🏠 - 08

209 32 16
                                    

                 ခပ်သွက်သွက် လှမ်းလာတဲ့ ရစ်ခီရဲ့ ခြေလှမ်းတို့က တက်ကြွမှုအပြည့်။ ပါမောက္ခ ရုံးခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်တော့ အစ်ကိုက မရောက်သေးတာမို့ ရစ်ခီ မျက်မှောင်တို့ကျုံ့လိုက်မိသည်။အမြဲအချိန်အတိအကျရောက်တတ်သည့်သူက မရောက်သေးတာမို့တစ်ခုခုထူးဆန်းလို့နေသည်။  နေများမကောင်းလို့လားတွေးမိတော့ ခြေလှမ်းတို့က ကျောင်းအပြင်ပြန်ထွက်ဖို့ပြင်သည်။

         " နင်တို့ ငါ့ကိုလွှတ်စမ်း ... လွှတ်လို့ပြောနေတယ် .."

         "နင်ကလည်းဟာ ... ငါတို့ကအဖြေတောင်းရုံပဲဟာ ..."

        "ဘာအဖြေလဲ ... ငါမချစ်နိုင်ဘူးလို့ပြောပြီးသား..ငါ့မှာချစ်သူရှိတယ်...."

ပင်မဆောင်တွေနဲ့ဝေးတဲ့ လူသိပ်မရှိတဲ့အခန်းတွေရှေ့က အဖြတ် ထွက်လာတဲ့မိန်းကလေးအသံနဲ့တခြားအသံတွေကြောင့် ရစ်ခီခြေလှမ်းတို့ကနှေးလို့သွားသည်။ သို့ပေမဲ့ ကိုယ်နဲ့မဆိုင်တာ မပါဖို့ဆုံးဖြတ်လိုက်ပြီး ရှေ့သို့ဆက်ရန်ခြေလှမ်းအလှမ်း ....

       "ရစ်ခီ ငါ့ကိုကယ်ပါအုံး .... "

အခန်းထဲက သူ့နာမည်လှမ်းခေါ်သံကြောင့် လှမ်းမည့်ခြေလှမ်းတို့ကို ရပ်လိုက်ရပြန်သည်။ ထို့နောက်  ခပ်ဟဟဖြစ်နေတဲ့ တံခါးကိုဖွင့်လိုက်တော့ ...ကောင်မလေးတစ်ယောက်။ သေချာပြောရမည်ဆို ဟိုတစ်ခါက သူ့ဘေးနားလာထိုင်ပြီး အခုရက်ပိုင်းသူ့နားချည်းကပ်နေသည့် ကောင်မလေး။  ထိုကောင်မလေးကို ချုပ်ကာထားသည့်ဂန်မင်ဆော့ နဲ့ သူ့ဘေးကသူငယ်ချင်းတွေ။ ဒီကောင်တွေနဲ့ပဲတွေ့ပြန်ပြီ။

         "မဟုတ်မှ နင့်ချစ်သူက ရစ်ခီရှန်တော့ မဟုတ်ဘူးမလား ဟားး ဟားး ဟားးး "

ဂန်မင်ဆော့ရဲ့အပြောနဲ့အရယ်ကြားက ထိုကောင်မလေးက ရုန်းထွက်လာပြီး ရစ်ခီရှန် နောက်ပြေးရပ်ကာ လက်မောင်းကို ဖက်တွယ်လာလို့သည်။ထို့နောက် ....

       "ဟုတ်တယ် ငါ့ချစ်သူက ရစ်ခီပဲ .... "

       "မင်းဘာပြောတာလဲ ..... "

ထိုကောင်မလေးစကားကြောင့် ရှေ့က ဂန်မင်ဆော့တို့ခနငြိမ်သွားသလို ရစ်ခီကလည်း  ထိုလက်တို့အားပုတ်ချကာ  ဒေါသတကြီး မေးလိုက်သည်။  ထိုကောင်မလေးက ပုတ်ချလိုက်သည့်လက်တို့အား ပြန်လည်ကာဖက်တွယ်ရင်း ရစ်ခီ့အား.မော့ကြည့်ကာ..

HOMEWhere stories live. Discover now