Part-2🐰🐻

629 41 3
                                    

Unicode

"ဟူး....အမလေးမောလိုက်တာ... ငါဉာဏ်ကောင်းလို့တော်သေးတယ် နောက်မို့ဆို မလွယ်ဘူး..."

ထယ်ယောင်းမှာ အမောဖြေယုံရှိသေး သူ့ဆိုင်မန်နေဂျာ ရောက်လာပြီး သူ့ကိုစူတော့သည်။

"ဟဲ့ ထယ်ယောင်း နင်ဘယ်တွေလျှောက်သွားနေတာလည်း အလုပ်ချိန်ကြီးကို..."

"ကျွန်တော် ဘယ်မှ မသွားပါဘူး အဝတ်အစားဝယ်ချင်လို့ အပေါ်ထပ်မှာ သွားကြည့်တာပါ..."

"ဒီအချိန်က အလုပ်ချိန်လေ နင်အလေနက်တော လျှောက်သွားရမဲ့အချိန်မဟုတ်ဘူး..."

ထယ်ယောင်း မှာ ဆိုင်မန်နေဂျာပြောတော့ သူ့နာရီကိုငုံ့ကြည့်လိုက်သည်။

"2မိနစ်လောက်ပဲစွန်းတာပါ ကျွန်တော်သွားတာက ထမင်းစားနားတဲ့အချိန်သွားတာ အခုပြန်ရောက်ပြီပဲ..."

"2မိနစ်လည်း 2မိနစ်ပဲ ထမင်းစားချိန်သွားတယ်ဆိုလည်း အဲ့အချိန်အမှီပြန်လာခဲ့ပေါ့ အခုဟာက အလုပ်ချိန်ဖြစ်နေပြီ..."

"ဟုတ်ကဲ့ နောက်မဖြစ်စေရပါဘူး..."

"နင့်ကိုပြောလိုက်ရင် အဲ့အတိုင်းကြီးပဲ....နောက်တစ်ခါဆိုနင်မလွယ်ဘူးမှတ်..."

ထယ်ယောင်း သူ2မိနစ်နောက်ကြသွားသည့်အတွက် ခွန့်တုံ့ပြန်ပြီး ပြန်မပြောတော့ ငြိမ်ပြီးပဲနားထောင်နေလိုက်သည်။

ဝယ်သူတွေကြလာ၍ ထယ်ယောင်းမှာ ဟိုဘက်ပြေးဒီဘက်ပြေးနဲ့ ဝယ်သူတွေကိုလိုက်ပြပေးနေသည်။

ဂျောင်ဂုနဲ့ ယွန်းဂီလည်း အိမ်ပြန်ဖို့အောက်ထပ်ကို ဆင်းလာရင်း ဆိုင်တစ်ဆိုင်ရှေ့အရောက် ဟိုဘက်ပြေး ဒီဘက်ပြေးနဲ့ စျေးဝယ်သူတွေကို လိုက်ပြပေးနေတဲ့ ထယ်ယောင်းကိုမြင်သွားသည်။

"ဟင်....ဟိုကောင်လေးပါလား....ယွန်းဂီ ငါပြောတာ အဲ့ဒီကောင်လေးလေ... "

ယွန်းဂီလည်း ဂျောင်ဂုပြတဲ့စီ ကြည့်လိုက်သည်။

"အဲ့ကောင်လေးလား.... မင်းဟာကလည်းကွာ ငယ်ငယ်လေးရှိသေးတယ်....ဖြစ်ပါ့မလား..."

"ဖြစ်တာပေါ့ကွ.... ဘာလို့မဖြစ်ရမှာလည်း ငါတကယ် အဲ့ကောင်လေးကိုစိတ်ဝင်စားနေပြီ...."

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now