🏠 - 06

223 50 7
                                    

    ထယ်ရယ် လမ်းမှာနှုတ်ဆက်သမျှလူတို့အား ပြန်နှုတ်ဆက်ရင်း သူ့နေရာစားပွဲသို့ လျှောက်လာခဲ့သည်။ ထိုအခါ စားပွဲပေါ်၌တွေ့ရသော ကော်ဖီတစ်ခွက် ...။ Note လေးကပ်ထားတာမို့ ယူကြည့်တော့

       * ဒီနေ့က စပြီး ပါမောက္ခကင်မ်ရဲ့ မနက်စာ Coffee Time ကိုတာဝန်ယူပါမယ် *

ဆိုတဲ့စာလေးသာ။ ထိုစာရွက်ကို ကိုင်ရင်း ဘယ်သူပေးတာမှန်းမသိ၍ ဘေးဘက်လျှောက်ရှာကြည့်တော့  တံခါးဝက မြင်နေကျခေါင်းဖြူဖြူလေး။ ထယ်ရယ်က ဘာလဲဆိုသည့်သဘောနဲ့မေးငေါ့ပြတော့ သူဝယ်တိုက်တာပါဟု ပါးစပ်လှုပ်ရုံပြောပြလာသည်။ OK ဟု သူလက်ထောင်ပြလိုက်တော့မှ ထိုခေါင်းဖြူဖြူ​လေးပျောက်သွားလေသည်။
    
        လိမ္မာဖို့ကြိုးစားပါ့မယ်ပြောပြီးကတည်းက သူ့စကားသူတည်အောင်တော့ ကြိုးစားရှာသည်။ သို့ပေမဲ့ သူ့အိမ်တော့မပြန်ပဲနေလေသည်။ အိမ်လည်းမပြန်ပဲ သူ့မုန့်ဖိုးနဲ့ သူ့သူငယ်ချင်းမုန်ဖိုးစုကာ တိုက်ခန်းဝယ်ထားပြီးအဲမှာနေသည်ဟုပြောသည်။ သူ့အဖေနဲ့ဇနီးဖြစ်သူကတော့ ခရီးသွားနေ၍ သူအပြင်မှာနေတာ မသိသေးဘူးဟုပြောသည်။  အရင်ကလည်း ဒီပုံစံအတိုင်းဆို အိမ်ပြန်အိပ်ပုံမရလောက်ပေ။ ရန်ပွဲတွေလည်း သိပ်မကြားရတော့ပေ။ သို့သော် သူအရင်ကအနိုင်ကျင့်ခဲ့သမျှထဲက တစ်ချို့တွေက ပြန်ပြီးလာစတတ်သည်။ အဲအခါကျ နည်းနည်းပါးပါးတော့ ရန်ပွဲဖြစ်ပြီး ဒဏ်ရာရလာတတ်သေးသည်။
    
        ထယ်ရယ်နဲ့ ရင်းနှီးသွားတယ်လို့ထင်ရပြီး နောက်ပိုင်း ရစ်ခီရှန်က ထယ်ရယ့်အပြင် အိမ်ကမားနဲ့ပါရင်းနှီးလာသည်။ နောက်ပြီး ရင်းနှီးမှသိလာရတာ ရစ်ခီရှန်က မားအတွက်တော့ ချွဲတတ်သည့်ကြောင်လေးလိုပင်။ ထယ်ရယ်ကတော်ရုံစာအုပ်ကြီးသမားဆိုတော့ မားနဲ့ကီးမကိုက်ပေမဲ့  လုံးဝမထင်ရသည့် ကျောင်းလူဆိုးရစ်ခီရှန်က မားနဲ့ကီးကိုက်နေလေတော့သည်။

      ထယ်ရယ် အတွေးတို့နဲ့ ရယ်လိုက်ရင်း Note လေးအား စာအုပ်တစ်ခုအတွင်းမှာ သေချာပြန်ကပ်ထားလိုက်သည်။ ထို့နောက် Coffee တစ်ငုံသောက်ရင်း အတန်းချိန်မဝင်ခင် သင်ပေးရမည့်စာများ ပြန်ကြည့်နေလိုက်တော့သည်။





HOMEWhere stories live. Discover now