🌃 South Korea ၊ 2023ခုနှစ် ၊ 12လပိုင်း ၊ 11ရက် ည 9နာရီအချိန်။
Bam🐾 POV
မင်္ဂလာပါ။ ကျွန်တော်က Bamပါ။ ဖေဖေ့ရဲ့ သားပေါ့။ အာ ကျွန်တော့် ဖေဖေက Jeon JungKookလေ။ BTS အဖွဲ့ဝင်တစ်ယောက်ပေါ့။ ဖေဖေက နိုင်ငံကျော်အဆိုတော်ကြီးဗျ။ အခုဆိုရင် အဖွဲ့လိုက်အပြင် Soloအနေနဲ့ ဆထက်တိုးအောင်မြင်လာပြီး ကမ္ဘာကျော်အဆိုတော်ကြီးပါ ဖြစ်နေပြီ။ Liveလွင့်တိုင်းလည်း "Bamရေ အဖေက အဆိုတော်ကွ သိလား? နိုင်ငံကျော်အဆိုတော်တစ်ယောက်လေ Bam သိလား?"နဲ့ ဖေဖေက ကျွန်တော့်ကို အမြဲမေးလေ့ရှိတယ်။
ကျွန်တော်သိပါတယ်။ သခင်တစ်ခါပြောပြထားရင် ကျွန်တော် ချက်ချင်းမသိဘူးဆိုရင်တောင် နားလည်နိုင်အောင် အမြဲကြိုးစားတယ်။ ကျွန်တော်က ဒိုဘာမင်အမျိုးအစားလေ။ ဥာဏ်ရည်အဆင့် 5နေရာမှာရှိတဲ့ အမျိုးအစားကိုး။ ဥာဏ်ထက်တဲ့အမျိုးအစားထဲ ကျွန်တော်တို့ အာဝုအမျိုးအစားပါတယ်။ ဒီတော့ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ဒိုဘာမင်ဆိုတာ သခင်ကို အသက်ပေးကာကွယ်တဲ့ ကိုယ်ရံတော်ခွေးအမျိုးအစားပေါ့။
ဖေဖေက နေ့တိုင်းလိုလို အိမ်မှာ အမြဲတမ်းသီချင်းလေးတညည်းညည်းနဲ့ ရှိနေတတ်တာတွေကြောင့် သခင်က သီချင်းဆိုရတာကြိုက်မှန်းတော့ ကျွန်တော်သတိထားမိလာတယ်။
သီချင်းနဲ့ပတ်သတ်ပြီး အများကြီးတော့ ကျွန်တော် နားမလည်ပေမယ့် ဖေဖေ့မျက်နှာရိပ်မျက်နှာကဲကို ကျွန်တော်ဖတ်တတ်တာမို့ ဘယ်သီချင်းကိုဆိုနေရင် ဖေဖေ ဘယ်လိုခံစားနေရလဲဆိုတာကိုတော့ ကျွန်တော် အချိန်ခဏလေးအတွင်းမှာပဲ ခံစားတတ်လာခဲ့တယ်။
တစ်ခါတစ်လေ ဖေဖေက ကျွန်တော့်အိမ်ထဲ အတူတူလာအိပ်ပေးတဲ့အခါတွေရှိတယ်မလား? အမ်း အဲ့လို အတူတူအိပ်တဲ့အခါဆိုရင် ဖေဖေက ကျွန်တော့်ကို သီချင်းဆိုပြီးတော့ ချော့သိပ်သေးတယ်ဗျ။ ကျွန်တော့်ကိုသိပ်ရင်းနဲ့ သူအရင်အိပ်ပျော်သွားရင်တော့ သီချင်းသံအစား ဖေဖေ့ဟောက်သံသဲ့သဲ့ကိုပဲ ဆက်လက် နားဆင်ရင်း ကျွန်တော်က အိပ်ရတော့တာပါပဲ။
YOU ARE READING
Invisible String🐾
PoetryJK🐰နဲ့ Bam🐾လေးကြားက သံယောဇဥ်နှောင်ကြိုးလေးအကြောင်းကို အခြေခံပြီးတော့ဖြစ်တည်လာမယ့် ကဗျာစာစုလေးတွေပါ။ Bam🐾ကိုယ်စားရေးပေးမယ့် သခင့်အတွက် မေတ္တာစာလေးတွေပေါ့💌 I respectfully credit all the original uploaders of the photos included in my...