4

431 89 5
                                    

Unicode 🐈🐈

သူ စု မိသားစုခြံဝန်းဆီ ပြေးနိုင်သမျှ တောက်လျှောက်ပြေးလာခဲ့သည်။

ဇီယာမှုန့်ထုပ်ကို စားပွဲပေါ်သို့ ခပ်ဖွဖွ တင်ထားလိုက်၏။ သုံးလလောက် အလုပ်လုပ်ပြီးနောက် သူ့ခန္ဓာကိုယ်က ပိုသန်မာလာပေမယ့် သိပ်မကောင်းသေးပါဘူး။

သူ့လက်ထဲမှာရှိတဲ့ ကြောင်ကလေးက တိုးထွက်လာတယ်။ ရှုပ်ပွနေသော သားမွှေးများကို ခါယမ်းလိုက်ကာ ဧကရာဇ်မင်းသည် ၎င်း၏နယ်မြေကို စစ်ဆေးနေသကဲ့သို့ စားပွဲပေါ်တွင် ဟန်နဲ့ပန်နဲ့ လျှောက်သွားနေသည်။

စားပွဲပေါ်တွင် မှောက်လျက် လဲနေသည့် စုယွိကို ကြည့်နေသော ပယင်းမျက်လုံးများက အနည်းငယ် အထင်အမြင်သေးနေဟန် ပေါ်နေသည်။ ခဏစောင့်ပြီးနောက် ဒီလူက ထရန် ရည်ရွယ်ချက်မရှိသည်ကို တွေ့သောအခါ ပျင်းရိစွာ ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိ စက္ကူအိတ်ကို လက်သည်းဖြင့် ပုတ်ကြည့်နေသည်။

ကြောင်ခြေသည်းများကြောင့် စက္ကူအိတ် ေပါက်သွားပြီး ဇီယာမှုန့်များ ထွက်ကျ လွင့်ပျံကုန်သည်။ ၎င်းသည် ကြောင်၏ ထိလွယ်ရှလွယ်နှာခေါင်းထဲသို့ ဝင်သွားပြီးနောက် မာနတစ်ခွဲသားဖြစ်နေသော ကြောင်လေးအား နှာချေမိသွားစေသည်။

“ဟား..ဟား....ဟား....”
ကြောင်ကလေးက ခေါင်းကို လှည့်ကြည့်လိုက်တော့ စုယွိက ခေါင်းထောင်ကြည့်ရင်း ပြုံးနေသည်ကိုတွေ့လိုက်သည်။

ကြောင်လေး မတတ်နိုင်ပဲ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ဖြည်းညှင်းစွာ ပြန်လှည့်ထိုင်ရင်း လေးနက်သော မျက်နှာဖြင့် စုယွိ စိုက်ကြည့်နေလိုက်သည်။

ကြောင်တစ်ကောင်၏မျက်နှာသည် လေးနက်ခြင်းရှိ၊ မရှိကို ဘုရားသခင် သိနိုင်သော်လည်း ဘာပဲဖြစ်ဖြစ် စုယွိကတော့ မရိပ်မိပါဘူး။

မေးစေ့ကို အနည်းငယ် မြှောက်ကာ မတ်မတ်ထိုင်နေသည့် အမွှေးထူကြောင်လေး၏ ပုံစံက အလွန်ချစ်စရာကောင်းပြီး ရယ်စရာကောင်းသည်ဟု သူတွေးမိသည်။

သူလက်လှမ်းပြီး ကြောင်လေး၏ ခေါင်းသေးသေးလေးပေါ်က ဇီယာမှုန့်တွေကို ပွတ်သပ်ပေးပြီး မဖယ်ပေးပဲမနေနိုင်ပေ။ အရမ်းချစ်ဖို့ကောင်းလွန်းတယ်။

စားဖွယ်စုံနန်းတော်(mm translation)Where stories live. Discover now