Chapter 47

987 130 0
                                    

အပိုင်း (၄၇) - နောက်ဆုံးအပိုင်း

👻👻👻

[@ဝမ်ကယ် ကုန်းကတော်၊ ပျော်ရွှင်စရာ (၇)နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့လေးဖြစ်ပါစေ။ လွန်ခဲ့တဲ့ (၂၇)နှစ်တာလုံး ငါနဲ့အတူအမြဲရှိ‌ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီးနောင်လာမဲ့ဆယ်စုနှစ်တွေမှာလည်း ငါ့ကိုဆက်ပြီးစောင့်ရှောက်ပေးပါဦးနော်။

PS: မင်း ငါတို့ရဲ့မင်္ဂလာနှစ်ပတ်လည်ကိုမေ့နေပေမဲ့ ငါကသ‌ဘောထားကြီးတဲ့သူဆိုတော့မင်းကိုခွင့်လွှတ်ပါတယ်။ လက်ဆောင်ကတော့ မင်းဖျော်ဖြေပွဲပြီးသွားတဲ့အချိန်ကျ ငါ့ကိုဖြည့်ဆည်းပေးတာစောင့်နေမယ်!]

ပို့စ်တွင် ဓာတ်ပုံနှစ်ပုံတွဲတင်ထားသည်။ တစ်ပုံကသူတို့နှစ်ယောက်၏လက်ထပ်စာချုပ်ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ နံရံတွင်ချိတ်ဆွဲထားသောသူတို့နှစ်ဦး၏မင်္ဂလာဦးဓာတ်ပုံဖြစ်သည်။ မင်္ဂလာဦးဓာတ်ပုံတွင် သူတို့နှစ်ဦးအနက် တစ်ဦးကအဖြူရောင်၊ တစ်ဦးကအနက်ရောင်နှင့်အရောင်မတူသည့်အနောက်တိုင်းဝတ်စုံများဆင်တူဝတ်ဆင်ထားသည်။ ဓာတ်ပုံကအလွန်ရင်းနှီးသောအနေအထားမဟုတ်ဘဲ မျက်နှာချင်းဆိုင်ရပ်ကာပွေ့ဖက်ရုံသာဖြစ်သည်။ သို့သော် မြင်လိုက်သည်နှင့် ပြောမပြတတ်အောင်လိုက်လျောညီထွေရှိပြီး လိုက်ဖက်ညီနေသည်။ 

ကုန်းကျယ်က weibo တွင်ပို့စ်တင်တာအလွန်ရှားသည်။ ပုံမှန်ဆိုလက်ထောက်များမှတစ်ဆင့် ပရိုမိုးရှင်းကြော်ငြာအချို့သာတင်လေ့ရှိသည်။ ဒီပို့စ်က ကုန်းကျယ်ကိုယ်တိုင်တင်သော ပထမဆုံးပို့စ်ဖြစ်သည်။ပို့စ်ပါအကြောင်းအရာကအလွန်ကြီးမားတာကြောင့် ငါးမိနစ်အတွင်း ကွန်မန့်အရေအတွက် (၁၀,၀၀၀) ကျော်သွားသည်။ လူတိုင်းက ဤတုန်လှုပ်စရာပို့စ်ကြောင့် အံ့ဩဆွံ့အသွားသည်။ ဆယ်မိနစ်အကြာ၌ ကွန့်မန့်များ (၁၀,၀၀၀) ကျော်မှ (၁၀၀,၀၀၀) ကျော်၊ (၁၀၀,၀၀၀)ကျော်မှ (၁၅၀,၀၀၀) အထိဖြစ်လာပြီး ဆက်လက်မြင့်တက်လျက်ရှိသည်။

နှစ်ဖက်အဖွဲ့များက ဒီနေ့လိုနေ့မျိုးအနှေးနှင့်အမြန်ကြုံရမည်မှန်းကြိုသိတာကြောင့် လုံးဝထိတ်လန့်ခြင်းမရှိပေ။ ဝမ်ကယ်၏အဖွဲ့ကတော့ သူတို့သူဌေးဘက်မှ မည်သို့မှတုံ့ပြန်ပြောဆိုခြင်းမရှိသေးတာကြောင့် ဘာလှုပ်ရှားမှုမှမရှိပေ။ ကုန်းကျယ်၏အဖွဲ့ကတော့ သူတို့သူဌေး၏ weibo ပို့စ်ကိုပြန်လည်ကူးတင်ကာ ဆုမွန်ကောင်းများတောင်းပေးနေသည်။

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now