အပိုင်း(၃)

385 24 1
                                    

Unicode

"နောက်ဆုံးတော့လဲ Mrs Smith ဖြစ်ဖို့မစောင့်နိုင်တော့ဘူးလား"

မျိုးရိုး Smith အမည်ရှိ မြို့စား Samuel မှာ နန်းဆောင်ပြတင်းမှတဆင့် ဝန်းကျင်ကိုငေးရင်း သူဘေးတွေရပ်နေသော မင်းသားငယ်အား လှောင်ထေ့နေခဲ့သည်။ မင်းသားမှာ မျက်စိစုံမှတ်ကာ စိတ်တည်ငြိမ်စေပြီးမှ ထိုသူအား အကြည့်လွဲမိသည်။

"ကျွန်တော်ကို အဲ့လောက်လဲ ထေ့ငေါ့မနေပါနနဲ့ ကျွန်တော်.."

သူစကားဆက်မပြောနိုင်ပါဘဲ ကြောင်အသွားရသည်။ ရောက်မိရောက်ရာ အကြည့်လွှဲမိလေတော့ မြင်ရသည်မှာ ထိုသူ့ရှေ့မှာ ပြန့်ကျံနေသည့် စာရွက်များပင်။ ထိုသူလက်ထဲ၌ မှင်တံမှာ ကိုင်ထားလျှက်ရှိသေး၍ ထိုသူမှာ လတ်တလောစာရေးနေဟန်ရသည်။ ထိုသည်များမှာ သူအတွက် အာရုံ စိုက်ရန် မတန်ချေ။ သူဝိညာဉ်၌ပါ တုန်လှုပ်စေသည်မှာ ထိုစာရွက်အဖြူပေါ်မှာ အနက်ရောင် စာလုံးများဖြစ်သည်။ သူလအနည်းငယ် တိုင်းတပါးတွင် နေလေဖူးသည်မို့ မျက်နှာဖြူများစွာနှင့် သိကြွမ်းကာ အင်္ဂလိပ်ဘာသာအရေးအသားအမျိုးမျိုးတွေ့ဖူးသည့်တိုင် ယခုလက်ရေးဟန်မှာ သူနှလုံးသားထဲထိ ရေးထိုးခဲ့သလို မှတ်မှတ်ရရရှိကာ ရင်းနှီးလှ၏။ သေချာကြည့်လျှင်တောင် ထိုလူ့လက်ရးမှာ သူကိုယ်၌၏ လက်ရေးနှင့် ကွဲပြားချက်အားရှာနိုင်လိမ့်မည်မဟုတ်ပေ။

မင်းသား၏လက်ရေးဟန်မှာ သူ့အား အင်္ဂလိပ်စာသင်ပေးခဲ့ဖူးသည့် လူတဦးအား အတုခိုးထားခြင်းပေမို့ အနှစ်ချုပ်ရသော် မြို့စား၏ လက်ရေးမှာ သူ၏ရင်တွင်းမှာ နေရောင်ခြည်ပမာ မျက်နှာဖြူ အယ်လ်ဖာနှင့် တူလှပေသည်။ လက်ရေးအဆုံးတွင် လူအများမှာ လက်အားကို လျော့လိုက်ကျသော်လည်း ထိုသူမှာမူ အဆုံးသပ်တွင် လက်အားဖြင့်ဖိကရေးတတ်လေသည်မို့ စာရွက်မှာပင် အရာထင်နေလေတတ်၏။ ထိုသည်ကပင် တပုံစံတည်း။

"ဘာလို့ဆက်မပြောတော့တာလဲ"

ဘေးမှသူကမေးလာသည့်တိုင် ဂရုမစိုက်အားခဲ့ပါချေ။ သူ၏လက်ကိုဆန့်ထုတ်လို့ စာရွက်အား ဆွဲယူကာ အသေးစိတ်ကြည့်မိသည်။ ကြည့်ပါများလေလေ ရင်းနှစ်ကျွမ်းဝင်သော ခံစားချက်မှာ လိမ့်ဝင်လာလေလေဖြစ်ကာ နှာဖျားများပင် ချည်လာရသည်။

You've reached the end of published parts.

⏰ Last updated: Dec 26, 2023 ⏰

Add this story to your Library to get notified about new parts!

ဒင်္ဂါး (Coin)Where stories live. Discover now