အပိုင်း(၂)

313 24 10
                                    

Unicode

ထိုကမ်းလင့်လာသည့် လက်မှာ သူ့အားအသူရာချောက်နက်ထဲစွဲချသွားနိုင်သည့်ဟန်ပေါ်ကာ သူအသိစိတ်ကြို့မျှင်လေးထံမှာ လက်မကမ်းရန် အကြိမ်ကြိမ်အသိပေးမည်ဟီးနေသည်။ ထိုလက်ကို ဆွဲယူလိုက်သည်နှင့် သူဟာ ထိုသူ၏ လက်ခုပ်ထဲမှရေဖြစ်သွားပေလိမ့်မည်။

သို့သည့်တိုင် ထိုသူ့လက်မှာ တချိန်က နေ့အလင်းရောင်အောက် ဒင်္ဂါးတပြားကမ်းလင့်လာသည့် လက်နှင့် တထပ်တည်းတူညီနေခဲ့သည်။ အမှောင်ကိုခွင်းအလင်းကိုဆောင်ကျဉ်းမည့်လက်တကမ်းနှင့် အတောင်ကိုချိုးကာငရဲကိုဆွဲခေါ်သွားမည်လက်တကမ်း ။ အလင်းနဲ့အမှောင်၊ အဖြူနဲ့အမဲ၊ အကောင်းနဲ့အဆိုး၊ အခုအခိုက်အတန့်မှာ ဘယ်ဟာက ရန်သူ ဘယ်ဟာက မိတ်‌ဆွေ မကွဲပြားနိုင်တော့ဘူး။ မျက်မောက်ရှိ ကမ်းလင့်လာသည့် လက်အား လှမ်းမဆွဲရန် မထိန်းနိုင်ခဲ့ချေ။

ထိုကြောင့် ထိုမျက်ဝန်းပြာပြာမှာ ပိုကာရွင်မြူးသွားချေသည်။

"တောင်းဆိုလေ"

"ကျွန်တော့်ကို ပွေ့ဖက်ပေးပါ"

"ဒါပဲလား"

"ကျွန်တော်ကိုအမှတ်အသားပေးပါ"

"ကောင်းပြီ မင်းတောင်းဆိုတာနော်"

ဖယောင်မီးဝါဝါအောက်တွင် ကမ်းလင့်လာသော လက်အား တင်းတင်းဆုပ်ကိုင်လိုက်တော့လေသည်။ လေအဝင့် တဖျက်ဖျက်လူးလွင့်နေသော ဖယောင်းမီးနှင့်အတူ သူတို့၏ ဖယ်ရိုမုန်းများဟာလည်း ပြင်းပြစွာရောနှောလျှက်။

သလွန်ထက် သို့ မင်းသားငယ်အား အသာချကာ အပေါ်ကအုပ်မိုးလိုက်တော့ ရီဝေဝေနှင့် နက်မှောင်သောမျက်စံများမှာ သူထံကျရောက်လာသည်။ ထိုအနက်ရောင်မျက်စံများမှာ နက်ရှိုင်းလွန်းလှ၍ အဆုံးမရှိချောက်နက်တခုပမာ ခံစားသွားရသည်။ မြို့စားတယောက်အနေဖြင့် သူ့ထံ အလှပဂေးများ မရှားလှပေ။ သို့သည့်တိုင် ထိုသူအားတွေ့စဉ်ကတည်းက သိမ်ပိုက်ရန် မစောင့်နိုင်တော့ချေ။

နက်မှောင်သည့် သူ၏မျက်ဝန်းနှင့်အပြိုင် ပတုံးရောင် ဆံနွယ်ယောင်ထုံးမှာ ယခုအခါပြေလျော့နေလေပြီ။ ထိုဆံနွယ်များမှာ မဟူရာလိုနက်မှောင်ကာ ပျော့ပျောင်းနေလေပြီး ငှက်မွေးပင်မကပ်နိုင်သည်ထိ။ ထိုဆံသားထက်မှ စန္နကူးနှင် တရော်ကင်ပွန်းရနံဖျော့ဖျော့ရှိနေလေသည်။ သူ၏ဇွန်ပန်းရနံ ဖယ်ရိုမုန်းများအား လျှစ်လျှူရှုထားပါလျှင် သူ၏ကိုယ်သင်းနံ့မှာ စန္နကူးနှင့်နံ့သာဖြူကဲ့သို့ သစ်မွှေးရနံဖျော့ဖျော့ရှိနေကာ ထပ်ခါထပ်ခါနမ်းရှိုက်ချင်မိစေသည်။

ဒင်္ဂါး (Coin)Where stories live. Discover now