Loyal part 7

717 16 2
                                    


"Ring ring ring"
ဖုန်းလာနေသောကြောင့်ကြည့်လိုက်တော့ နံပါတ်စမ်းတခု
"Hello"
"Hello မမ ကျွန်တော်ပါ"
ဟင်ဒီကောင်လေး ဘယ်လိုလုပ်သူမဖုန်းနံပါတ်သိတာလဲ
"အဟွန်း အံ့ဩသွားလား ၊ဝေလင်းဆီကမမph noကိုတောင်းထားတာမမရဲ့"
"အော် အဲ့လိုကိုး ၊အခုကဘာပြောမလိုပဆက်တာလဲ ညနေကလဲတွေ့ပြီးပြီကို"
"ဒီတိုင်းလွမ်းလို့"
"ဟမ်"
"တကယ်မမရဲ့ မမမျက်နှာလေးကိုအမြဲတွေ့ချင်နေပြီး မမအသံလေးကိုဘဲအမြဲကြားချင်မိတာ"
"ဟေ့ မင်းငါ့ကိုဘာစကားတွေလာပြောနေတာလဲ ၊ရှုပ်"ယှက်"တွေလာမလုပ်နဲ့"
"တီ..."
သူတောင်ဘာမှပြန်မပြောလိုက်ရသေး ဖုန်းချသွားတဲ့သူ့သက်လျာလေး။
"အဟွန်း နေထားအုန်းပေါ့မမရာ နောက်ရက်ကစပြီး မမမျက်စိနောက်တဲ့အထိ ကျွန်တော်က မမနောက်ကိုကပ်လိုက်နေတော့မှာ"

"ဟူးးးး ရင်တုန်လိုက်တာ ဘာလဲဒီကောင်လေးငါ့ကိုလာအီနေတာလား ၊အားးးမသိတော့ဘူးအိပ်ရမယ် အိပ်ရမယ် " အိပ်ယာထဲတွင် တယောက်ထဲယောက်ယက်ခက်နေသော နန်းဆက်သက်လျာ
————————————————————-
"သမီးရေ မပီးသေးဘူးလား ၊မြန်မြန်လုပ် နောက်ကျနေပြီ"
"ပီးပါပီ မေမေရဲ့၊တကတည်း သူ့တူမလာမှာကို သိကြားမင်းလာမှာကြလို့ တို့မေမေတို့က"
"ညည်းနော် ငါလုပ်လိုက်ရ ၊ပီးပီဆိုသွားမယ်လေ လာခဲ့"ဆိုပြီး သားအမိ၂ယောက် လေဆိပ်ဆီသို့ကဗျာမေကိုကြိုဖို့ သွားကြသည်။
"မိရွှေဆက် မျက်လုံးရှင်ရှင်ထားနော် ညည်းအမကိုကျော်သွားလိမ့်မယ်"
"မေမေရယ် ကဗျာမေရုပ်ကြီးခွေးချီသွားတောင်မှတ်မိတယ် မပူနဲ့"
"အို..အေ ညည်းနော် စကားကိုဘယ်လိုတွေပြောနေလဲ"
"ဟီး စတာပါ ချစ်မေမေရဲ့"
သူမလေးတခါတခါ အမေကိုအဲ့လိုစနောက်တတ်သေးသည်။
"ဟော ဟိုမှာ မေမေ့တူမလာပီ တွေ့လား"
"ဘယ်မာတုန်း မတွေ့ဘူး"
"ဟာ အရှေ့တည့်တည့်မှာလေ မြန်မာဝတ်စုံအပြာဝမ်းဆက်နဲ့ "
"အော် တွေ့ပြီ ဟင်းဟင်း "ဆိုပြီး ပိုက်ဆံအိတ်ကိုလက်တဖက်ကကိုင်ပြီး ရှေ့ကနေ ကော့နေအောင်လျောက်သွားသော အမေကိုကြည့်ပြီး နန်းဆက်ခေါင်းတချက်ခါပီး ရယ်မိသည်။
"ဟလို မိနန်းဆက် တယ်ချောနေပါ့လား"
"အဟွန်း ငါက အမြဲ​ချောပီးသားပါနော် သိလားမလား"
"အမယ်လေးတော် သိပါ့ သိပါ့ နင့်ကိုပြောပြစရာတွေအများကြီးဘဲ သိလား"
"ကဲကဲ ဒီညီအမတွေ ပြောစရာရှိတာအိမ်ရောက်မှပြောကြလေ လာလာ သွားကြမယ်"
