Loyal

1K 21 1
                                    


ကြီးမားလွန်းတဲ့အဆောက်အအုံအောက်တွင်BMWကားတစီး ထိုကားပေါ်ကနေဆင်းလာသော မိန်းမဝတ်suitအနီရဲရဲကိုဝတ်ထားတဲ့အမျိုးသမီး ဆံပင်အခွေလိုက်ကိုအပေါ်ကိုမြောက်တင်ထားကာ နခမ်းတစုံမှာ နှုတ်ခမ်းနီရဲရဲတောက် မြင်ရသူတိုင်းအဖို့ အသက်ရူရပ်သမျှ ဆွဲဆောင်မှုရှိလွန်းသော သူမပုံရိပ် နန်းဆက်သက်လျာ

"MD meetingခန်းထဲမှာလူစုံပါပြီ"
"ဦးထွန်းခန့်ဆိုတဲ့လူရော ရောက်ပြီလား"
"ဟုတ်ကဲ့MD ခုနလေးတင်ရောက်ပါတယ်"
"အင်းဟုတ်ပြီ သွားကြမယ်"

ဒီနေ့ဟာ ရှယ်ယာရှင်များအစည်းအဝေးနေ့ ထို့အတွက်ကြောင့် အခုလိုဝတ်စားဆင်ယင်ခဲ့ခြင်း။

"အားလုံးပဲ မင်္ဂလာပါ။ ကျမနောက်မကျပါဘူးနော်"
"နောက်မကျပါဘူးခင်ဗျာ အချိန်ကွက်တိပါပဲ"
"နန်းဆက်သက်လျာတို့က အမြဲလန်းဆန်းတတ်ကြွပြီး အလုပ်လုပ်ရာမှာတိကျ အချိန်ကိုလဲလေးစား တကယ်လေးစားထိုက်တဲ့အမျိုးသမီးပဲ"
"ဟုတ်တယ်ဗျာ ဟုတ်တယ် ဦးရာဇပြောတာ ကျုပ်လဲထောက်ခံတယ် ဟား ဟား"

အစည်းအဝေးခန်းထဲဝယ် မြှောက်ပင့်သံများဝေဆာလျက်။ ထိုလူတွေထဲမှာ အသံတိတ်ပြီး နန်းဆက်သက်လျာကို မကျေနပ်တဲ့သူတဦးတော့ရှိတယ် ။သူက"ဦးထွန်းခန့်"။ထိုလူဟာ အင်မတန်လောဘကြီးပြီး ဒီcompanyတခုလုံးကိုသူ့လက်ထဲရောက်ဖို့အမြဲကြိုးစားနေတဲ့သူ။သူမလိုအမျိုးသမီးငယ်တယောက်ရဲ့ဦးဆောင်မှုနောက် မလိုက်ချင်တဲ့သူ။သူမကိုဆို အမြဲဆန့်ကျင်တဲ့သူ။

"အဟင်း ဟုတ်ပါပြီရှငိ အဲ့လောက်ထိပြောနေကြမှတော့ အစည်းအဝေးပြီးရင် lunchကျွေးမယ်နော်"
"Lunchစားချင်လို့ပြောတာမဟုတ်ပါဘူးဗျာ တကယ်အမှန်တရားတွေပါ"
"ဟုတ်ပါပီ အခုတော့ အစည်းအဝေးစကြရအောင်"
Meeting 3နာရီခန့်လုပ်ပြီးနောက် လူအသီးသီး အခန်းထဲမှထွက်သွားကြ၏။
"MD သံပုရာရည်လေးရပါပြီ"
"အင်း...ကျေးဇူးဘဲပန်းနု နင်ဘဲငါ့အကြိုက်ကိုသိတယ်"
MDဟာ အစည်းအဝေးတခါလုပ်ပြီးတောင် ခေါင်းနောက်တတ်ပြီး stressများတတ်၏။
"MD lunchစားဖို့စီစဉ်လိုက်ရတော့မလားရှင့်"
"နေ..နေ ရတယ် မစီစဉ်နဲ့တော့။ငါအပြင်ဆိုင်မှာဘဲထွက်စားလိုက်မယ်"
——————————————————————-
LUX Restaurant
"ညဏ်"
"ညဏ်လို့ "
"ညဏ်ရေ ချစ်ခေါ်နေတာ မကြားဘူးလား"
"ကြားတယ်"
"ကြားတာကိုဘာလို့ပြန်မထူးတာလဲ အဟင့်"
"ဟ ငါgameဆော့နေတာမမြင်ဘူးလား ရှုပ်လိုက်တာကွာ"

LoyalHikayelerin yaşadığı yer. Şimdi keşfedin