"ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့....ဒါက တကယ် အမြတ်အစွန်းများများရနိုင်မှာ...တော်ပါသေးတယ် ဆွန်းချောအိုပါးက ကူညီပြီး ရင်းနှီးမြှုပ်နှံပေးလို့..."
"ဥက္ကဌချွဲလို့ပဲ ခေါ်ပေးပါ ဥက္ကဌဟန်....ပြီးတော့ ကျုပ်အတွက်လည်း အကျိုးအမြတ်ရှိတဲ့လုပ်ငန်းမို့ ရင်းနှီးမြုပ်နှံတာပါ....အထွေအထူးမရှိပါဘူး..."
"ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ကျေးဇူးတင်ရမှာပဲ....ဒါနဲ့ နေ့လည်စာစားချိန်တောင် ကျော်နေပြီကို အိုပါး....အဲ...ဥက္ကဌချွဲ နေ့လည်စာမစားရသေးရင် ကျွန်မဝယ်ကျွေးပါ့မယ်...သွားစားကြရအောင်လေ"
ချွဲဆွန်းချော ငြင်းလိုက်ချင်ပေမယ့် မိန်းကလေးတစ်ယောက်ကို အနေရမခက်စေချင်တာကြောင့်....
"ကောင်းပြီလေ...အတွင်းရေးမှူးပတ်ပါ တစ်ခါတည်းလိုက်စားလိုက်ပါ..."
ဟန်မီယောင်း မကျေမနပ်ဖြစ်သွားရပေမယ့် အောင့်သက်သက်နဲ့ပဲ ခေါင်းညိမ့်လိုက်ရတယ်။
ချွဲဆွန်းချော တံခါးဝကနေ ထွက်လိုက်တဲ့အချိန်မှာ ရလိုက်တဲ့ တိုးဖျော့ဖျော့ နို့စတော်ဘယ်ရီနံ့လေးကြောင့် လိုက်ရှာမိတော့ ရုံးခန်းရှေ့မှာ ထိုင်နေတဲ့ ဘယ်ရီ့ကို တွေ့လိုက်ရတယ်။
သူ့မျက်လုံးတွေ မှားမြင်နေတာတော့ မဟုတ်ဘူးမလား။ တကယ်ပဲ သူ့ဘယ်ရီလေးက သူ့ဆီလာတယ်လား။
"ယွန်းဘယ်ရီ..."
ဂျောင်ဟန် တံခါးဝက ထွက်လာတဲ့သူတွေကို ကြည့်ပြီး အတွေးများနေရင်း ခေါ်သံကြောင့်
သတိပြန်ကပ်သွားရတယ်။"ဘယ်ရီက ဒီကို ဘာကိစ္စရှိလို့လဲ...ကိုယ့်ဆီလာတာလား..."
အနားကို လျှောက်လာရင်း မေးလာတဲ့သူကို ကြည့်ပြီး ဘာပြန်ပြောရမလဲ စဉ်းစားနေတုန်း
"ဥက္ကဌချွဲ....ဒီကလေးက ဘယ်သူလဲ"
ဟန်မီယောင်း က မေးလိုက်တယ်။
ချွဲဆွန်းချောက ပြန်ဖြေဖို့ စိတ်ကူးမရှိဘဲ ဂျောင်ဟန်မျက်နှာကိုပဲ ကြည့်နေတာကြောင့်....
"ကျွန်တော် ကိုကို့ဆီလာတာ...ကိစ္စရှိလို့တော့ ဟုတ်ဘူးရယ်...ဒီနားရောက်လို့ ဝင်ကြည့်တာ...ကိုကို မအားမှန်းမသိလိုက်ဘူးရော"
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~