"ဟုတ်ကဲ့ပါ မေနန်းရဲ့ ကဗျာက မေနန်းကိုလဲအရမ်းလွမ်းနေတာ ဟီး"
"ကပ်ချွဲပြန်ပီ ကောင်မစုတ်လေး"
"ဟား ဟား ဟား"လေဆိပ်ထဲတွင် သူတို့၃ယောက်ရဲ့ ရယ်သံများပြန့်နှံ့လျက်။
———————————-
အိပ်ခန်းတခန်း၏ ကုတင်ထက်ဝယ်
"ကဗျာ နင်က မနက်ဖန်ကျောင်းတန်းသွားမှာလား၊မနားတော့ဘူးလား"
"အေး မနားတော့ဘူး ငါ့မှာလုပ်စရာတွေအရမ်းများနေလို့"
"အေးပါ ပြီးရော ၊ဒါနဲ့ နင်ကောင်လေးရနေပြီလား"
"အဟီး ရနေပြီပေါ့ဟဲ့ ငါ့အသက်၂၆တောင်ရှိနေပြီကို ယောက်ကျားယူသင့်နေပြီ"
"အမယ် တယ်ဟုတ်ပါလား ၊ဘယ်သူလဲ ဘယ်ကလဲ ဘာအလုပ်လုပ်လဲ "
"ဖြည်း"မေးပါအေ သူ့နာမည်က ဇေခိုက်ယံတဲ့ ဆရာဝန်ဘဲ ငါတို့မန်းလေးဆေးရုံမှာdutyဆင်းရင်းဆုံကြတာဟ 2နှစ်လောက်ရှိပြီ ငါတို့တွဲနေတာ"
"ဟယ် ကြည့်စမ်း 2နှစ်တောင်ရှိပြီ ငါ့ကိုလျှိုထားတယ်ပေါ့လေ"
"အဟိ ချစ်ညီမလေးရယ် လျှိုထားတယ်လို့လဲဘယ်ဟုတ်မလဲ ဒီတိုင်းစကားမစပ်မိလို့ပါ၊ နင်ကရော ရနေပြီလား"
"မရသေးပါဘူး ငါအဲ့တာတွေစိတ်မဝင်စားနိုင်သေးဘူး ၊ ဒါပေမဲ့....."
"ဘာဒါပေမဲ့လဲ ဆက်ပြောလေ ဘာလဲ တယောက်"ကိုတော့တွေ့နေပြီမလား"
"အင်း ငါ့ထက်တော့4နှစ်လောက်ငယ်တယ် ဆေးကျောင်းသားဘဲ သူနဲ့တွေ့ရင်လေ ငါရင်ခုန်တယ်"
"ဝိုး ရေခဲတုန်းမမကို ဆေးကျောင်းသားလေးကအရည်ဖျော်ပေးလိုက်တာဘဲ"
"အယ် ပေါက်ကရနော်"
"ပြောပါအုန်း နင်တို့အခြေအနေ"
"ဒီတိုင်းဘဲ သူကဟိုလိုလိုဒီလိုလိုစကားတွေတော့ပြောတယ်၊တရားဝင်တော့ဖွင့်မပြောသေးဘူး"
"အမယ် အဲ့ဆိုနင်ကသူဖွင့်ပြောမဲ့အချိန်စောင့်နေတာပေါ့လေ ဟုတ်လား"
"ဟာ မဟုတ်ပါဘူး ဘာတွေလာပြောနေတာလဲ ၊အိပ်တော့မယ် ဒါပဲ"
"အယ် အယ် ကောင်မလေးတယောက်ရှက်သွားပီ ဟားဟား"
သူမတို့ညီအစ်မသည် အနေဝေးပေမဲ့ သူငယ်ချင်းလိုညီအစ်မအရင်းလို ရင်းနှီးချစ်ခင်ကြသည်
————————————————-
"ညနေကျရင် ငါလာကြိုမယ်နော် ကဗျာ စောင့်နေ"
"အေးပါ နင်သာနောက်မကျနဲ့ သွားတော့"
နန်းဆက် ကဗျာ့ကိုကျောင်းလိုက်ပို့ပြီး companyရှိရာကိုထွက်လာခဲ့သည်။
"ဟေ့ကောင် ညဏ် ဟိုမှာ မမနန်းဆက်ကားမလား"
ဝေလင်းပြောလိုက်တာနဲ့ ညဏ်ခေါင်းက ထောင်မတ်သွားကာ မမကားကိုရှာမိသည်။
"မမက ဒီဆေးကျောင်းကိုဘာလာလုပ်တာပါလိမ့်"
"မကဗျာမေကို လိုက်ပို့တာထင်တယ်"
"ဟမ် ကဗျာမေဆိုတာက..."
