Part-8

366 25 2
                                    

Unicode

ညနေဂျောင်ဂုပြန်ရောက် တော့ ထယ်ယောင်းမှာအပြေးလေးထွက်ကြိုသည်။ ဂျောင်ဂုနဲ့အတူ မိန်းမတစ်ယောက်ပါလာတာမြင်တော့ ထယ်ယောင်း မျက်နှာ ပျက်သွားသည်။ ဂျောင်ဂုကတော့ သူ့ကိုပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်ကာ ပါးလေးတောင် လှမ်းနမ်းလိုက်သေးးသည်။

"ကလေး ကလေးကို ကိုယ်မိတ်ဆက်ပေးရဦးမယ်...ဒါကိုယ့်သူငယ်ချင်း စောယွန်းတဲ့ သူက USကနေဒီကိုအလည်လာတာ အခုကိုယ်တို့အိမ်မှာတည်းမှာ..."

ပြုံးပြုံးရွှင်ရွှင်နဲ့ ဂျောင်ဂုကမိတ်ဆက်ပေးနေပင်မဲ့ ထယ်ယောင်းမှာတော့မပြုံးနိုင်။ စောယွန်းဆိုတဲ့မိန်းမကို သေချာအကဲခက်ကြည့်နေ သည်။ ထိုမိန်းမပုံစံက အနောက်တိုင်းအရမ်းဆန်ပြီး သူ့ကိုကြည့်တဲ့အကြည့်တွေက မနာလိုမုန်းတီးတဲ့ အရိပ်အယောင်တွေတွေ့နေရသည်။ထို့ကြောင့်ထယ်ယောင်းသဘောမကျပါ....။

"အင်း....အဲ့တော့...ကျွန်တော်က ဘာလုပ်ပေးရမှာလဲ.."

ထယ်ယောင်းခက်တည်တည်နဲ့ပြောလိုက်တော့ ဂျောင်ဂုရော စောယွန်းပါ ထယ်ယောင်းကိုလှမ်းကြည့် သည်။

"ကလေး...ဘယ်လိုကြီး ပြောလိုက်တာလည်း.."

"ဘာကိုဘယ်လိုပြောနေလို့လည်း ၊ဒီက အမက ကျွန်တော်တို့အိမ်မှာတည်းမယ်ဆိုလို့ ကျွန်တော် ဘာလုပ်ပေးရမလဲ ပြောတာလေ ဘာအမှားပါသွားလို့လည်း...ကိုယ့်အိမ်မှာတည်းမဲ့ ဧည့်သည်ကို ကျွန်တော်က ဧည့်ဝတ်ကျေ ခြင်လို့ပြောတဲ့ဟာကို..."

စောယွန်းကလည်း ထယ်ယောင်းသူ့ကိုမလိုလားမှန်းသိ၍ အရွဲ့တိုက်ချင်လာသည်။

"ဟုတ်သားပဲ ဂျောင်ဂုရယ် မောင်လေးက ငါ့ကို ဧည့်ဝတ်ကျေချင်လို့ ပြောတဲ့ဟာကို ၊ မောင်လေး အမ ဒီမှာတည်းမှာ မောင်လေး အစဥ်ပြေတယ်မှတ်လား..."

ထယ်ယောင်းမှာ စောယွန်းမေးတော့ ပြန်ရွဲ့ပြီးဖြေလိုက်သည်။

"ပြေတာပေါ့ အမရဲ့ ကျွန်တော်တို့အိမ်ကအကျယ်ကြီးဟာကို အမတစ်ယောက်တည်းလို့ဘာမှမဖြစ်သွားပါဘူး ကြိုက်သလောက်တည်းပါ.."

ဂျောင်ဂုမှာတော့ စောယွန်းကိုတလှည့် ထယ်ယောင်းကိုတလှည့်ကြည့်လို့နေသည်။

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now