့ စိတ်ပြန်လျော့ပြီး မသိချင်ယောင်ဆောင်ထားလိုက်သည်။

        "ဟေ့ ..... ရစ်ခီရှန်!  ဘောလုံးလေးပစ်ပေးစမ်း.... မင်းလည်း ရည်းစားက မေမေလေးနေရာရောက်လာလို့ထင်တယ်  အရင်လိုတောင်မစွာနိုင်တော့ဘူးနော် ..... ဘာလဲ မေမေလေးက လိမ္မာရင် သားဖို့ချည်းပဲတဲ့လား ..... ဟားးး ဟားးးး ဟားးးး"

      "ဒီခွေးမသားတွေ ......သတ္တိရှိရင် လိုက်ခဲ့  အခု .... "

ရစ်ခီ ထိုအကောင်အားပြေးကန်ပြီး ဂုတ်ကစွဲကာ ခေါင်မိုးထပ်ခေါ်သွားတော့သည်။


HOMEWhere stories live. Discover now