Loyal

1.2K 33 0
                                    


နာမည်ကြီးစားသောက်ဆိုင်ရဲ့အခန်းတခန်းထဲဝယ်
"ကိုယ်နောက်အပတ်ထဲ Singaporeရုံးခွဲကိုသွားရမယ်။projectတခုလုပ်ရမှာဆိုတော့6လလောက်ကြာမယ်ထင်တယ်။"
"ဟုတ်လား။ ကိုခန့်ညားပင်ပန်းတော့မှာဘဲ projectတခုလုပ်ရင်အရမ်းပင်ပန်းတာ။ဂရုစိုက်နော် အစစအရာရာ"
"ဟုတ်ကဲ့ပါဗျာ။ ဒါမဲ့သွားတော့မသွားချင်ဘူး"
"အမ်..ဘာလို့လဲ ပင်ပန်းမှာစိုးလို့လား"
"နန်းဆက်နဲ့6လကြီးတောင်မတွေ့ရမှာလေကွာ အဲ့တာကြောင့် အဟွန်း"
"အယ်"
"ဟား ဟား စတာပါဗျာ မျက်နာလေးကိုရဲတတ်နေပြီ "
ခန့်ညားအဲ့လိုပြောလိုက်တိုင်း မျက်နာဖြူဖြူလေးကဆာကူရာပန်းလေးလိုရဲတတ်စမြဲ။
"နန်းဆက် အစားနည်းလိုက်တာကွာ ထည့်စားလေ ကိုယ်မှာထားတာ မင်းအကြိုက်တွေကြည့်ဘဲ "
"အဟင်း ရပါတယ် ကိုခန့်ညားရဲ့ ကျမရင်နည်းနည်းပြည့်နေလို့ပါ"
"ဟင် မှန်းစမ်း ကိုယ်လဲမပူပါဘူး နန်းဆက်ဘာတွေစားထားလို့လဲ မဖစ်သေးပါဘူး စားပြီးရင်ကိုယ်နဲ့ဆေးခန်းလိုက်ခဲ့"
အကြောစိမ်းတွေလျက်ဖြာနေတဲ့ဖွေးသန့်နေသောလက်ဖြင့်ကျမနဖူးကိုလာစမ်းပြီး စိတ်ပူကာ ဆေးခန်းအတင်းခေါ်နေတဲ့ရှေ့ကအမျိုးသားဟာ နာမည်နဲ့လိုက်အောင်အလွန်တည်ကြည်ခန့်ညားပါသည်။အရပ်က6'3လောက်ရှိမည် ၊တောင့်တင်းသောbody ၊ဆံပင်ကိုပုံသေချာသွင်းထားပြီး ၊လေးထောင့်ကျသောမျက်နှာနဲ့လိုက်ဖက်လှသောနှာတန်ချွန်ချွန် ၊သေသပ်သော နခမ်း ၊ထူထဲသောမျက်ခုံးတွေဖြင့် ခန့်ညားလွန်းသော တကယ်ကောင်းမွန်တဲ့ယောက်ကျားပါ
"အဲ့လောက်လဲမဟုတ်ပါဘူး ။ဆေးခန်းမသွားချင်ဘူး အိမ်ဘဲပြန်နားလိုက်မယ်နော်"
ခန့်ညားသိတာပေါ့ သူ့ရှေ့ကအမျိုးသမီးလေးကထက်မြတ်သလောက်ဆေးထိုးဆေးသောက်အရမ်းကြောက်တတ်တာ
"ဟုတ်ပါပြီဗျာ ခင်ဗျားလေးမသွားချင်လဲနေပါ ။ဒါပေမဲ့အိမ်ရောက်ရင်တော့ ဆေးသောက်ရမယ်နော် ၊ဆေးရောအိမ်မှာရှိလား ကိုယ်သွားဝယ်ပေးရမလား"
"ရတယ်ရတယ် ကိုခန့်ညား။အိမ်မှာရှိပါတယ် စိတ်မပူနဲ့ သေချာသောက်လိုက်ပါမယ်"
"အိမ်ပြန်ရင်ကိုယ်လိုက်ပို့မယ်လေ "
"ကျမမှာကားပါလာတယ် "
"အဟွန်း ဒေါ်နန်းဆက်သက်လျာတို့က ကိုယ့်ကိုဆိုအမြဲငြင်းတာဗျာ"
"မဟုတ်ရပါဘူးရှင် ကျမမှာတကယ်ကားပါလာလို့ပါ"
"ဟုတ်ပါပီဗျာ ကဲဒါဆိုပြန်ကြမယ်လေ ညကျရင်ကိုယ်ဖုန်းဆက်မယ်နော် ဆေးသောက်မသောက်check inရမယ်"
"အဟင်း ဟုတ်ပါပီရှင် ကိုခန့်ညားလဲဂရုစိုက်အုန်းနော် အလုပ်ကြည့်ဖိလုပ်မနေနဲ့အုန်း"
"အမိန့်တော်မြတ်အတိုင်းပါခင်ဗျာ"
—————————————————————-
အခန်းတခန်းထဲတွင် laptopထဲခေါင်းဝင်မတတ်အာရုံစိုက်ပြီးအလုပ်လုပ်နေသော နန်းဆက်
"Ring ring ring"
"Ring ring ring"
အလုပ်လုပ်နေရင် ဘေးပတ်ဝန်းကျင်ကိုမှာဘာဖြစ်ဖြစ်မသိတော့တာ သူမအားနည်းချက် Phone 2ခါခေါ်တာကိုမကြားတဲ့အထိအလုပ်ထဲမှာစိတ်နှစ်နေသည်
"Ring ring ring"
