ဟင်းးး
ဒီနေ့ မက္ခရာ တို့စာမေးပွဲ Final ရက်။ ဟိုကောင် ကျော်ကြီးတစ်ယောက် မက္ခရာကို စာမေးပွဲရက်အတွင်း အမျိုးမျိုးဆေးလိုက်ထိုးနေလို့ ဒီနေ့ Final ရက်မှာတော့ ဒီကောင့်ကို မက္ခရာ ဆေးအကြီးကြီးပြန်ထိုးထားခဲ့သည်။
ဒီတစ်ခါတော့ မက္ခရာလွန်သွားပြီလားမသိ။ ကျောင်းတံခါးပိတ်ဖို့ ၅မိနစ်အလို ဟိုကောင် ကျော်ကြီးခုထိကျောင်းကိုရောက်မလာသေး။ မက္ခရာမှာတော့ စာမေးပွဲခန်းထဲတောင်ရောက်နေပြီ။
"တောက် တောက် တောက်"
ကျစ် ! စာမေးပွဲခန်းထဲရောက်တာနဲ့ စာတွေအကုန်မေ့သွားတဲ့ မက္ခရာရဲ့ရွှေချထားရမည့် ဦးနှောက်ကြောင့် ခေါင်းကခပ်နှောက်နှောက်ပါဆို အနောက်ကကောင်က ခုံကိုဘောပင်ဖြင့်ခေါက်ကာ တတောက်တောက်ဖြင့်သူ့ကိုခေါ်နေသည်။
"ဟေ့ကောင် မက္ခရာ"
"ဘာလဲကွာ မင်းမေငါတို့ကိုကြည့်နေတယ် တော်ကြာစာမေးပွဲတောင်မဖြေလိုက်ရပဲ မောင်းထုတ်ခံနေရမယ်"
"ဆရာမကိုခဏထားလိုက်စမ်းပါ ဟိုကောင်ကျော်ကြီးခုထိရောက်မလာသေးဘူး မင်းဘာသွားလုပ်လိုက်တာလဲ"
"ကျစ်! ကျောင်းကိုလာတဲ့လမ်းမှာ သူ့ဆိုင်ကယ်ဘီးပေါက်အောင်လုပ်လိုက်တာဟေ့ ရှေ့ဘီးရောနောက်ဘီးရော ရပြီလား ထပ်မခေါ်နဲ့တော့"
"ဟာ ! မင်းကွာ"
ဟူး...
ပိုင်စိုးခန့်ကိုသူ့လုပ်ရပ်ပြောပြပြီးမှ မက္ခရာ ရင်ထဲမတင်မကျဖြစ်နေမိသည်။ သို့ပေမယ့်လဲ အရမ်းတော့စိတ်မပူပါ။ ဆိုင်ကယ်ဘီးပေါက်တော့လဲ ဘာဖြစ်...ကျောင်းကိုပြေးလာပေါ့။ အဲ့ကောင်ကျော်ကြီးက အပြေးသန်တာပဲမဟုတ်လား။ ဒါက ကျော်ကြီးသူ့အပေါ် စာမေးပွဲရက်အတွင်း ဆေးထိုးခဲ့တာတွေနဲ့စာရင် အပြစ်တောင်ပြောမရသေး။
မြန်မာစာဖြေမယ့်နေ့မှာ ဝမ်းမကောင်းလုပ်တယ်။ အင်္ဂလိပ်စာဖြေမယ့်နေ့မှာ လူကိုနေမထိထိုင်မသာအောင်လုပ်တယ်။ သင်္ချာဖြေမယ့်နေ့မှာ သင်္ကြန်အကြိုဆိုပြီး အပေါ်ကနေ ရေပုံးလိုက်ကြီးဖြင့်လောင်းချသွားတာကြောင့် အဖျားဝင်သွားသေးသည်။ ဟင်းး တွေးရင်းတွေးရင်းဖြင့် ကျောတောင်ချမ်းလာသလိုပင်။
YOU ARE READING
ᴍᴀᴛᴋʜᴀʏᴀʀ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.