🐰Invisible String🐾

9 2 0
                                    

Invisible String🐾 (Jan 14 to Jan 18)

🌃 South Korea ၊ 2024ခုနှစ် ၊ 1လပိုင်း ၊ 14ရက် ၊ ည​ 7နာရီအချိန်။

Astra ☆ POV

မနက်က Bamနဲ့ပတ်သတ်ပြီး ​××××စင်တာက ကို Adamကို ​မေးထားတာ​လေး နည်းနည်းရှိတာနဲ့ ည​နေ​လောက်ကပဲ ကော်ဖီဆိုင်မှာ​ ခဏတွေ့ဖြစ်ခဲ့လိုက်​ကြသေးတယ်။

ဆိုင်က​နေ ဝယ်ယူထားတဲ့ Dream Catcher​လေးရော အသုံးပြု​ကြည့်​နေတာ အဆင်​ပြေရဲ့လား?​ မေးကြည့်​တော့ အချိန်က တပတ်ပဲရှိ​​သေး​တော့ ​သူ့အ​နေနဲ့ သေချာပြောမပြ​​ပေးတတ်​သေးဘူးဆိုပဲ။

အရင်လို ညဘက် တ​ရေးမှ အိပ်မရတာထက်စာရင် ခဏအိပ်သွားလိုက် ပြန်နိုးလာလိုက်​တော့ ဖြစ်တယ်လို့​ပြောတယ်။ လပိုင်း​လောက် သုံးကြည့်ပြီးရင်​တော့ ​ကောင်းတယ် မ​ကောင်းဘူး သူ Review ​သေချာပြန်လာ​​​ရေးပေးပါ့မယ် ဆိုပဲ။

အဲ့ဒီလို ည​နေက ကိုAdamနဲ့ ​တွေ့ဆုံဖြစ်သွားခဲ့ရတဲ့ ဇာတ်လမ်းက​တော့ ဒီလိုပါ။ ကို Adamမှာထားတဲ့ Dream Catcher​လေးကို သွား​ပေးကြတဲ့ ညက ××××စင်တာကို ကျွန်မနဲ့အ​ဖော်လိုက်လာ​ပေးတဲ့ ညီမ​လေး​ကို မှတ်မိကြမယ်ထင်ပါတယ်။

အမ်း....အဲ့ဒီ ညီမ​လေး​ပေါ့။ မနက်ဆိုင်ဖွင့်တာနဲ့ ညက ပစ္စည်းသွားပို့​တော့ DCမှာတဲ့အစ်ကိုက ဘယ်လိုချော​ကြောင်း ​ဖောက်သည်ချလိုက်ပြီး​တဲ့နောက် ဆိုင်က ညီမ​လေးတသိုက်ရဲ့ စုံ​ထောက်မုအအွန်လွန်တာက​နေ စ​ခဲ့ရတာ​။

ကို Adam ပစ္စည်းလာမှာတဲ့ Accထဲကို ဝင်ကြည့်ရင်း စပ်စုကြ​တာ ကျွန်မကို တားချိန်မရလိုက်။ အဲ့ဒီက​နေ ကို Adamအလုပ်လုပ်​နေတဲ့ ××× စင်တာရဲ့ Accကိုပါ ​​တွေ့သွားကြပြီး Bamကို​​​လေ့ကျင့်​​ရေးဆင်းပေး​နေတဲ့ ပုံ​တွေကိုပါ တွေ့သွားကြတာ။

Bamကိုမြင်​တော့ အဆို​တော် Jungkook​ခွေး​လေးလား? အဲ့ဒီ ×××စင်တာဆိုရင် Bamက Jungkook ​​မွေးထားတာ ဟုတ်တယ်။ မဟုတ်ဘူး ငြင်းခုန်ကြရင်းနဲ့ ဆိုင်ထဲလည်း ​ဝန်ထမ်း၄ ၅ ​ယောက်ရှိလို့သာပဲ။ တဆိုင်လုံး သူတို့အသံနဲ့တင်ကို ဆူညံသွားရ​​တော့တာ။

ကိုယ်က​တော့ အဲ့ဒီလို အနုပညာရှင်​တွေရဲ့ အ​ကြောင်း​တွေကို သိပ်မသိ။ သီချင်း​ နား​​ထောင်​ကောင်းရင် နား​ထောင်တယ်။ ရုပ်ရှင်ဆိုရင်လည်း အဲ့ဒီလိုပဲ။ ဇာတ်လမ်း​ကောင်းတယ်ဆိုရင် ကြည့်လိုက်တယ်။

Invisible String🐾Where stories live. Discover now