Loyal part8

1.6K 33 0
                                    


ညဏ်တယောက် မမကိုလိုက်ပို့ခဲ့ပြီး အပြန်ထိအူမြူးနေသည်၊ မမဆီကစဉ်းစားပေးပါမယ်ဆိုတဲ့ စကားကြားလိုက်တုန်းက သူ့မှာရင်ခုန်လွန်းလို့ မနည်းထိန်းချုပ်ထားခဲ့ရသည်။
"တီ...ဝုန်း"
"ဟာ....သွားပီ"

မမအကြောင်းအတွေးလွန်သွားတော့ အရှေ့ကလူကားကိုမမြင်မိ။သူကားပေါ်ကအမြန်ဆင်းကြည့်တော့ သူတွေ့လိုက်တာက အရှေ့ကားက သူ့ကိုရှောင်လိုက်ရင်း သစ်ပင်ကိုဝင်တိုက်မိ၏၊ သူလဲထူပူကာ ရှေ့ကကားဆီမြန်မြန်ပြေးသွားပြီး ကြည့်မိတော့ လူကြီးတယောက် ကားစတီယာပေါ်ခေါင်းမှောက်နေပြီဖြစ်သည်။ ဆေးရုံကားအမြန်ခေါ်ကာ သူလဲဆေးရုံသို့လိုက်ခဲ့ရ၏။
ဆေးရုံတွင်
"အဟင့် ဖေဖေ...ဖေဖေဘာဖြစ်သွားသေးလဲဟင် ၊ဘယ်နားခိုက်မိသေးလဲ"
"ဖေဖေဘာမှမဖြစ်ပါဘူး သမီးရယ်၊စိတ်မပူနဲ့နော် "

"ဘာမှမဖြစ်ဘူးလဲပြောသေးတယ် ခေါင်းမှာပတ်တီးကြီးနဲ့ အီး...ဟီ..."ဆိုပြီး ငိုချနေတဲ့ ကောင်မလေးကိုညဏ်တောင်ဝင်ကြည့်နေမိသည်၊ကောင်မလေးကဆံပင်ဂုတ်ဝဲလေးကိုမှ ရှေ့ဆံမိတ်အတိလေးဖြင့် မျက်ဝန်းလေးကဝိုင်းဆက်နေကာ နှာခေါင်းလုံးလုံးလေးကရဲနေသည် နခမ်းသေးသေးလေးကလဲစူထော်နေတာ ညဏ်တော်ဝင် ဘေးကနေကြည့်ရင်း မဆီမဆိုင် သူ့မမနဲ့သွားယှဉ်မိသည်၊ မမ၏မျက်လုံးတွေကညှို့ချက်ပြင်းကာ သူဘယ်တော့မှ အကြည့်မလွှဲနိုင်၊ဆံပင်အခွေလိုက်ချထားတိုင်း သူ့မှာအသက်ရှူရပ်သလိုအထိ နခမ်းလေးဆိုလဲ ပြည့်တင်းနီထွေးကာနမ်းချင်စိတ်ပေါ်မိသည်၊ "ဟင် ညဏ်တော်ဝင် စိတ်ထိန်းစမ်း နေရင်းထိုင်ရင်း မမဆီကိုစိတ်ရောက်မိပြန်ပီ"ဆိုပြီးသူ့ကိုသူသတိအခါခါပြန်ပေးသည်၊သူမလေးကသူ့ကိုအခုထိမြင်တဲ့ပုံမပေါ်၊ သူစိုက်ကြည့်နေရင်း သူ့ဘက်လှည့်ကြည့်လာတဲ့မျက်ဝန်းဝိုင်းဝိုင်းလေး

"ဟင်"
ပိတောက် သူ့ရှေ့ကလူကြီးကိုတွေ့မိတဲ့အခိုက် လေဟာနယ်ထဲရောက်သွားသလိုဖြစ်သွားသည်၊အရပ်က6ပေကျော်လောက်ရှိမည် ထူထဲသောမျက်ခုံး ဆွဲဆောင်မှုရှိလွန်းတဲ့ထိုမျက်ဝန်းတွေ ချွန်ညိနေသော နှာခေါင်း ယောက်ကျားလေးမတန်မဲ့ရဲဆွေးနေတဲ့ နခမ်းပါး ၊အသားအရည်ကလဲ ပိတောက်ထက်တောင်ဖြူဥနေသည်၊ သူမရင်တွေပရမ်းပတာခုန်ပေါက်နေသည် ။ဖေဖေခိုင်းလို့သာ အခုလိုငိုယို ဟန်ဆောင်ပြီး ရှေ့ကလူကိုဆွဲဆောင်ပြီးချဉ်းကပ်ဖို့လာခဲ့တာ တကယ်တမ်း သူမကိုယ်တိုင်က ဆွဲဆောင်ခံလိုက်ရသည်။

LoyalWhere stories live. Discover now