Part-3🐰🐻

475 43 2
                                    

Unicode

ထယ်ယောင်းမှာ အလုပ်မရှိတော့၍ အိမ်တွင်းပဲ အောင်းနေလိုက်သည်။ စိတ်ထဲက လည်း လက်ဆောင်ပစ္စည်း ပို့တဲ့လူကိုကျိန်ဆဲနေမိသည်။

!ဒင်းကြောင့် ငါအလုပ်ပြုတ်တာ ငါ့ကိုဘာကိစ္စ အဲ့လက်ဆောင်တွေပို့ပို့နေလည်း မသိဘူး ငါမရရအောင်စုံစမ်းပြီး ရန်ကိုသွားတွေ့ဦးမှာ...!

"မြေးလေးရေ ဧည့်သည်ရောက်နေတယ်...ထွက်ခဲ့ပါဦး..."

ထယ်ယောင်းတစ်ယောက် သူ့အဘွားခေါ်သံကြား၍ အခန်းထဲမှ ထွက်လာသည်။

"ဘယ်သူလည်းအဘွား..."

ထယ်ယောင်းတစ်ယောက် ဂျက်စ်ကို မြင်တော့ ဒေါသတစ်ကြီးနဲ့ ဂျက်စ်နားကိုသွားကာ။

"ခင်ဗျား ဘာလာလုပ်ပြန်တာလည်း.. "

"လက်ဆောင်လာပို့တာပါ.."

"ဘယ်သူက ဒီလက်ဆောင်တွေယူချင်တယ်ပြောလို့ လာလာပို့နေတာလည်း...ခင်ဗျားတို့လက်ဆောင်တွေအကုန်ပြန်ယူသွား... ခင်ဗျားတို့ လာပို့တဲ့လက်ဆောင်တွေကြောင့် ကျွန်တော်အပြောအဆိုခံရပြီး သူများအထင်အမြင်သေးခံရတာ.... ဘာတစ်ခုမှ မယူချင်ဘူး အကုန်ပြန်ယူသွား...နောက်ဘယ်တော့မှလာမပို့နဲ့ လာပို့လို့ကတော့ ခင်ဗျားကို ရိုက်ထုတ်ပြစ်မှာ..."

"ဟို....ကျွန်တော်နဲ့မဆိုင်ပါဘူးဗျာ....ကျွန်တော်က လူကြုံပို့ခိုင်းလို့ပို့ပေးရတာပါ.."

"လူကြုံလည်းလာမပို့နဲ့ ၊ ခင်ဗျားကိုပို့ခိုင်းတဲ့လူကိုလည်းပြောလိုက် နောက်တစ်ခါဆို ကျွန်တော် တကယ်ရိုက်ထုတ်တော့မှာလို့....လူကို ဒေါသထွက်အောင် လာလာစွနေကြတယ် ကိုယ့်ဘာကိုယ်အေးဆေးနေလည်းမနေရဘူး.... ခင်ဗျားတို့ပစ္စည်းဘယ်လောက်အဖိုးတန်တန်ကျွန်တော်မမက်မောဘူး ကျွန်တော်မက်မောတာ ကျွန်တော့်ဂုဏ်သိခ္ခါပဲ.... ဒီပစ္စည်းတွေက ကျွန်တော့်ဂုဏ်သိခ္ခါလောက် တန်ဖိုးမရှိဘူး..."

ဂျက်စ်မှာထယ်ယောင်းပြောတော့ မျက်နှာငယ်လေးနှင့်နားထောင်နေသည်။

"ခင်ဗျားပြန်တော့ ဒီပစ္စည်းတွေပါအကုန်ပြန်ယူသွားကျွန်တော့်မျက်စိရှေ့မမြင်ချင်ဘူး.."

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now