Part 15 ( Zawgyi )

238 8 0
                                    

"မင်းတို့မျက်နှာတွေကဘာဖြစ်တာလဲ"

"ဘာဖြစ်ရမှာလဲ မင်းသူငယ်ချင်းတွေအစားတလုတ်ကြောင့် ရန်ဖြစ်ကြတာလေ"

မက္ခရာက မနက်နိုးလာကတည်းက မင်းသွေး ၊ ပိုင်စိုးခန့်နှင့် ခန့်ထူးရဲ့မျက်နှာတွေကိုကြည့်ပြီး ထိုမေးခွန်းကိုသာထပ်ထပ်မေးနေတာကြောင့် ကျော်သူရပိုင်ကပဲ မနေနိုင်လို့ကြားထဲကဝင်ဖြေလိုက်သည်။

ဟုတ်သည်လေ။ လင်းအသစ်တို့အုပ်စုနဲ့ရန်ဖြစ်လာကြတာချင်းအတူတူ ကျော်သူရပိုင်ကအကောင်းပတိ ၊ အဲ့သုံးကောင်ကျမှ ဒဏ်ရာတွေနဲ့မို့ မက္ခရာက သံသယဝင်လဲဝင်လောက်စရာပင်။ တကယ်တော့ သူတို့ပါမဟုတ် ရာဇာလဲ ဒဏ်ရာအနည်းငယ်ရလာသေးသည်။

သို့ပေမဲ့ နောက်ဆိုဒီလိုပြသာနာတွေမဖြစ်နိုင်တော့ပါ။ ဘာကြောင့်ဆို မနေ့ညက လင်းအသစ်တို့အုပ်စုကို ကျော်သူရပိုင်တို့ ရဲလက်အပ်ခဲ့ပြီဖြစ်သည်။ မက္ခရာကို အုပ်စုလိုက်ဝိုင်းအနိုင်ကျင့်ခဲ့ကြလို့ ကျော်သူရပိုင်အပြင် မက္ခရာရဲ့ ချစ်စရာသူငယ်ချင်းသုံးယောက်ကလဲ လင်းအသစ်ကိုညဒီဘဝနဲ့နောက်ဘဝစာ ၊ နှစ်ဘဝစာတစ်ခါထဲကြုံးခဲ့ပြီးဖြစ်သည်။

တကယ်တော့ မက္ခရာကိုသာအကုန်လုံးကိုပေါင်းလိမ်ထားကြတာ မနေ့ညက ကျော်သူရပိုင်ရော ဟိုသုံးကောင်ရောညစာငတ်ခဲ့ကြသေးသည်။

"ဟင်"

ဒီကောင်တွေထူးဆန်းနေသည်။ တော်တော်ကိုထူးဆန်းနေသည်။ မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့။ မက္ခရာမှတ်မိသလောက်တော့မနေ့က သူတို့ မက္ခရာကိုတစ်ယောက်ထဲထားခဲ့ပြီး အစားသွားစားကြတယ်။ မနက်မိုးလင်းကြည့်လိုက်တော့ ဒီကောင်တွေက ကျော်သူရပိုင်အိမ်မှာပဲ အိပ်နေကြတာပင်။

မျက်နှာမှာလဲဒဏ်ရာတွေနဲ့မို့မေးလိုက်တော့ မနေ့ညကအစားလုစားရင်းရန်ဖြစ်ကြတာတဲ့။ ဖြစ်နိုင်လို့လား။ အဲ့တာကြီးကို မက္ခရာကယုံရမယ်ပေါ့...

"ဟေ့ မင်းတို့တွေငါ့ကြောင့်ရန်ဖြစ်လာကြတာတော့မဟုတ်ဘူးမလား"

"အားအားယားယားကွာငါတို့ကဘယ်သူနဲ့ရန်ဖြစ်ရမှာလဲ"

"...."

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now