သူမရေဆာလို့ ထလိုက်မှ ဘေးမှာဖုန်းမြည်နေတာသိ၏။ contact nameကိုကြည့်လိုက်တော့ ကိုခန့်ညားတဲ့၊
"အဟွန်း ငါ့ကိုဆေးသောက်မသောက်ဖုန်းဆက်စစ်တာထင်တယ်"
"Hello"
"Hello နန်းဆက် ဆေးသောက်ပြီးပြီလား ရင်ပြည့်တာရော သက်သာလား။ညနက်နေပြီ အလုပ်ဆက်မလုပ်နဲ့တော့နော်"
"သက်သာပါတယ် ဆေးလဲသောက်ပြီးပြီ ခနနေအိပ်တော့မလို့။ ကိုခန့်ညားရော ခရီးသွားဖို့အကုန်ပြင်ဆင်ပြီးပြီလား"
"ပြင်ပြီးပါပြီဗျာ။ ကဲအဲ့ဆိုကိုယ်ဖုန်းချတော့မယ်နော် နန်းဆက်လဲအိပ်တော့နော်"
"ဟုတ်ကဲ့"
ခန့်ညားတယောက်ချစ်ရတဲ့အမျိုးသမီးလေးရဲ့အသံကိုညအိပ်ခါနီးကြားရတဲ့အတွက်အလွန်ကြည်နူးနေ၏။ဒီတခေါက်ခရီးကပြန်ရောက်ရင် သူမကိုတရားဝင်ဖွင့်ပြောဖို့ရာပါတွေးထားသည်။
—————————————————————-
မနက်ခင်းနေရောင်ခြည်ဖျော့ဖျာ့လေးဟာ အခန်းတခန်း၏ပြတင်းပေါက်တွင်ဖြာနေလျက် အခန်းထဲတွင်အိပ်နေတာတောင်လှပလွန်းတဲ့အမျိုးသမီးတယောက်
"Tim tim tim"
နှိုးစက်သံမြည်လာသောကြောင့် နှိုးဆက်ကိုပိတ်ကာ အိပ်ယာထသည်။ပြီးနောက် ရေချိုးခန်းထဲဝင်၍ရေချိုးပြီး exerciseဝတ်စုံကိုဝတ်ကာ ရေတဗူးကိုင်၍အပြင်ထွက်သွားသည်။
"ဟော လာပါပီ မောင့်သက်လျာလေး"
မနက်ခင်းနေရောင်ဖျော့ဖျော့အောက်တွင် ဆံပင်အခွေလိုက်ကိုစုစည်းထားပြီး လှပသောခန္ဓာကိုယ်အချိုးအစား ပေါ်တွင်exercise ဝတ်စုံလေးသည် ပနံသင့်စွာရှိလျက်။မနက်ခင်းအစောမို့ထင်တယ် မျက်နာတွင်ဘာကာလာမှမရှိ ပကတိမျက်နှာဝင်းဝင်းလေးဟာ မြင်ရသူတိုင်းအဖို့ ရင်အေးစရာ။ချွေးစလေးတွေကိုသုတ်လျက် ရေမော့သောက်နေသော ထိုအမျိုးသမီး၏အလှသည် လမ်းသွားလမ်းလာလူတိုင်းကပါ ငေးကြည့်နေမိသည်အထိ။
"ဟာ ငါ့မမကိုဘာလို့ဝိုင်းကြည့်နေကြတာလဲ ကုန်ပါပြီကွာ...ကုန်ပါပြီ" ဆိုပြီးအူယားဖားယားဖြင့်သူမလေးဆီပြေးသွားသော ညဏ်
"ဒေါ်နန်းဆက်သက်လျာ!!"
"အမယ်လေး!!"
သူမနမည်ကိုဆောင့်ခေါ်သံကြားတော့ တချက်လန့်သွားကာ သောက်နေတဲ့ရေဘူးတောင်အောက်သို့ပြုတ်ကျသွား၏။အနောက်ကိုလှည့်အကြည့် မျက်နှာတည်တင်း၍မျက်ခုံး၂စုံဟာတွန့်ကွေးလျက် တခုခုအလိုမကျဟန် သူမကိုစူးစိုက်ကြည့်နေသော ထိုကောင်လေး။သူအခုထက်ကြာကြာဆက်ကြည့်နေလျင် သူမပြာကျသွားမလားမှတ်ရမည်။နေရောင်အောက်တွင် အကြည့်စူးစူးသည် သာမာန်အချိန်ထက်စူးရှလျက်။
"အို..မင်းဘယ်လိုဖြစ်လို့ အဲ့လောက်ငါ့နာမည်ကိုအော်နေရတာလဲ"
"ခင်ဗျားကရော လေ့ကျင့်ခန်းထွက်လုပ်တာလား အလှထွက်ပြတာလားဟမ်!!လူတွေခင်ဗျားကိုဒီလောက်ငမ်းနေကြတာမမြင်ဘူးလား"
"ဘာလဲမြင်ရက်နဲ့ မသိချင်ယောင်ဆောင်နေတာလား"
သူပြောမှသူမဘေးဘီကိုဝေ့ကြည့်မိ၏။ အမှန်တကယ်သူမကိုငေးကြည့်နေသောလူအချို့။နေပါအုန်း ဒါကသူနဲ့ဘာဆိုင်လို့ငါ့ကိုလာပြောနေရတာလဲ ငါနဲ့လဲမသိဘဲနဲ့ လေသံမာမာနဲ့သူ့အပိုင်လိုလာပြောနေသော ရှေ့ကလူ။ အရင်းခံမာနကထိုးထွက်လာလျက်

