Loyal

588 21 0
                                    



"မေမေရေ မပြီးသေးဘူးလား ၊၆နာရီထိုးတော့မယ်"
"အေး သမီး၊မေမေခေါင်းတွေမူးနေလို့ မလိုက်တော့ဘူးကွယ် ၊သမီးဘဲသွားလိုက်နော်"
"ဟင် ဆရာဝန်ခေါ်လိုက်ရမလား၊မေမေမလိုက်ရင်သမီးလဲမသွားတော့ဘူး"
"မေမေဆေးသောက်ပြီးပါပြီ၊ခနမှေးလိုက်ရင် သက်သာသွားမှာ၊ သမီးကတော့သွားလိုက်ပါကွယ်၊မဟုတ်ရင်အားနာစရာကြီး သေချာလာဖိတ်ထားတာဆိုတော့"
"အင်းပါ သမီးစောစောပြန်ခဲ့မယ်နော်"
"အေးအေး လိမ်မာလိုက်တဲ့သမီး ၊ဂရုစိုက်အုန်းနော်"
"မေမေရယ် ဟိုဘက်အိမ်ဒီဘက်အိမ်ဘဲကို စိတ်မပူနဲ့၊နားတော့နော် မေမေ၊သမီးသွားပြီ"ဆိုပြီး အခန်းထဲကထွက်သွားတဲ့သမီးဖြစ်သူကိုကြည့်ပြီး သက်ပြင်းချမိ၏၊ စိတ်ထဲလဲဘာကြောင့်မှန်းမသိ လေးနေသည်၊နေမကောင်းလို့ဖြစ်မှာပါလေ။

"ဟေ့ကောင် ဝေလင်း၊မမကမလာဘူးလားကွ ၆နာရီကျော်နေပြီလေ"
"လာမှာပေါ့ အေးဆေးနေစမ်းပါကွာ"
ဝေလင်းတို့ကdinnerဆိုပေမဲ့ အကြီးအကျယ်မဟုတ် ရင်းနှီးတဲ့သူငယ်ချင်း မိတ်ဆွေတွေကိုဖိတ်ပြီး ညစာစုစား အကင်တွေကင်စားပြီး စီးပွါးရေး၊လူမှုရေးစကားစမြည်ပြောဖို့အတွက်သာ
"ဝေလင်း ဖယ်ဖယ် ငါဘဲကင်လိုက်မယ်၊မမအတွက် ငါကိုယ်တိုင်ကင်ချင်တာ"
"နှာဗူးကတမှောင့်၊ သတိလဲထားအုန်းနော် gasကအခုမှဖြည့်ထားတော့ လောင်ကုန်မှာစိုးလို့"
"အေးပါ"
သူကင်နေရင်း ခြံတံခါးကိုလဲတမျှော်ဖြစ်နေသည်၊ဟော လာပါပြီ သူ့အသဲအသက်လေး၊ပန်းနုရောင်ဂါဝန်အရှည်လေးကို လက်တလုံးကြိုးလေးနဲ့ဝတ်ထားသောကြောင့် မီးရောင်အောက်တွင် နဂိုဖြူနုနေသောအသားအရေက ဝင်းဖန့်နေ၏၊ပေါ်နေသော လက်မောင်းသားဝင်းဝင်းလေးကလဲ ဆွဲညစ်ချင်စရာအတိ၊ဆံပင်လေးကိုဖြန့်ချထားပြီး အရှေ့ကိုစကုပ်လေးဖြင့်ပင့်တင်ထားသောကြောင့် ဆယ်ကျော်သက်လေးနဲ့တူနေသည်၊မျက်နာလေးကလဲဘာကာလာမှမချယ်ထားဘဲ ရိုးရိုးလေးသာ၊ဝတ်ထားသော ပန်းနုရောင်ဂါဝန်လေးဖြင့်လိုက်ဖက်နေသော ပန်းဆီရောင်နခမ်းလေးကစူထွေးနေ၏၊ထိုအမျိုးသမီးသည် တကယ်လှ၏၊ကြည့်လေကြည့်လေ တစိမ့်စိမ့်အကြည့်ခံသောအလှဖြစ်သည်။ ဘေးဘီကိုကြည့်လိုက်တော့ သူ့လိုဘဲသူမလေးကိုလူတိုင်းကငေးကြည့်နေကြသည် ၊ဘာလို့မှန်းမသိ သူမကြိုက်၊သူမလေးကို သူတယောက်ထဲသာကြည့်ချင်သည်၊အိတ်ကပ်ထဲဖွက်ထားလို့ရရင်ကောင်းမှာဘဲ၊
ကင်နေတဲ့အကင်တွေကိုချပြီး သူမလေးဆီသွားဖို့အလုပ်၊ ဟိုကောင်ဝေလင်းက လှစ်ခနဲပြေး၍ သူမလေးဆီအရင်ရောက်နေသည်၊
"ဟော မမနန်းဆက် လာပါဗျာ၊အိမ်ထဲမှာ မာမီတို့စောင့်နေတယ်၊ဒါနဲ့ အန်တီရော မပါဘူးလား"
"အင်း မပါဘူးဝေလင်းရဲ့၊မေမေက နေမကောင်းလို့နေခဲ့တယ်"

LoyalWhere stories live. Discover now