Part-10

330 25 3
                                    

Unicode

"ကိုကို... "

"ဗျာ့ ..."

"ကိုကို အဲ့မိန်းမနဲ့ ဘာတွေပြောနေတာလည်း..."

"ဘာမှမပြောပါဘူး ကလေးရယ် စောယွန်းက ကလေးနေမကောင်းဘူးဆိုလို့ ကိုကို ကို သတင်းမေးနေတာပါ..."

ထယ်ယောင်းကတော့ဂျောင်ဂုစကားကို သိပ်မယုံချင် ၊

"ဟုတ်လို့လား..."

"ဟုတ်ပါတယ် ကလေးရယ် ကိုကို မလိမ်ပါဘူး..."

"တကယ်နော်..."

"တကယ်ပါဗျာ..."

"ဒါဆို ကိုကို ကျိန်ပြ.."

ထယ်ယောင်းစကားကြောင့် ဂျောင်ဂု မျက်လုံးပြူးသွားသည်။

"ကိုကို ကျိန်ပြလေ.... "

"ဟင်... ဟမ်...ဟို...ကိုကို လိမ်ခဲ့ရင် အသက်မကြီးခင် သွားကျိုးရပါစေ..."

ဟုတ်တယ်လေ တစ်ခြားကျိန်တွယ်တာထပ်စာရင် ဒီကျိန်နည်းက မဆိုးဘူးလို့ထင်သည်။အသက်အရွယ်မရခင်သွားတစ်ချောင်းမှ မရှိတော့လည်း ကလေး ကိုဝါးကျွေးခိုင်းလို့ရတယ်...

"ကိုကို လိမ်ခဲ့ရင် တကယ် အသက်မကြီးခင် သွားတွေ တစ်ချောင်းမှ မရှိပါစေနဲ့..."

"အင်းပါ ကလေးရယ် ကိုကို ကျိန်ဆိုပါတယ်...."

"အဲ့ဒါဆိုလည်း ပြီးရော အိပ်တော့ ကျွန်တော်လည်းအိပ်ချင်ပြီ..."

ဂျောင်ဂုလည်း အခုမှ အသက်ဝအောင်ရှုနိုင်တော့သည်။

#######

မနက်ရောက်တော့ စောယွန်းကရှိမနေ သူတို့နိုးတော့ စောယွန်းကိုမတွေ့

"အိမ်တော်ထိန်း ဟိုမိန်းမကြီး ဘယ်သွားတာလည်း အိမ်မှာလည်းမရှိပါလား..."

"ကျွန်တော်လည်းမသိဘူးသခင်လေးရဲ့ ဒါပင်မဲ့ မနက်အစောကြီးထွက်သွားတာတော့မြင်တယ်..."

"သူ့အထုတ်တွေပါသွားသေးလား..."

"မပါပါဘူး ဒီတိုင်း လူကြီးပဲထွက်သွားတာ..."

"ဟွန်း ဒါဆို အိမ်ကိုပြန်လာဦးမဲ့ အနေအထားမှာရှိသေးတယ်.... စိတ်ညစ်လိုက်တာ..."

ထယ်ယောင်းတစ်ယောက် စိတ်ညစ်ညစ်နဲ့အိမ်ပေါ်ပြန်တက်သွားသည်။

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now