Intro🐾💌

25 3 0
                                    

🌃 South Korea ၊ 2023ခုနှစ် ၊ 12လပိုင်း ၊ 11ရက် ည 9နာရီအချိန်။

Bam🐾 POV

မင်္ဂလာပါ။ ကျွန်​တော်က Bamပါ။ ​ဖေ​ဖေ့ရဲ့ သား​ပေါ့။ ​​အာ ကျွန်​တော့် ဖေ​ဖေက Jeon JungKook​လေ။ BTS အဖွဲ့ဝင်တစ်​ယောက်​ပေါ့။ ​ဖေ​ဖေက နိုင်ငံ​ကျော်အဆို​တော်ကြီးဗျ။ အခုဆိုရင် အဖွဲ့လိုက်အပြင် Soloအ​နေနဲ့ ဆထက်တိုး​အောင်မြင်လာပြီး ကမ္ဘာကျော်​အဆို​တော်ကြီးပါ ဖြစ်နေပြီ။ Liveလွင့်တိုင်းလည်း "Bam​ရေ အ​ဖေက အဆို​တော်ကွ သိလား? နိုင်ငံ​ကျော်အဆို​တော်တစ်​ယောက်​လေ Bam သိလား?"နဲ့ ​ဖေ​ဖေက ကျွန်​တော့်ကို ​အမြဲ​​မေး​လေ့ရှိတယ်။

ကျွန်​တော်သိပါတယ်။ ​သခင်တစ်ခါ​ပြောပြထားရင် ကျွန်​တော် ချက်ချင်းမသိ​ဘူးဆိုရင်တောင် နားလည်​နိုင်အောင် အမြဲကြိုးစားတယ်။ ကျွန်​တော်က ဒိုဘာမင်အမျိုးအစားလေ။ ဥာဏ်ရည်အဆင့် 5​နေရာမှာရှိတဲ့ အမျိုးအစားကိုး။ ဥာဏ်ထက်တဲ့အမျိုးအစားထဲ ကျွန်​​တော်တို့ အာဝုအမျိုးအစားပါတယ်။ ဒီ​တော့ တနည်းအားဖြင့်​ပြောရမယ်ဆိုရင် ဒိုဘာမင်ဆိုတာ သခင်ကို အသက်​ပေးကာကွယ်တဲ့ ကိုယ်ရံ​တော်​ခွေး​အမျိုးအစားပေါ့။

​ဖေ​ဖေက နေ့တိုင်းလိုလို အိမ်မှာ အမြဲတမ်းသီချင်း​လေးတညည်းညည်းနဲ့ ရှိ​နေတတ်တာ​တွေ​ကြောင့် သခင်က သီချင်းဆိုရတာကြိုက်မှန်း​တော့ ကျွန်​တော်သတိထားမိလာတယ်။

သီချင်းနဲ့ပတ်သတ်ပြီး အများကြီး​တော့ ကျွန်​တော် နားမလည်​ပေမယ့် ​ဖေ​ဖေ့မျက်နှာရိပ်မျက်နှာကဲကို ကျွန်​တော်ဖတ်တတ်တာမို့ ​ဘယ်သီချင်းကိုဆို​နေရင် ဖေ​ဖေ ဘယ်လိုခံစား​နေရလဲဆိုတာကို​တော့ ကျွန်​တော် အချိန်ခဏ​လေးအတွင်းမှာပဲ ခံစားတတ်လာခဲ့တယ်။

တစ်ခါတစ်​လေ ​ဖေ​ဖေက ကျွန်​တော့်အိမ်ထဲ အတူတူလာအိပ်​ပေးတဲ့အခါ​တွေရှိတယ်​​မလား? အမ်း အဲ့လို အတူတူအိပ်တဲ့အခါဆိုရင် ​​ဖေ​ဖေက ကျွန်​တော့်ကို သီချင်းဆိုပြီး​တော့ ချော့သိပ်​​သေးတယ်ဗျ။ ကျွန်​တော့်ကိုသိပ်ရင်းနဲ့ သူအရင်အိပ်​ပျော်သွားရင်​တော့ သီချင်းသံအစား ​ဖေ​ဖေ့​ဟောက်သံသဲ့သဲ့ကိုပဲ ဆက်လက် နားဆင်ရင်း ကျွန်​တော်က အိပ်ရ​တော့တာပါပဲ။

Invisible String🐾Where stories live. Discover now