Part 19 ( Unicode )

1.1K 87 2
                                    

ဟား! မျက်လုံးတွေနောက်လိုက်တာကွာ။ အဲ့ဒီမက္ခရာနဲ့ ‌‌ကျော်သူရပိုင်ဆိုတဲ့နှစ်ကောင် ပြောတော့သာ မတွဲသေးဘူး ၊ မတွဲသေးဘူးနဲ့ လုပ်နေတာက သမီးရည်းစားအထာတွေ။

အထက်တန်းကျောင်းထဲကတက္ကသိုလ်အထိ မင်းသွေး ၊ ပိုင်စိုးခန့်နှင့် ခန့်ထူးတို့ အဲ့နှစ်ကောင်ကို ဒီလောက်မျက်စိဒေါက်ထောက်ကြည့်လာတာ ၊ ဒါတောင်ဘယ်အချိန်ညားသွားမှန်းမသိ။ ကျော်သူရပိုင် မက္ခရာကို ပထမနှစ်ကတည်းကဖွင့်ပြောထားတယ်ဆိုတာကလဲ ဒုတိယနှစ်မှသိရသည်။ မေးလိုက်ရင်တော့အမြဲ ကျော်သူရပိုင်က 'မက္ခရာကိုသူကပဲတစ်ဖက်သက်လိုက်ကြိုက်နေရတာ' ဟုပြန်ဖြေသည်။ မက္ခရာကျတော့ 'သူ့ရဲ့နတ်သားရှုံးတဲ့ရူပါလေးကြောင့် ကျော်ကြီးသူ့ကိုကြွေဆင်းသွားတာတဲ့ ဒါပေမဲ့ သူကတော့ ကျော်သူရပိုင်လုံးဝစိတ်မဝင်စားပါဘူး' တဲ့လေ။ တကယ်တော့ အဲ့နှစ်ကောင်လုံး အပြောနဲ့အလုပ်ကတစ်ခြားစီ။

အခုလဲကြည့်လေစာမေးပွဲကမနက်ဖြန်မို့ အချင်းချင်းဂရုစိုက်ပြီးဖြစ်ပျက်ပြနေလိုက်တာ ၊ ကျော်သူရပိုင်ကျတော့ မက္ခရာရဲ့ဘောပင်တွေကိုယူပြီးဘုရားစာရွတ်ပေးသည် ၊ မက္ခရာကျတော့လဲ ကျော်သူရပိုင်စာမေးပွဲခန်းထဲယူသွားမဲ့ပစ္စည်းတွေကိုဘုရားစင်ပေါ်သွားတင်ထားသည်တဲ့။

"ဟေ့ ငါတို့တွေလဲစာမေးပွဲဖြေရမှာပါကွာ"

"အေးလေ မင်းတို့နှစ်ကောင်ကနည်းနည်းတော့များသွားပြီ"

များလဲမတတ်နိုင်။ ကျော်သူရပိုင်စေတနာပါတာကမက္ခရာတစ်ယောက်ကိုပဲမို့။

"တစ်ချို့တစ်ချို့သူတွေများကွာ ဘာမဟုတ်တဲ့အချစ်ကိုကိုးကွယ်နေလိုက်ကြတာ မြင်လို့တောင်မကောင်းဘူး"

စာလုပ်သလိုလိုနဲ့ စာအုပ်ထဲမျက်နှာကြီးအပ်ထားပြီး ကျော်သူရပိုင်ကို‌ရွဲ့ပြောလိုက်တဲ့မင်းသွေး။

"ဟေ့ ငါ့ပြောတာလား"

"အေး မင်းကိုပြောတာကျော်သူရပိုင် မင်း အဲ့ပန်းသီးတစ်လုံးအခွံနွှာနေတာပြီးဦးမှာလားကွာ မက္ခရာလဲလက်ပါပါတယ်"

"အေးလေ အခွံပါဝါးစားပိုတောင်ကောင်းသေးတယ် အလုံးလိုက်ပဲအဲ့ကောင်ပါးစပ်ထဲထည့်ပေးလိုက်စမ်းပါ မင်းတို့နှစ်ကောင်လုပ်နေတာ မျက်လုံးတွေတောင်နှောက်လာပြီ"

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now