"ဒီမှာ...မင်းရိုင်းလှချည်လား!! ငါ့ဘာသာငါအလှထွက်ပြပြ လေ့ကျင့်ခန်းထွက်လုပ်လုပ် မင်းနဲ့ဘာဆိုင်သလဲ။မင်းကိုလဲငါမသိဘူး။ကိုယ်နဲ့မဆိုင်တဲ့သူတယောက်ကို အခုလိုလာပြောနေတာ မင်းကဘယ်လိုလူလဲ"

ထိုအခါမှညဏ်တယောက်အသိစိတ်ကပ်ပြန်ကပ်လာသလိုရှိ၏။ဟုတ်သားဘဲ သူမအမြင်မှာကိုယ်နဲ့ကတကြိမ်လောက်ဘဲစကားပြောဖူးတဲ့သူတယောက်။ညဏ့်ဘက်ကသာ နေ့တိုင်းသွားသွားချောင်းကြည့်ပြီး သူမအပေါ်ပိုင်ဆိုင်ချင်စိတ်တွေတလှိမ့်လှိမ့်တတ်နေမိတာ။ဝေလင်းဆီကမမရဲ့ဖုန်းနံပါတ်ရထားပေမဲ့ မဆက်ရဲ။တခြားမိန်းကလေးတွေနဲ့ဆို ပြောရဲဆိုရဲအီစီကလီလုပ်ရဲသလောက် မမနဲ့ဆို အာစေးမိနေသလိုဘာမှမပြောနိုင် မမအရှေ့ရောက်ရင်လူကပြောစရာစကားပျောက်ကုန်၏။ထိုလောက်အထိ အရှေ့ကအမျိုးသမီးအပေါ်ရှိန်ပါသည်။

"ဟို...ဟို တောင်းပန်ပါတယ်ဗျာ မမကိုလူတွေဝိုင်းငေးနေတာမြင်တော့ ကျွန်တော့်စိတ်တွေဘယ်လိုဖြစ်သွားလဲမသိဘူးအဲ့တာကြောင့် ပြောမိပြောရာပြောမိတာပါ တောင်းပန်ပါတယ်နော် မမ ။ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်....နော် မမ"

ချောမောလှတဲ့မျက်နာမှာ မိုးပြိုသလို ရှုံ့မဲ့ကာ သူမကိုတတွတ်တွတ်တောင်းပန်နေလေသည်။

"နောက်တခါ ငါ့ကိုအဲ့ဒီလေသံ အဲ့ဒီအချိုးမျိုးနဲ့လာမပြောမိစေနဲ့။ငါကမင်းအခုလိုဆက်ဆံရမဲ့မိန်းမ
မ ဟုတ် ဘူး ညဏ်တော်ဝင်"
"ဟုတ်ကဲ့မမ နောက်တခါကျွန်တော်မပြောတော့ဘူးနော် တောင်းပန်ပါတယ်််မမရာ နော်"
"အင်း" လို့ပြောပြီး သူ့အရှေ့ကနေတောက်တောက်တောက်တောက်နဲ့ လျောက်သွားလေရဲ့။သူမလေးဆီမှာအအော်ခံရပေမဲ့ သူ့နမည်မှတ်မိနေလို့ပျော်ပါသည်။သူ့ကိုနှုတ်ခမ်းလေးစူထော်ပြီးအော်နေတာများ အူယားစရာ အဟွန်း။
"ဟင် ငါ့မျက်နာဘာလို့ပြုံးနေရတာလဲ ညဏ်တော်ဝင်မင်းသတိကပ်စမ်း သူကမင်းideal typeမို့အဲ့လိုဖစ်နေတာ ချစ်လို့မဟုတ်ဘူး " ထိုအခါမှသူ့ကိုသူသတိထားမိပြီး ပြန်တည်လိုက်၏။

LoyalKde žijí příběhy. Začni objevovat