🏠 - 13

277 38 4
                                    

           တည်ငြိမ်အေးချမ်းပြီလို့ ထင်လိုက်ခါမှ တစ်ခုသောညနေခင်းမှာ ရစ်ခီ့ရဲ့ ပင်လယ်ပြင်ကို လှိုင်းထမ်းပိုးတစ်ခုရိုက်ခတ်လို့လာသည်။ အဲနေ့ညနေက အစ်ကိုက ညစာအတွက်ပြင်ပေးလို့နေပြီး ရစ်ခီကတော့ မာမီ အိပ်ရာထက်မလဲခင် အရင်တုန်းက ပေးခဲ့သည့် ဖိုင်တစ်ချို့ကိုပြန်ကြည့်နေတဲ့အချိန်ပင်။ ထိုအချိန် တံခါးခေါက်သံကြောင့် ရစ်ခီနဲ့ ထမင်းစားခန်းက အစ်ကိုတို့ အကြည့်ချင်းဆုံသွားရသည်။ ဘယ်သူမှလာစရာ မရှိတာကို ....ဗင်းတို့များလား ...။ ရစ်ခီ တံခါးသွားဖွင့်ပေးလိုက်တယ်ဆိုရင်ပဲ  ....

          " ခွပ် !!!!!"

အရှိန်နဲ့ အထိုးခံရလို့ လည်ထွက်သွားသည့် မျက်နှာနဲ့ ခန္ဓာကိုယ်....။

         အသံဗလံတို့ကြောင့် ...ထယ်ရယ် ထမင်းစားခန်းထဲက ထွက်လာတော့ ကြမ်းပြင်ထက်လဲနေရာက ကုန်းထနေသည့် ရစ်ခီနဲ့ ရှေ့က လူတစ်ယောက်ကိုမြင်လိုက်တဲ့အချိန်  ထယ်ရယ် မျက်ဝန်းတို့ ဝိုင်းစက်လို့သွားသည်။

         "ပါးးးးး .... "

ထယ်ရယ့်ခေါ်သံကြောင့် ပါးက သူ့ဆီလာပြီး လက်နှစ်ဖက်ကိုဆွဲယူကာ.....

        "သား .... အဆင်ပြေရဲ့လား ... ပါးတို့က လိုက်ရှာနေတာ .. ...သားပျောက်သွားကတည်းက....သားအမေဆို အိပ်ရာထဲ လဲတဲ့အထိပဲ သားရယ် ... အခု ပြန်ကြရအောင် ...အဖေ ရဲပါခေါ်လာတာမို့ သားကိုအတင်းခေါ်သွားတဲ့ ဒီကောင့်အတွက် မပူနဲ့ တစ်ခါတည်း အချုပ်ထဲ ထည့်ခိုင်းလိုက်မယ် .. "

ပါးက ထယ်ရယ့်လက်ကို ဆွဲကာ ပြောပြီး ခေါ်ဖို့လုပ်သည်။ ထိုအချိန် နောက်ကဝင်ချလာသော ရဲတို့က ရစ်ခီ့ ဆီဦးတည်နေတာမို့ ... ထယ်ရယ် ပါး ကိုင်ထားသည့်လက်ကို အသာ ဖြုတ်လိုက်ကာ ပါးရှေ့ဒူးထောက်ထိုင်ချလိုက်သည်။

           "သား ...ထယ်ရယ် ...."

            "အစ်ကို!! ..... "

ပါးဆီကရော ရစ်ခီ့ဆီကပါ ခေါ်သံထွက်လာသည်။ ထယ်ရယ်က ပါးကိုကြည့်ရင်း ....

          "သား တောင်းပန်ပါတယ်  ပါးးး ရစ်ခီက သားကို အတင်းခေါ်လာတာမဟုတ်ဘဲ ကျွန်တော် ကိုယ်တိုင်က  ကျေကျေနပ်နပ်လိုက်လာခဲ့တာပါ ...."

HOMEWhere stories live. Discover now