"မက္ခရာ ငါ့ကိုဒီအပုဒ်လေးကျက်ကူဦး"
"အင်း ရတယ်လေ ငါ့နားတိုးခဲ့"
မက္ခရာက ခန့်ထူးအမေးကိုချင်ချင်းပင်ပြန်ဖြေလိုက်သည်။ ခန့်ထူးကငယ်ငယ်ကတည်းကအဖွဲ့ထဲမှာ မက္ခရာတို့လောက် စာသိပ်မလိုက်နိုင်တဲ့သူဖြစ်တာမို့ အမြဲစာကူကြည့်ပေးရသည်။ မက္ခရာမှမဟုတ် မင်းသွေးနှင့် ပိုင်စိုးခန့်တို့လဲတစ်ယောက်တစ်လှည့်ကြည့်ပေးကြသည်။ ငယ်ငယ်ကတည်းကလည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်တာကြောင့် ဘယ်အရာမှာမဆို တစ်ယောက်ယောက်ကနောက်ကျကျန်ခဲ့မှာကို မလိုချင်သောကြကြောင့်ဖြစ်သည်။
ယခု မက္ခရာတို့ ကျော်သူရပိုင်၏အခန်းထဲကိုရောက်နေကြတာဖြစ်သည်။ ဘာလုပ်နေကြတာလဲဆိုတော့ သူငယ်ချင်းတွေဝိုင်းပြီးစာလုပ်နေကြတာပေါ့။
မက္ခရာရဲ့အိမ်နဲ့ ကျော်သူရပိုင်ရဲ့အိမ်က မျက်နှာချင်းဆိုင်ဖြစ်နေရုံမက အိမ်ပုံစံချင်းလဲတူသလို အခန်းဖွဲ့စည်းပုံချင်းလဲတူသည်။ ဒါကြောင့် မက္ခရာရဲ့ အခန်းက အိမ်ရဲ့ဒုတိယအထပ်က ညာဖက်ထောင့်ဆုံးခန်းဖြစ်ပြီး ကျော်သူရပိုင်လဲအဲ့ဒီလိုပင်။ ပြတင်းပေါက်နေရာချင်းလဲတူတာမို့ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရင် ကျော်သူရပိုင် မက္ခရာကိုမြင်ရသလိုမျိုး ၊ မက္ခရာလဲ ကျော်သူရပိုင်ကိုမြင်ရပါသည်။ သို့ပေမဲ့ မက္ခရာက ကျော်သူရပိုင်ကိုမမြင်ချင်မှအဆုံး အမြင်ကပ်ခဲ့ဖူးတာကြောင့် အဲ့ဒီပြတင်းပေါက်ကို အမြဲပိတ်ပိတ်ထားတတ်သည်။ ကျော်သူရပိုင်ကတော့ အဲ့လိုမဟုတ်။
"ဒေါက်ဒေါက်"
"ဟေ့ ကျော်ကြီး ဒေါ်လေးထင်တယ် တံခါးဖွင့်ပေးလိုက်ဦးလေ"
"အေးပါ"
မေမေကဟိုးငယ်ငယ်လေးကတည်းက ကျော်သူရပိုင်စာလုပ်နေရင် အနှောက်အယှက်ပေးရိုးမရှိပေမဲ့ ယခုမက္ခရာတို့ပါအိမ်မှာစာလာလုပ်ကြတော့ မေမေကအထူးအဆန်းပင် အပျင်းပြေစားရအောင် မုန့်တွေ အသီးတွေလဲပြင်ဆင်ပေးသည်။ ယခုလဲ တံခါးလာခေါက်ပြန်ပြီဆိုတော့ နောက်ထပ်ဘာတွေအလိုရှိပြန်တယ်မသိ။ ထို့ကြောင့် မြန်မြန်ပင် ကျော်သူရပိုင် မက္ခရာဘေးတွင်ထိုင်ကာစာလုပ်နေရာမှထ၍ တံခါးဖွင့်ပေးလိုက်သည်။
YOU ARE READING
ᴍᴀᴛᴋʜᴀʏᴀʀ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.