"ကျော်သူရပိုင် မင်းငါ့ကိုဆွဲလားရမ်းလားလုပ်တာအရမ်းများနေပြီနော် မင်းဘာဖြစ်ချင်တာလဲပြော!"
"ငါဘာဖြစ်ချင်တာလဲဟုတ်လား တကယ်ပြောရမလား"
"ပြော! ပြောစမ်းပါ မင်းတကယ်ဘာဖြစ်ချင်နေတာလဲ"
"တောက်! ဟာကွာ..."
"ဘာမှမဖြစ်ချင်ဘူးဆိုလဲ မင်းငါနဲ့ဝေးဝေးနေတော့ ကျော်သူရပိုင် မင်းလုပ်သမျှခံနေတယ်ဆိုတာ ပြန်ပြောရတာမောလွန်းလို့ကွ အကောင်းမှတ်နေတယ်များထင်နေလား!"
"ဘာ! မင်း! မင်းဘာပြောလိုက်တာလဲ မက္ခရာ"
"ကြားတဲ့အတိုင်းပဲ ဖယ်! ငါ့ကိုလွှတ်! ငါ့ကိုလွှတ်ပေး အခုကစပြီး မင်းနဲ့ငါ သူငယ်ချင်းမဟုတ်တော့....အွန့်! အွန့်"
ပြောလေဆိုးလေမို့ ကျော်သူရပိုင်က မက္ခရာဘယ်လောက်ပြောပြော မလွှတ်ပေးတဲ့အပြင် မက္ခရာကို နံရံဘက်ကပ်ကာ မက္ခရာရဲ့နှုတ်ခမ်းကို အတင်းဇွတ်နမ်းနေသည်။
ဒီတစ်ခါတော့မက္ခရာလဲသည်းမခံနိုင်တော့ပါ။ ဟုတ်သည်။ ဒီတစ်ခါတော့ ကျော်သူရပိုင်လွန်သွားပြီ။ တကယ်ဆို ဘာမဟုတ်တာလေးနဲ့ကျော်သူရပိုင်က သက်သက်ပြသာနာရှာနေတာဖြစ်သည်။
ထိုပြသာနာဆိုတာကတော့ မက္ခရာမနက်ကျောင်းရောက်တော့ ဒုတိယနှစ်ကစီနီယာမမတစ်ယောက်က စာအုပ်တွေမနိုင်မနင်းသယ်ပြီး လှေကားပေါ်တက်သွားတော့ မက္ခရာက ကြည့်မကောင်းလို့ ဝိုင်းသယ်ပေးရာကနေ ခလုတ်တိုက်ပြီး နှစ်ယောက်လုံးလဲသွားရာ ထိုမမကမက္ခရာကိုယ်ပေါ်သို့ရောက်လာသည်။ ဒါကိုမြင်သွားတဲ့ကျော်သူရပိုင်က ဘာမှလဲသိတာမဟုတ်ပဲ မက္ခရာကကူညီပေးတာကိုအသားယူရကောင်းလားဆိုပြီး ထိုမမကိုလက်ပါသည်တဲ့။ ဟုတ်တယ် ယောကျာ်းကြီးတန်မဲ့နဲ့ ကျော်သူရပိုင်က မိန်းကလေးတစ်ယောက်အပေါ်လက်ပါတာဖြစ်သည်။ ဒါလဲဟိုကတမင်တကာလုပ်တာမဟုတ်ပဲ မတော်တဆဖြစ်ရတာကို!
တကယ်ဆို ကျော်သူရပိုင်မှားတာကို သူကပဲဒေါသထွက်ရတယ်ရှိသေးသည်။ ဒါတောင်မပြီးသေး လူကိုအတင်းဆွဲခေါ်လာပြီး "မင်းမရှက်ဘူးလား အိန္ဒမြေရှိသိက္ခာမရှိ လူကြားထဲမှာဘာဖြစ်နေကြတာလဲ" တဲ့။ အံ့ဩပါ့ကွာ။ အိန္ဒြေ သိက္ခာကြီးနဲ့နေရအောင် မက္ခရာဆိုတဲ့ကောင်က မိန်းမကြီးမို့လား။ ပြီးတော့ သူများအကူအညီလိုနေလို့ ကူညီပေးမိတာကရော မက္ခရာအပြစ်ကြီးဖြစ်သွားလား။ တကယ်ပြန်စဉ်းစားမိရင် မက္ခရာဟိုအမအပေါ်အားနာမိသည်။ အဲ့အမမှာဘုမသိ ဘမသိ ကျော်သူရပိုင် လုပ်တာခံလိုက်ရတာ။ ဒါတောင်လူကိုပဲမဟုတ် လဲကျသွားလို့ ပြန့်ကျဲသွားတဲ့ စာရွက်တွေနဲ့ စာအုပ်တွေကိုလဲ ကျော်သူရပိုင်က တမင်ကိုတက်နင်းလာခဲ့သေးသည်။ တကယ်ပဲ ဒါကဘယ်လောက်တောင်ရိုင်းစိုင်းတဲ့ အပြုအမူပါလဲ!
YOU ARE READING
ᴍᴀᴛᴋʜᴀʏᴀʀ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.