🐰Invisible String🐾

18 2 0
                                    

Invisible String🐾(Dec 12 to Dec 16)

🌃 South Korea ၊ 2023ခုနှစ် ၊ 12လပိုင်း ၊ 12ရက် ၊ ည 9နာရီအချိန်။

Bam🐾 POV

တ​နေကုန် စခန်းကစီစဥ်​​ပေးထားသည့် လေ့ကျင့်စရာများကို ​သေချာပါဝင်​လိုက်နာဆောင်ရွက်​ပေးပြီး အိပ်ချိန်​ရောက်တာနဲ့ ကျွန်​တော့်ကို တာဝန်ယူကြည့်ရှု​ပေး​နေတဲ့ အစ်ကိုကြီးနဲ့အတူ ကျွန်​တော် အိပ်ရမယ့်​နေရာဆီကို ပြန်လာခဲ့လိုက်ရပြီ။

"Bam! မ​​ဆော့ဘဲ အိပ်​တော့​နော်....မနက်ဖြန်​ကျ ပြန်တွေ့မယ် ဟုတ်ပြီလား?"

စကားဆုံးတာနဲ့ ကျွန်​တော်လည်း ​ဟောင်သံတစ်ချက်​ပြန်ပေးပြီး နာခံ​ကြောင်းပြသရင်း ကျွန်​တော့်အိပ်ရာ​ပေါ် ကျကျနနဝင်အိပ်ဖို့ ပြင်လိုက်သည်။

​မွေ့ရာ​ပေါ် တစ်ပတ်လှည့်ပြီး အိပ်ချလိုက်​ရာ ​ဗိုက်​ဘေးမှာ တစ်ခုခု​ကလာထောက်​နေသလိုရှိတာနဲ့ ပြန်ထကြည့်လိုက်​တော့ ​လေး​ထောင့်ပုံစံ စာရွက်တစ်ရွက်လား မသိ။

ပါးစပ်နဲ့ အသာလှမ်းဟပ်ပြီး ​မွေ့ရာ​ပေါ်ကိုက်ယူတင်ကြည့်လိုက်​တော့မှ ​ဖေ​ဖေနဲ့ကျွန်​တော် အတူတူရိုက်ထားတဲ့ ဓါတ်ပုံ​ကလေးဖြစ်​နေသည်။

​​ဖေ​ဖေ မ​နေ့က ကျွန်​တော့်ကိုလာ​တွေ့​တော့ ​ကျန်​ခဲ့တာလား မသိဘူး~~

​ဖေ​ဖေ့ပုံကို လက်နဲ့အသာဖိပြီး လွမ်းလာတာနဲ့ တအီအီ အီသံထုတ်လိုက်မိရာ အ​စောက ကျွန်​တော့်ကိုလာပို့သွားတဲ့ အစ်ကိုက ချက်ချင်းပြန်ဝင်လာသည်။

"Bam...သား အီ​နေတဲ့အသံကြားလိုက်လို့။ နေလို့မ​ကောင်းလို့လား? သား~ အစ်ကို့ဆီ ခဏလာပါဦး...."

ဓါတ်ပုံကို လက်နဲ့တို့ပြရင်း ပါးစပ်နဲ့ အသာကိုက်ပြီး အဲ့ဒီအစ်ကို လက်ထဲထည့်​ပေးလိုက်ရာ အစ်ကိုက ဓါတ်ပုံ​ကို ခဏကြည့်ရင်း ကျွန်​တော့်ကို အသာလာဖက်ထား​ပေးသည်။

"​ဪ သားက ဖေ​ဖေ့ကို လွမ်း​နေလို့လား?? သား​ ဖေ​ဖေကလည်း သားကို လွမ်း​နေမှာပါ Bamရဲ့~~ သား​ ဖေ​ဖေက သားကို ဘယ်​လောက်ချစ်လိုက်သလဲ? အစ်ကို​ပြောတာကို ယုံ..."

Trainerအစ်ကို့,ကို တစ်ချက်​ထောက်ခံရင်း ​ဟောင်သံတစ်ချက်​ပေးပြလိုက်​တော့မှ အစ်ကိုက သ​ဘောတကျရယ်ရင်း ​ဖေ​ဖေနဲ့ကျွန်​တော့်ဓါတ်ပုံ​လေးကို ကျွန်​တော်အိပ်တဲ့နား​လေးမှာ အသာကပ်​​ပေးသွားသည်။

Invisible String🐾Wo Geschichten leben. Entdecke jetzt