1

967 108 2
                                    

Unicode🐅

လခြမ်း​ကွေးသည်  ချိတ်​လေး တစ်ခုလိုဖြစ်​နေပြီး အေးစက်သော အဖြူရောင်လရောင်သည် ပိုးစုန်းကြူးကဲ့သို့ မှိန်ဖျော့လို့နေသည်။ လရောင်အစက်အပြောက်လေးတွေက စဉ့်နီကြွေပြားတွေပေါ် ကျရောက်လို့ တော်ဝင်မြို့တော်တစ်ခုလုံးကို ပိုလို့တောင် အထီးကျန်နေပုံပေါ်စေသည်။

ကျယ်ပြောလှသော နန်း​တော်တွင်း လမ်းပေါ်၌ ခြေသံများ တဟုန်းဟုန်း ထွက်ပေါ်လာပြီး ငှက်များစွာ လန့်၍ပျံတက်သွားကြသည်။

ရွှေရောင်အမွှေးလုံး သဏ္ဍာန်လေးသည် နံရံပေါ်တွင် ရုတ်တရက်ပေါ်လာသည်။ အနီးကပ်စစ်ဆေးကြည့်ရာ လက်ဖဝါးအရွယ် ရွှေရောင်ကြောင်ကလေးတစ်ကောင်ပင် ဖြစ်သည်။
၎င်းသည် အမြင့်ဆုံးနေရာ၌ ခနရပ်ကာ ချီတုံချတုံဖြစ်နေသကဲ့သို့ ချောမွေ့သော စဉ့်ကြွပ်များကို ထိရန် သူ၏ခြေသည်းများကို အသုံးပြုခဲ့သည်။ သူ့နောက်က ခြေလှမ်းတွေက နီးသထက်နီးလာသည်။

ကြောင်လေးသည် ၎င်း၏နားရွက်များကို ကုပ်ပြီး နန်းတော်တံတိုင်းမှ ရုတ်တရက် ခုန်ဆင်းသွားခဲ့သည်။ နန်းတော်တံတိုင်းကြီးသည် ၎င်း၏သေးငယ်သော ခန္ဓာကိုယ်အတွက် အလွန်မြင့်မားနေသေးတာကြောင့် ဆင်းသက်သောအခါ လဲကျသွားပြီး မြေတွင် လှိမ့်သွားခဲ့သည်။အမွှေးကိုခါယမ်းလိုက်ပြီး အမြန်ထလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထူထဲသော မြက်ခင်းပြင်ထဲသို့ ဝင်​ရောက်ပျောက်ကွယ်သွားသည်။

"သေချာကြည့်၊ မပြေးစေနဲ့!"
အစောင့်ခေါင်းဆောင်၏ အသံသည် ကျယ်လောင်ပြတ်သားပြီး ကျန်အစောင့်များက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။ လှံတွေကို လက်ထဲမှာ လှည့်လိုက်ပြီး ဓားဖျားမဟုတ်သောဘက်ဖြင့် မြက်ခင်းကို မွှေနှောက် ရှာဖွေကြသည်။

မှောင်မဲနေသော ညတွင် မြင့်မားသော မြက်များနှင့် ကျောက်ဆောင်များ ပြည့်နေသော ဤတောင်ကုန်းတွင် လက်ဖဝါးအရွယ် ကြောင်တစ်ကောင်ကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။

သိပ်မကြာခင်မှာဘဲ နောက်ထပ် အစောင့်တပ်ဖွဲ့တစ်ခု ရောက်လာ​လေသည်။ သူတို့သည် ဆယ်ပေခန့်ရှည်သော ချွန်ထက်သော ခက်ရင်းခွများကို ကိုင်ဆောင်ကာ မြက်ပင်များကြားထဲသို့ ကြမ်းတမ်းစွာ ထိုးဖောက်ကြတော့သည်။

စားဖွယ်စုံနန်းတော်(mm translation)Where stories live. Discover now