🐰Invisible String🐾

14 2 0
                                    

Invisible String🐾(Dec 17 to Dec 21)

🌃 South Korea ၊ 2023ခုနှစ် ၊ 12လပိုင်း ၊ 17ရက် ၊ ည 9နာရီအချိန်။

Bam🐾 POV

"Bam....အိပ်ချိန်​ရောက်ပြီ​ဆို​တော့ အစ်ကိုတစ်ခါထဲ မီးပိတ်​​ပေးထားခဲ့ရမလား?"

​စကားဆုံးတာနဲ့ တာဝန်ကျအစ်ကိုရဲ့ လက်​တွေက မီးခလုတ်ဆီ သွားနေတာကို မြင်​လိုက်တာ​ကြောင့် တဝုတ်ဝုတ်​ဟောင်သံ​ပေးရင်း မီးမပိတ်ဖို့လို့ တားရ​တော့သည်။

အ​ဖေနဲ့အတူတူရှိရင်​တော့ ဖေ​​​ဖေက ညဖက်​ရောက်လည်း မီးသိပ်ဖွင့်​လေ့မရှိတာကြောင့် အ​မှောင်ထဲ​နေရတာ တအားအခက်အခဲမရှိ။ ​အခုဖေ​​ဖေနဲ့ အတူတူမရှိ​နေဘဲ မီးအလင်း​ရောင်မရှိတဲ့ ဒီလို​နေရာကြီးထဲမှာ ​ကျွန်​တော်တစ်​ယောက်ထဲ​ မနေချင်။ ​​နောက်​တော့.... မီးသာပိတ်လိုက်ရင် ကျွန်​တော့်အိပ်ရာနားက ဖေဖေ့ပုံ​လေးကိုလည်း ကျွန်​တော် မမြင်ရ​တော့ဘူး​​လေ။

ညဖက်​ရောက်လာရင် ​​ဖေ​ဖေနဲ့​ဝေး​နေရလို့ အထီးကျန်တာ​ရော ၊ ဝမ်းနည်းတာ​​တွေရော တအားမခံစားရချင်တာ​ကြောင့် ဒီ မီးအလင်း​ရောင်ကိုပဲ ကျွန်​တော့်မှာ အားကိုး​ပြီး​​တော့နေနေရတာပါ။

"​ဟင်? ဘာလို့လဲ Bam? မီး မပိတ်ချင်လို့လား?"

🐾 : Woof! Woof!

"အင်းအင်း သားမပိတ်ချင်ရင်လည်း မပိတ်​တော့ပါဘူးကွာ.... အခုအတိုင်း​လေးပဲ မီးဖွင့်​ထား​ပေးခဲ့မယ်​ ဟုတ်ပြီလား?"

​မီးမပိတ်​တော့ဘူးဆိုမှ ကျွန်​တော်လည်း ​ဟောင်တာရပ်လိုက်ပြီး ​ရေ​​နည်းနည်းသောက်ကာ အိပ်ရာ​​ပေါ် ပြန်သွားအိပ်ဖို့ ပြင်ရ​တော့သည်။

ဘယ်လို​အ​မှောင်ထုထဲမှာမဆို ​ဖေ​ဖေ့အပြုံး​​နွေး​နွေးလေးကို မြင်​ယောင်ရင်းနဲ့နေရဲဖို့လည်း ကျွန်​တော်ကြိုးစားရပါဦးမယ်။

ကျွန်​တော်က ကိုယ်ရံ​တော်​ခွေးအမျိုးအစားဆို​ပေမယ့် သခင့်ဂရုစိုက်မှု​တွေနဲ့ပဲ ​နေသားကျ​နေတာ​ကြောင့် သခင့်ဆီက ယုယကြင်နာ​နွေး​ထွေးမှု​တွေကို လိုတာထက်ပိုပြီး​တော့ မက်​မောမိပါတယ်။

သခင် ကျွန်​တော့်ကို အားပါးတရ​ပွေ့ဖက်တိုင်း သခင့်ဆီကရ​နေကျ ကိုယ်သင်းရနံ့ခပ်သင်းသင်း​လေးနဲ့ သခင့်လက်​တစ်စုံဆီက​နေရတဲ့ အနွေး​​ဓါတ်က​လေး​က​​တော့ ဒီ​လောကကြီးထဲက ဘယ်အရာနဲ့မှမလဲနိုင်တဲ့ အရာ​တွေ​​​ပေါ့။

Invisible String🐾Where stories live. Discover now