5

392 89 1
                                    

Unicode 🍜🍜

     ကြောင်တွေက ငန်လွန်းတဲ့အရာတွေကို မစားသင့်ဘူး။ မဟုတ်ရင် သူတို့ရဲ့ ကျောက်ကပ် မကောင်း ဖြစ်စေလိမ့်မယ်။ ဒါက ကြောင်ပိုင်ရှင်တွေနဲ့ ကြောင်တွေကိုယ်တိုင် သိထားတဲ့ သာမန်ဗဟုသုတပါပဲ။

စုယွိ  ကြောင်က ဂုံးကို ထွေးထုတ်လိုက်မယ်လို့ ထင်လိုက်ပေမယ့် ကြောင်ကလေးက ပါးစပ်ထောင့်ကို လျှာနဲ့လျက်ကာ ငံပြာရည်ပန်းကန်ကို ယက်ပြီး စုယွိဆီ အော်လိုက်တယ်။ "အရသာကောင်းလို့ နောက်တစ်ခုပေးပါ" ဟု ရှင်းရှင်းလင်းလင်း ပြောနေသလိုပါပဲ။

ကြောင်ကလေး၏ အထူးအကြိုက်ကို မသိဘဲ ကျန်ဂုံးနှစ်ကောင်ကို ကြောင်ကလေးနှင့် ဆော့ကစားရန်  သပ်သပ်ရပ်ရပ် ချပေးလိုက်ကာ ပင်လယ်စာခေါက်ဆွဲလုပ်ရန် လှည့်လိုက်သည်။

မုန့်စိမ်းကိုစိမ်၊ မုန့်ညက်ကိုဆုပ်နယ်၊ ဂျုံမှုန့်ကိုဖြူးပြီး မုန့်ညက်ကိုဖြတ်သည်၊ စုယွိသည် မုန့်စိမ်းအကြောင်း သိပ်မသိသော်လည်း လက်လုပ်ခေါက်ဆွဲတစ်ပန်းကန်ကို ပြုလုပ်ခြင်းသည် ပြဿနာမဟုတ်ပါ။

ဟင်းချိုက ငါးသေးသေးလေးတွေနဲ့ ပုစွန်တွေကို အခြေခံပြီး ပြုလုပ်ထားကာ ပြည်ကြီးငါးခြောက်အနည်းငယ်နဲ့ ​ရောမွှေထားပါတယ်။ လတ်ဆတ်ပြီး အရသာရှိသည်။

စုယွီ သူ့လက်ထဲတွင် ခေါက်ဆွဲပန်းကန်လုံးကိုင်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ရင်း ပင်လယ်စာခေါက်ဆွဲကို ပျော်ပျော်ကြီး အရသာခံစားနေတဲ့ ကြောင်လေးကို ကြည့်လိုက်ကာ သူ့ပါးစပ်ထောင့်တွေ မလှုပ်ပဲမနေနိုင်ဖြစ်သွားရသည်။ ဒီကြောင်ရဲ့ အကြိုက်က ထူးဆန်းလွန်းတယ်။လတ်ဆတ်တဲ့ အစားအစာတွေကို မစားဘဲ သူချက်ထားတဲ့ ခေါက်ဆွဲကို စားနေတယ်။

ရာသီဥတုက နည်းနည်းအေးနေသေးသည်။ မှောင်မိုက်ပြီး အေးနေတဲ့ညမှာ ယောကျ်ားတစ်ယောက်နဲ့ ကြောင်တစ်ကောင်ဟာ မီးဖိုဘေးမှာထိုင်ရင်း ပင်လယ်စာခေါက်ဆွဲပူပူကို စားနေကြသည်။

လတ်ဆတ်သော ပူပူနွေးနွေး ဟင်းရည်က သူတို့ခန္ဓာကိုယ်ရဲ့ အနက်ရှိုင်းဆုံး အစိတ်အပိုင်းထိကို နွေးထွေးသွားစေသည်။ ဤနေရာသို့ ကူးပြောင်းလာတာ အတော်ကြာပြီးနောက် စုယွိသည် ပထမဆုံးအကြိမ် ပျော်ရွှင်မှုကို ခံစားလိုက်ရခြင်းဖြစ်သည်။

စားဖွယ်စုံနန်းတော်(mm translation)Where stories live. Discover now