Part-5🐰🐻🚨

1.1K 42 2
                                    

Unicode

!ဟွန်း အမြင်ကပ်စရာလူကြီး ငါ့ကို မရခင်ကကြတော့ ကလေး ကလေးနဲ့ ငါလိုအပ်တာတွေဖြည့်စည်းပေးပြီး အခု ရပြီးခါကြမှ ငါ့ကို ဂျောင်ထိုးထားချင်တယ် တွေ့မယ် ငါနဲ့၊ ထယ်ယောင်းအကြောင်း ဘာဆိုတာ ပြပေးမယ်....!

ထယ်ယောင်းလည်းတွေးလက်စ အ​တွေး ကို ရပ်တန့်လိုက်သည်။

ဂျောင်ဂုနိုးလာတော့ ထယ်ယောင်းကိုမတွေ့ အောက်ထပ်မှာလားလို့ လိုက်ရှာပြန်တော့ မရှိပြန်
ဂျောင်ဂု စိတ်ပူလို့ သွားသည်။

"အိမ်တော်ထိန်း.... အိမ်တော်ထိန်း..."

အိမ်တော်ထိန်းမှာ ဂျောင်ဂုခေါ်သံကြား၍ ချက်ချင်းပြေးလာတော့သည်။

"သခင်ကြီး ဘာကိစ္စရှိလို့လည်း..."

"မင်းတို့ သခင်လေး ဘယ်မှာလည်း တွေ့မိကြသေးလား..."

"သခင်လေးက ခြံထဲမှာလေ သခင်ကြီးရဲ့ နှင်းဆီပင်တွေစိုက်ချင်တယ်ဆိုပြီး ခြံထဲမှာ နှင်းဆီပင်တွေစိုက်နေတယ်..."

ဂျောင်ဂုတစ်ယောက် အိမ်တော်ထိန်းစကားအဆုံး ခြံထဲ ပြေးထွက်သွားသည်။

ထယ်ယောင်းမှာ ခြံထဲက အလုပ်သမားတစ်ချို့နဲ့ သူ့နှင်းဆီပင်လေးတွေကိုနေရာချကာ စိုက်နေသည်။

"ကလေး အဲ့မှာဘာလုပ်နေတာလည်း..."

ဂျောင်ဂုအသံကြားတော့ ထယ်ယောင်းလှည့်ကြည့်လိုက်သည်။ ပြီးနောက် သူ့စိုက်လက်စရှိတဲ့နှင်းဆီပင်တွေကိုပြန်စိုက်နေသည်။

"ကလေး ကိုယ်မေးနေတယ်လေ အဲ့မှာ ဘာလုပ်နေတာလည်းလို့..."

နောက်တစ်ခါထပ်မေးမှ မဖြေချင်ဖြေချင်နဲ့ ဖြေတော့သည်။

"ဘာလုပ်နေလည်း မမြင်ဘူးလား ခင်ဗျားက
မျက်လုံး မပါလာလို့လား..."

"ကလေးကွာ ကိုယ့်ကို ကန့်လန့်တိုက်တဲ့ စကားတွေပြောနေတယ် ကလေးဘာလုပ်နေလည်းတော့သိတာပေါ့ ဒါပင်မဲ့ နေတွေပူနေပြီလေ ကလေးရယ် ဖျားနာနေမှာပေါ့ အဲ့ဒါတွေထားခဲ့လိုက် အခု အိမ်ထဲပြန်ဝင်..."

ထယ်ယောင်း သူ့ကိုအမိန့်ပေးနေသလိုပြောနေတဲ့ ဂျောင်ဂုကို စိတ်တိုတိုနဲ့ ပြန်မော့ကြည့်ကာပြော လိုက်သည်။

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now