"အော်သူက မမနန်းဆက်ရဲ့ဝမ်းကွဲအစ်မ မန်းလေးကလေ ။အခုငါတို့ကျောင်းကို ကျူတာလာလုပ်တာ"
"ဟ သေရောအဲ့တာဆို"
"ဘာဖစ်လို့တုန်း"
"ဘာဖစ်ရမှာလဲကွ ဒီကျောင်းမှာငါ့ကိုမသိတဲ့သူမှမရှိတာ၊ ငါပွေရှုပ်ထားတာတွေ ကဗျာမေကတဆင့် ငါ့မမသိကုန်မှာပေါ့"
"အေးကွ အဲ့တာလဲဟုတ်သားဘဲ၊ မကဗျာမေနဲ့ မင်းမမနဲ့က တအားရင်းနှီးကြတာ ကျောင်းကိုလိုက်ပို့တာသာကြည့်"
"ဟူး မတတ်နိုင်ဘူးကွာ အခု အရှုပ်တွေမှန်သမျှရှင်းထားတာဘဲ ၊ မမနားလည်ပေးမှာပါ"
"ခွေးမသားလေး မမနားလည်ပေးမှာပါလုပ်နေ၊မင်းက မင်းမမနဲ့ဘယ်အဆင့်ရောက်ပြီလဲ ဖွင့်ရောပြောပီးပီလား"
"အရင်ကထက်တော့ရင်းနှီးလာပါတယ် ဖုန်းလဲညတိုင်းပြောဖစ်တယ် မမcompanyရှေ့လဲငါနေ့တိုင်းသွားသွားစောင့်တော့ မမနဲ့ငါနဲ့က စကားတွေလဲတော်"များ"ပြောဖြစ်ကြတယ်"
"တယ်ဟုတ်ပါလား အဲ့ဆိုဖွင့်ပြောလိုက်တော့လေ"
"အင်းမမကိုဖွင့်ပြောဖို့ ငါplanထားတယ်"
—————————————————
"Ring ring"
"Hello"
"Hello မမ ၊မမမနက်ဖန်အားလားဟင် ကျွန်တော့်မွေးနေ့မို့လို့ အဲ့တာမမကိုတခုခုလိုက်ကျွေးချင်လို့ပါ"
မွေးနေ့ဆိုတော့ငြင်းလို့မကောင်းတာနဲ့
"အင်း အားပါတယ်၊အချိန်နဲ့နေရာပြောလေ"
"မနက်9နာရီ Maxမှာဆုံမယ်နော်မမ"
"အင်း" ဆိုပြီး ဖုန်းချသွားတဲ့ သူမလေးကို တခါတရံအသဲယားသည်။ စကားကိုသူမပြောချင်ရင်အများကြီးပြောပြီး မပြောချင်ရင် တလုံး၂လုံးအပြင်မထွက်တော့။

LoyalWhere stories live. Discover now