Chapter 10

1.6K 242 2
                                    

အပိုင်း (၁၀) - ဟန်တျန့်သို့အလည်သွားခြင်း

👻👻👻

လက်ထောက်လေးခမျာ နှစ်နာရီလောက်ကြာမှ ကိစ္စများကိုကြေလည်အောင် လက်ခံနိုင်သွားသည်။ သို့သော် မူလထိတ်လန့်အံ့ဩမှုများမရှိတော့သော်လည်း သူ့မျက်လုံးများက အသိစိတ်ကင်းမဲ့ကာ ထိခိုက်မှုအလွန်ကြီးမားကြောင်းဖော်ပြနေသည်။ အချိန်တိုအတွင်း မည်သို့မျှပုံမှန်အသိပြန်ဝင်လာမည့်ပုံမပေါ်ပေ။ လက်ထောက်လေးက ဝမ်ကယ့်ကိုကြည့်ပြီး ပါးစပ်ဟလိုက်ပြန်ပိတ်လိုက်၊ ပြန်ပိတ်လိုက်ပြန်ဟလိုက်နှင့် စိတ်ထဲကစကားတွေအများကြီးပြောချင်ပုံပေါ်သည်။ သို့သော် ဘာတစ်ခွန်းမှ ထုတ်မပြောနိုင်ရှာပေ။

ယင်ယွီထျန်းက လက်ထောက်လေးပုခုံးကိုပုတ်ကာ:

"ငါနားလည်ပါတယ်။ ငါ ဒီအကြောင်း‌ပထမဆုံးအကြိမ်သိရတော့ မင်းထက်တောင်ပိုဆိုးသေးတယ်။"

နူးနူးညံ့ညံ့ပန်းလေးတစ်ပွင့်လို ယင်ယွီထျန်းမှာ ယဲ့ချင်ထက်ခံနိုင်ရည်စွမ်းပိုနည်းပေသည်။ သူက ဒီအကြောင်းသိရသည်နှင့် "ဟင်" ခနဲအသံတစ်ချက်ထွက်ကာ မေ့လဲသွားသည်။ နာရီဝက်လောက်ကြာမှ သူပြန်သတိရလာသည်။ ထို့‌ေနာက် သူတို့နှစ်ယောက်စာချုပ်စာတမ်းနှင့် လက်ထပ်ထားပြီးပြီဆိုသည်ကိုထပ်ကြားရကာ နောက်တစ်ကြိမ် "ဟင်"ခနဲ သတိလစ်သွားပြန်သည်။ ဒီတစ်ခါတော့ သူတော်တော်နှင့်သတိပြန်မလည်ဘဲ တစ်နေ့လုံးနီးပါးသတိလစ်နေခဲ့သည်။

တစ်လလောက်ကြာသည်အထိ သူ့စိတ်ထဲအံ့ဩမှင်တက်နေသည်။ လုပ်သမျှအရာရာတိုင်းစိတ်လွတ်‌လက်လွတ်ဖြစ်‌ကာ မျက်လုံးအကြည့်များက ဝမ်ကယ်ကို အချိန်မရွေးထပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးတစ်လုံးလို မျက်ခြေမပြတ်လိုက်လံစောင့်ကြည့်နေခဲ့သည်။

ထိုသို့ခိုင်းနှိုင်းမှုက တကယ်တမ်း‌တော့ မှန်ကန်ဆီလျော်သည်။ မည်သို့ပင်ဆိုစေ ထိုအချိန်က ဒီကိစ္စကို မီဒီယာများသိသွားခဲ့လျှင် ရလဒ်ကဗုံးတစ်လုံးလောက်သက်ရောက်မှုရှိနိုင်ပြီး အနုပညာလောကတစ်ခုလုံး ပေါက်ကွဲထွက်သွားမှာ အသေအချာပင်။

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now