🐰Invisible String🐾

12 2 0
                                    

Invisible String🐾 (Dec 22 to Dec 26)

🌃 South Korea ၊ 2023ခုနှစ် ၊ 12လပိုင်း ၊ 22ရက် ၊ ည 9နာရီအချိန်။

Bam🐾 POV

မ​နေ့ညက​တော့ နေသိပ်မ​ကောင်း​​သေးတာနဲ့ ကျွန်​တော်လည်း အိပ်သွားတာဗျ။ ကျွန်​တော်​တ​ရေးနှိုးလာ​တော့ အခန်းထဲမှာ ဘယ်သူမှ မရှိကြ​တော့ဘူး။ ​နေမ​ကောင်း​​သေး​တော့ ​လေ့ကျင့်​ရေးလည်း အရင်ရက်​တွေက​လောက် မလုပ်ရဘူး​လေ။ အဲ့ဒါ​ကြောင့် ဒီ​နေ့တ​နေကုန် ကျွန်​တော်က စားလိုက်အိပ်လိုက်ပဲ။

ခုညပိုင်း​ရောက်​တော့ ​တ​​​နေကုန် အနားကောင်း​ကောင်းယူလိုက်ရတာ​ကြောင့် နည်းနည်းထူထူ​​ထောင်ထောင်ဖြစ်လာသည်။ ​နေမြန်မြန်​ကောင်းလာတာပဲ တော်​သေးတယ်​ ပြောရမယ်။

ညစာစားပြီး​တော့ အိပ်ဖို့အတွက် အိပ်ရာ​ပေါ်တက်ကာ ​ဖေ​ဖေနဲ့တွဲရိုက်ထားတဲ့ ပုံ​လေးကို ခဏ​​ငေးကြည့်​နေလိုက်သည်။

​ဖေ​ဖေ့ကို လွမ်းလိုက်တာဗျာ~~~

ကျွန်​တော်​ နေပြန်​​ကောင်းလာပြီ သိလား??

သခင် တအားစိတ်မပူနဲ့​​တော့! ကျွန်​တော်က သန်မာပါတယ်​...

သခင် နေ​ကောင်းကျန်းမာ​ပျော်ရွှင်​နေမယ်လို့ပဲ ကျွန်​တော်​​ မျှော်လင့်ပါတယ်။ ​သခင် နေ​ကောင်းကျန်းမာ​​ပျော်ရွှင်​နေဖို့အတွက်လည်း ကျွန်​တော် နေ့တိုင်းဆု​တောင်း​ပေး​နေတယ် သိလား?

သခင်က ကျွန်​တော်ရဲ့အ​ဝေးမှာရှိ​နေမှာဆို​ပေမယ့် ကျွန်​တော့်ဆု​တောင်း​​တွေ​ကြောင့် သခင့်စိတ်​ရောကိုယ်ပါ ​နွေး​ထွေးလုံခြုံ အဆင်​ပြေ​နေ​စေ့ချင်တာ တကယ်ပါ။

​လွမ်း​ရတဲ့ အချိန်တွေဟာ ​နွေဦး​ရောက်တဲ့အခါကျရင် ​ပြေ​ပျောက်ရလိမ့်မယ်လို့ပဲ ကျွန်​တော်​မျှော်လင့်ထားပါတယ်။

ကျွန်​တော့်အနားက ဖြတ်​လျှောက်တိုင်း ထွက်​ပေါ်လာ​လေ့ရှိတဲ့ သခင့်ခြေသံသဲ့သဲ့ကလေး​တွေကို ကျွန်​တော် သိပ်သတိရတာပဲ~~

သခင့်ရဲ့ သီချင်းဆိုညည်းသံ​လေး​တွေကို​လည်း လွမ်းတယ်~~~

သခင့်ရဲ့ ရယ်မြူးသံ​လေး​တွေနဲ့ သခင့်မျက်နှာ​ပေါ်က မှဲ့နက်​သေး​သေး​လေး​တွေကို​​တော့ ကျွန်​တော် အမြတ်နိုးရဆုံး​ပဲပေါ့~~~

Invisible String🐾Where stories live. Discover now