"ဟိုး နေဦးနေဦး ခဏနေဦး"
"ဘာဖြစ်ရပြန်တာလဲ မက္ခရာရာ ငါ့အမေကအိမ်ပြန်နောက်ကျရင်စိတ်ဆိုးမှာကွ မြန်မြန်ငါ့ဆိုင်ကယ်ပေါ်တက်စမ်းပါ"
"ဟေ့ကောင်ကျော်ကြီး သင်တန်းကအခုမှပြီးတာကွ မင်းအပိုတွေလုပ်မနေနဲ့ ငါ... ငါ မင်းနဲ့အတူမပြန်တော့ဘူး မင်းဆိုင်ကယ်မောင်းတာအရမ်းမြန်တယ်ကွ ငါကြောက်တယ် လိုက်မစီးရဲတော့ဘူး"
"ကျစ်! စားပြန်ပြီကွာ"
မက္ခရာဆိုတဲ့ကောင်က သရဲလဲကြောက် ၊ အမြင့်လဲကြောက် ၊ ကြောက်လို့ရသမျှအကုန်ကြောက်။ ကျော်သူရပိုင် ဆိုင်ကယ်မောင်းတာလဲ မက္ခရာပြောသလောက် အကြမ်းပတမ်းမဟုတ်။ အရှိန်လဲအရမ်းမမြန်။ တကယ်ဆို အနောက်မှာ မက္ခရာပါလို့တောင် ကျော်သူရပိုင်က သူကြောက်နေမှာစိုးလို့ တမင်အရှိန်ကိုလျှော့ထားပေးသေးသည်။ ဒါကိုတောင်မှ မက္ခရာကကြောက်နေသေးသည်တဲ့။
"နီ...နီ့ဘာသာပြန် ဝေါလဲဝေါ့ဘာသာဝေါ်ပဲပြန်တော့မယ်"
"ဟေ့ကောင်မက္ခရာမင်းစခွက်ထထမပြောင်နဲ့ ပြောနေကြအတိုင်းပဲပြောစမ်းပါကွာ"
ဟုတ်တယ် တရုတ်စကားကိုတစ်ရက်လေးသင်ပြီး ချက်ချင်းတရုတ်ဖြစ်ချင်သွားတဲ့ကောင်။
"မပြောဘူးကွာ နီဖယ် နီဖယ် ဝေါ့ဘာသာပဲလမ်းလျှောက်ပြန်တော့မယ်"
"ဟေ့ကောင် မက္ခရာ!"
မက္ခရာတကယ်ကို ကျော်သူရပိုင်၏ဆိုင်ကယ်နောက်လိုက်စီးရမှာကြောက်တာပါ။ ဒီကောင်ကပြောရတာမဟုတ် သူမောင်းချင်သလိုတွေမောင်းတာ။ ဒါကြောင့်အခုကစ ညနေဖက်သင်တန်းကိုတော့ မက္ခရာကိုယ့်ဘာသာပဲအဆင်ပြေသလိုသွားဖို့ဆုံးဖြတ်လိုက်သည်။ ဒါကြောင့် ဒီညနေတော့ ဖြစ်သလိုပဲ အိမ်ကိုလမ်းလျှောက်ပြန်မဲ့အကြောင်းကို ကျော်သူရပိုင်အားပြောပြနေခြင်းဖြစ်သည်။
ဒါကိုကျော်သူရပိုင်က သူနဲ့မတူအောင် ဒေါသမောထကာ မက္ခရာရဲ့လက်ကိုလဲ မလွှတ်ပေးပဲမအတင်းဆွဲထားသည်။
"နီ နီ...ဝေါ့လက်ကိုလွှတ်နော်"
"မက္ခရာ အခုကညနေစောင်းနေပြီကွ ပြီးတော့ဒီပတ်ဝန်းက မင်းတို့ငါတို့ ကျွမ်းကျင်တဲ့ ပတ်ဝန်းကျင်လဲမဟုတ်ဘူး ပြီးတော့မင်းပြောသလို မင်းကိုဖြစ်သလိုထားခဲ့ပြန်ရင်လဲ အိမ်ရောက်ရင် ငါ့အမေဆူတာတင်မကဘူး မင်းအမေဆူတာပါခံရမှာကွ စကားမများစမ်းနဲ့ ဆိုင်ကယ်ပေါ်တက်စမ်းကွာ"
YOU ARE READING
ᴍᴀᴛᴋʜᴀʏᴀʀ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.