အပိုင်း ငါး

1.4K 156 2
                                    

"ဟိုရှေ့နားလေးမှာ ရပ်ပေးပါဗျ..."

ဂျောင်ဟန် အိမ်ရှေ့နားမှာပဲ ကားရပ်ခိုင်းလိုက်တယ်။ အိမ်ကဟိုသားအဖမြင်လို့မဖြစ်သေးဘူး။

ဂျောင်ဟန်က "‌ကျေးဇူးအများကြီးတင်ပါတယ် ကိုကို..."

"ကျေးဇူးတင်ရင် ဖုန်းဆက်....ကိုယ်သွားပြီ ကောင်လေး"ဆိုပြီး မောင်းထွက်သွားတဲ့ကားလေး။

ဟင် ဖုန်းဆက်လို့ ပြောလိုက်တာမလား။ ဟီး ဟီး ဟုတ်ကဲ့လို့တောင် မပြောလိုက်ရဘူးဘဲ။ ဘာပဲပြောပြော ဒီနေ့ဖုန်းနံပါတ်ရခဲ့တာ တန်လိုက်တာ။

အယ် ဒါနဲ့ မီဆိုးလ်နဲ့ဒေးဗစ်ကိုမေ့နေတာ။ ဖုန်းဆက်ရအုံးမယ်။

"ယွန်းဂျောင်ဟန်...နင်ဘယ်မှာလဲ"

အာ လာ လာ...လော်စပီကာထက်တောင် ကျယ်တဲ့ မီဆိုးလ်ရဲ့ အသံကြီးထွက်လာတာပဲ။

ဂျောင်ဟန်က "ဟိုလေ ငါ ကိစ္စလေးရှိလို့ အရင်ပြန်နှင့်လိုက်တာ ငါ့ကားကို နင်တို့ယူထားပေးလို့ရမလား ဟီး ဒေးဗစ်ကို ‌မောင်းခိုင်းလိုက်နော် သူငယ်ချင်းလေး....ဒါပဲ ဒါပဲ...."

"ဘာ....ယွန်းဂျောင်ဟန်...ဟဲလို"
"ဒီကောင်လေးကတော့ ဘာတွေလုပ်နေတာလဲမသိဘူး..."

ဒေးဗစ်က "နင်ကလည်း အမေကြီးကျနေတာပဲ ဂျောင်ဟန်က ကိစ္စရှိလို့နေမှာပေါ့...ငါတို့လည်ူ ပြန်ရအောင်ပါ..."

မီဆိုးလ်က "နင်မသိပါဘူး ဒေးဗစ်ရယ် ငါက သူ့ကိုမြင်ကတည်းက ငါ့သားလေးလို စောင့်ရှောက်ပေးမှာလို့ ဆုံးဖြတ်ထားတာ...ကျောင်းရောက်မှ တွေ့အုံးမယ်..."

___________________

ယွန်းဂျောင်ဟန် ဖုန်းကိုထိုင်ကြည့်နေမိတာများ မသိရင် ဖုန်းထဲက တစ်ခုခု ထွက်လာတော့မယ့်အတိုင်း။

ဖုန်းဆက်လို့ ပြောသွားပေမယ့် ဘယ်အချိန်ဆက်လို့ မပြောသွားဘူးလေ။ ဆက်လိုက်မှ မအားရင်ဘယ်လိုလုပ်မလဲ။ သူက အနှောင့်အယှက်တော့မဖြစ်ချင်ပါဘူး။

ဒါပေမယ့်လည်း ဒီလောက်အချိန်ဆို အလုပ်ပြီးလောက်ပါပြီနော်။ ခေါ်ကြည့်ရမလား။ ခေါ်ကြည့်မယ်။ ဖိုက်တင်း ယွန်းဂျောင်ဟန်။ အော်ထုတ်ခံရလည်း မျက်နှာမမြင်ရဘူး။ အသံပဲကြားရမှာလေ။

တူ.....တူ....တူ

ကိုင်ပါ့မလား စိတ်လှုပ်ရှားရင်း စောင့်နေရတာ အကြာကြီးလိုပဲ။

နောက်ဆုံး ဖုန်းကျခါနီးကျမှ....

"ဟဲလို..."

ဘုရား ဘုရား။ အပြင်မှာကြားရတာထက် ဖုန်းထဲက deep voiceကြီးက  တကယ်ပဲ ခြေဖျားလက်ဖျားအေးစေတယ်။

ဂျောင်ဟန်က "ဟဲလို....ကျွန်တော်ပါ ဂျောင်ဟန်နီး..."

တစ်ဖက်မှ "အင်း....ကိုယ်သိတယ်"

အမ်....သိ‌တယ်ဆိုတော့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးရမှာလား။ တကယ်ပဲ လူကို လမ်းပျောက်စေတယ်နော်။

ဂျောင်ဟန်က "ကျွန်တော်ဖုန်းဆက်တာ အနှောင့်အယှက်ဖြစ်သွားလားဟင်..."

တစ်ဖက်မှ "အင်း ကိုယ်မအားသေးပေမယ့် ကောင်လေးဆိုတော့လည်း ရပါတယ်"

ဒါက ဘာသဘောလဲဟင်။ ကောင်းတာလား။မကောင်းတာလား။

ဂျောင်ဟန်က "တောင်းပန်ပါတယ်....ကျွန်တော်က အလုပ်အားပြီ ထင်လိုက်လို့...အလုပ်ဆက်လုပ်ပါဗျ ဖုန်းချလိုက်တော့မယ်နော်..."

တစ်ဖက်မှ "ယွန်းဂျောင်ဟန်..."

ဂျောင်ဟန် လန့်သွားပြီး ဖုန်းကိုဆုပ်ကိုင်ထားမိတယ်။ သူ့နာမည်ခေါ်တာ ပထမဆုံးပဲ။

"Sprayက လူကြီးလည်း သုံးလို့ရတယ်တဲ့။ ကိုယ်မေးခဲ့ပြီးပြီ။ ပြီးတော့ ကိုယ်ဒီလိုပြောတာမင်းသဘောကျပါ့မလားမသိပေမယ့် မင်းလို ဖွံ့ဖြိုးစအရွယ်လေးတွေက ဒီအချိန်ထိ မနေသင့်ဘူး။ ကိုယ့်ကို ဖုန်းဆက်ချင်ရင် ၈နာရီကနေ ၉နာရီအထိက ကိုယ့်အနားယူချိန်....အဲ့အချိန်ဆက်လို့ရတယ်....ဟုတ်ပြီလား"

ဒီလို လေသံအေးအေးလေးနဲ့ ဆုံးမတာက လူကို တကယ်ပဲ အရမ်းနားထောင်ချင်စိတ် ဖြစ်မိစေတယ်နော်။ နောက်နေ့ကစပြီး ယွန်းဂျောင်ဟန်တို့ ၁၀နာရီဆို အိပ်ပါပြီ။

-----------------------------------------------------------

Note// တိုသွားပေမယ့် ညကျ တင်ပေးဖို့မသေချာလို့ ဒါလေးအရင်‌တင်ပေးလိုက်တယ်နော်

ဖတ်ပေးလို့ ကျေးဇူးပါရှင်

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Место, где живут истории. Откройте их для себя