အပိုင်း(၁)

553 30 10
                                    

Unicode

အနက်‌‌ရောင်ဂျစ်ကားလေးသည် ကျုံးကိုဖြတ်ကာ နန်းမြို့ရိုးကိုကျော်၍ ရတနာပုံ နန်းဆီသို့ ဦးတည်နေသည်။ နန်းရှေ့ ယာဉ်ရပ်နားရာတွင် ရပ်တန့်သွားပြီး နောက်တံခါးနှစ်ချပ်မှာ ပွင့်လာသည်။
ပထမဆုံး ဆင်းလာသူမှာ အင်္ဂလိပ်စစ်တပ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်တယောက်ဖြစ်သည်။ ထိုသူမှာ ငွေရောင်ဆံနွယ်နှင့် အစိမ်းရောင် မျက်ဝန်းများရှိတာ  သူ့အကြည့်တိုင်း အဆိပ်လူးထားသည့်မြားတခုနှယ်။ ထိုအယ်လ်ဖာမှာ လူတယောက်အား အကြည့်စူးစူးဖြင့် ကြည့်ရသည်ကို နှစ်သက်သည့်နှယ် မလှမ်းမကမ်းမှ ဧည့်ကြိုလာသည့်သူကို ကြည့်လာသည်။

နန်းတွင်သူများ၏ ရှေ့ဆုံး၌ ဦးဆောင် လျှောက်လှမ်းလာသူမှာ မင်းကြီး‌ သိရိမဟာဇေယျသူဘွဲ့ ခံ နိုင်ငံခြားရေးဝန်ထောက် ကုမ္မာမင်းသားဖြစ်သည်။ ထိုသူမှာ မန္တလေးဆောင်းအား အံတုရန် အဖြူရောင်သားမွှေးအင်္ကျီကိုလွန်းတရာပုဆိုးနှင့် တွဲဖတ်ဝတ်ဆင်ထားသည်။ အဖြူရောင်ကဲ့သို့ အရောင်ဖျော့ဖျော့ဝတ်ဆင်ထားသည်နှင့် လိုက်ဖက်ညီစွာ အသားအရည်မှာလည်း ဖြူဖွေးနေသည့်တိုင် အားနည်းဟန်မပေါ်ဘဲ နူးညံ့လှပကာ လိုက်ဖက်သည့်အရှိန်အဝါ တခုပိုင်ဆိုင်ထားသည်။ ထိုသူ၏ ခြေလှမ်းတိုင်း ကျက်သရေရှိလှကာ သိပ်မွှေ့လှပြီး မင်းဆွေမင်းမျိုးပီသလှသည်။ လည်တိုင်ကျော့ကျော့ထက်မှ ရွှေရောင်ပုလဲပတီးမှာ အမျိုးသားတဦးနှင့်အလွန်လိုက်ဖက်ညီကြောင်း တိုင်းတပါးသား ဗိုလ်ချုပ်မှာ ပထမဆုံးအကြိမ် လက်ခံမိခြင်း။

"မင်္ဂလာပါ ကြိုဆိုဖို့ တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ထောက် မောင်ငြိမ်းပါ"

" Hello တွေ့ရတာဝမ်းသာပါတယ် မစ္စတာငြိမ်း Captain Asherပါ"

ပြန်လည်မိတ်ဆက်ပြီးနောက် ထိုသူက ကားတဖက်ရှိရာညွှန်ပြရင်း တည်ကြည်သည့်အသံဖြင့် ပြောလာသည်။

"ဒီဘက်က မြို့စားSamuel ပါ "

ထိုစဉ် ကားတံကားပွင့်လာပြီး ရှည်လျားသည့် ခြေတံက နန်းမြေပေါ် ခြေချလာသည်။ အညိုနုနု တောက်ပြောင်နေသည့် သရေဖိနပ်ဖိနပ်နှင့်အတူ အဖြူရောင် ဘောင်းဘီက ထိုခြေတံများနှင့် အလွန်ပနံသင့်လှသည်။ ကားထဲမှ ထွက်လာရင်း မျက်လွှာပင်ကာ ကြည့်လာတော့ ထိုသူ၏ ရေခဲပမာအေးစက်သည့် မျက်ဝန်းပြာပြာများကို လျစ်ဟာပြသလာသည်။ ထိုသူ၏ ဆံနွယ်များမှာ သူ၏ အဖြူရောင်အနောက်တိုင်း ဝတ်စုံထက်မှာ ရွှေရောင်ကြိုးများထက်ပင် ထောက်ပသည့် ရွှေရောင်ဖျော့ဖျော့အရောင်ရှိကာ နေရောင်အောင် တလက်လက်တောက်ပနေဟန်။

ဒင်္ဂါး (Coin)Where stories live. Discover now