အပိုင်း ဆယ့်လေး

1.3K 129 3
                                    

ယွန်းဆူယော့ သေချင်စိတ်ပေါက်နေပြီ။ သူဆက်တိုက်ရှုံးနေတာ။ ယူထားသမျှ အကုန် ကုန်သွားပြီ။ သူဘယ်လိုဆက်လုပ်ရတော့မလဲ။

"ခင်ဗျားရဲ့ ကံတွေကုန်သွားပြီထင်တယ်...ဘယ်လိုလဲ ဆက်ကစားအုံးမှာလား"

ယွန်း‌ဆူယော့ အောင့်သက်သက်နဲ့ပဲ ပြန်ဖြေလိုက်ရတယ်။

"ဒီလောက်နဲ့ပဲ တော်ကြတာပေါ့"

"ကောင်းပါပြီ....ကျွန်တော်တစ်ခုလောက်တော့ သတိပေးလိုက်ရအုံးမယ်"

"ဘာလဲ"

"စာချုပ်မှာ လက်မှတ်ထိုးထားတာ မမေ့နဲ့အုံး...တစ်လအတွင်း ပြန်ဆပ်ရမှာနော်"

ယွန်းဆူယော့ ရင်ထဲတင်းကြပ်‌နေလို့ ပြန်တောင် မပြောနိုင်တော့ဘူး။ ဒီငွေတွေကို တစ်လအတွင်း ဘယ်လိုသွားရှာရမလဲ။ ဒီရက်ပိုင်းထဲ ပရောဂျက်ကလည်း စရတော့မှာ။ ပရောဂျက်စဖို့ထုတ်ထားတဲ့ ငွေတွေပါမရှိတော့ဘူးလေ။ အခု ဘယ်လိုလုပ်ရတော့မလဲ။

__________

"စီစဉ်ထားတဲ့အတိုင်း ပြီးသွားပါပြီ ဥက္ကဌချွဲ"

"ကောင်းပြီ"

ချွဲဆွန်းချော ဖုန်းချလိုက်ပြီး ဘေးနားကအိပ်ပျော်နေတဲ့ ကောင်လေးကို ငုံ့ကြည့်မိတယ်။ မျက်နှာရှင်းရှင်းလေးက အေးချမ်းလွန်းလို့ အစိတ်အပိုင်းလေးတစ်ခုချင်းစီ ဖွဖွလေး လိုက်တို့ထိမိတယ်။

ဒီကောင်လေးဆီ ဒီထက်ပိုပြီး နစ်ဝင်ချင်နေမိပြီ။

______________

အွန်းခနဲ အားခနဲ လုပ်ပြီး ယွန်းဂျောင်ဟန်နိုးလာတော့မှ ဘေးကိုကြည့်မိတယ်။ အခန်းထဲအိပ်ပျော်သွားတာပါ။ ကားပေါ်ရောက်နေပြီလား။

"နိုးပြီလား...."

"ဟုတ်...ဘယ်သွားနေတာလဲ"

"မင်းကို အိမ်ပြန်ပို့ပေးမလို့လေ"

"ဟုတ်...အာ...ဒါနဲ့ ယွန်းဆူယော့က..."

"စီစဉ်ထားတဲ့အတိုင်းပဲ ဘာမှပူစရာမရှိဘူး"

"ကောင်းတာပေါ့"

"ဘယ်ရီ့ကို ကျေးဇူးတင်တယ်နော်...ကိုယ်က ဘာဆုချရမလဲ ပြော..."

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now