"ဒီအခန်းမှာ မင်းနေလို့ရတယ်....ဒီလိုဖြစ်မယ်မှန်းမသိတော့ ဘာမှမပြင်ဆင်ထားရဘူး...မနက်ကျရင် မင်းစိတ်တိုင်းကျလုပ်ပေးမယ်..."
ယွန်းဂျောင်ဟန် အသာအယာပဲ ခေါင်းလေးညိမ့်ပြလိုက်တယ်။
"ကိုယ့်အခန်းက ဘေးမှာပဲ....အဟွန်း တစ်ယောက်တည်း မအိပ်ရဲရင်တော့ တံခါးခေါက်လိုက်ပေါ့...."
ယွန်းဂျောင်ဟန် ရှက်ရှက်နဲ့ပဲ တွန်းထုတ်ပစ်လိုက်တယ်။
"ဘယ်သူက တစ်ယောက်တည်းမအိပ်ရဲမှာလဲ...ကိုယ့်အခန်းကို သွားအိပ်တော့"
ချွဲဆွန်းချောက ပြုံးလျက်.....
"ကောင်းသောညပါ ဘယ်ရီ"
ဂျောင်ဟန် စိတ်ထဲကနေ ပြန်ပြောလိုက်မိတယ်။
"ဒီညကစပြီး ကောင်းတဲ့ညတွေပဲ ဖြစ်ချင်ပါတယ်..."လို့။
______________
မနက်ရောက်သော်......
ယွန်းဂျောင်ဟန် အိပ်ရာနိုးတာနဲ့ ကိုယ်လက်သန့်စင်ပြီး အောက်ဆင်းလာခဲ့တယ်။ တစ်အိမ်လုံး တိတ်ဆိတ်နေတာပဲ။
"သခင်လေး နိုးပြီလား..."
ရုတ်တရက်ကြားရတဲ့ အသံကြောင့် ဂျောင်ဟန်လန့်သွားတယ်။
"ဘယ်သူလဲဟင်"
"အဒေါ်လီလို့ ခေါ်လို့ရပါတယ် သခင်လေး....မနက်စာ ဘာပြင်ပေးရမလဲဟင်"
"အဆင်ပြေတာ ဘာဖြစ်ဖြစ်ရပါတယ်...ဒါနဲ့ ဥက္ကဌချွဲရောဟင်"
"သခင်ကြီးက မနက်စောစောဆို အားကစားအခန်းထဲမှာ ရှိပါလိမ့်မယ်..."
ယွန်းဂျောင်ဟန် ပိစိလေးစိတ်ဝင်စားသွားပြီ။
"ဒါဆို ဘယ်နားမှာလဲဟင်"
"ဒုတိယအထပ်က ညာဘက်ထောင့်ဆုံးအခန်းပါရှင်....သခင်လေးတက်သွားလို့ရပါတယ်...ကျွန်မ မနက်စာပြင်ထားလိုက်ပါမယ်"
ဂျောင်ဟန် ခေါင်းညိမ့်ပြပြီး အပေါ်ထပ် ပြန်တက်လာခဲ့လိုက်တယ်။ လေ့ကျင့်ခန်းလုပ်နေတာဆိုတော့ ဟီး ဆစ်ပတ်တွေဘာတွေများ မြင်ရလောက်လား။
အတွေးနဲ့ ဖြည်းဖြည်းချင်း တံခါးဆွဲဖွင့်လိုက်ပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပြောစရာတောင် ပျောက်သွားတယ်။
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~