2

524 86 3
                                    

Unicode🐱

ကံမကောင်းစွာနဲ့ပဲ စုယွိ ကူးပြောင်းလာချိန်မှာတော့ သူ့အဖေက ဆုံးပါးသွားခဲ့တယ်။
ဦးလေးဖြစ်သူက သူအသက်မ​ပြည့်သေးတာကိုအခွင့်ကောင်းယူကာ ရာထူးဝင်ယူချင်သည်။

သူ့အဒေါ်က မိသားစုရဲ့ ငွေကြေးကို ထိန်းထားတယ်။ဒီနှစ်တွေမှာတော့ မိသားစုက စီးပွားရေးမကောင်းတဲ့အတွက် သူတို့မှာ စုဆောင်းငွေ သိပ်မရှိခဲ့ဘူး။

ထက်ဝက်ကျော်ကို ဈာပနတွင် သုံးစွဲခဲ့ရပြီး အဒေါ်က သူ့ကို ကြမ်းတမ်းစွာ ဆက်ဆံဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ သုံး​လေ့ရှိ တယ်။ သူသည် ချမ်းသာသော သခင်လေးတစ်ယောက်၏ ဘဝကို မဖြတ်သန်းခဲ့ရရုံသာမက စားဖို့တောင် မလုံလောက်ခဲ့ပေ။

အခြားရွေးချယ်စရာမရှိတော့၍ စုယွိသည် သူ့လုပ်ငန်းဟောင်းသို့သာ ပြန်သွားနိုင်သည်။

မိသားစုရဲ့ တစ်ခုတည်းသော မြည်းကို ဆွဲထုတ်ပြီး ငါးရောင်းဖို့ ထွက်လာခဲ့၏။

"ငါ့ကို မြက်ငါးကြင်း ပေးပါ" 

ငါးဝယ်သူရောက်လာ၍ စုယွိ သူ့လက်ထဲက ပြည်ကြီးငါးကို ရေပုံးထဲကို ပြန်ထည့်လိုက်၏။သူထပြီး အုပ်ဆောင်းကို ဖယ်လိုက်ပြီး ရေပြည့်နေသော သစ်သားအင်တုံကြီးထဲမှ ကြီးမားပြီး သန်မာသော မြက်ငါးကြင်းကို ဖမ်းလိုက်ပြီး
"ဝယ်သူအစ်ကိုကြီး... ဒီကောင်ဆို အဆင်ပြေရဲ့လား"

"ငါးကိုင်နည်းသိလား" 
သူငါးဝယ်ဖို့ ဒီကိုလာတာ ပထမဆုံး အကြိမ်ပါ။ငါးဆိုင်ပိုင်ရှင်သည် ဖြူဖြူဖွေးဖွေးနဲ့ သန့်ရှင်းသပ်ရပ်နေသည်။ သူက ငါးရောင်းသူနှင့် လုံးဝမတူပါဘူး။ ယင်းအစား သူသည် ရုပ်ရည်ချောမောပြီး နူးညံ့သိမ်မွေ့သော ပညာရှင်တစ်ဦးနှင့်ပို၍တူသည်။ သူ ခဏလောက် တွန့်ဆုတ်သွားတယ်။

"ရှောင်ယွိကော က ငါးကိုင်တာ အရမ်း​တော်တယ်!"

စန်းချွမ် က ထိုလူ နှာခေါင်းရှုံ့နေသည်ကို မြင်တဲ့အခါ မကျေမနပ်ဖြင့် ပြောလိုက်သည်။

စုယွိ ပြုံးပြီး ဘာမှပြန်မပြောဘဲ ချိန်ခွင်ကိုထုတ်၍ မျော့နေသော မြက်ငါးကြင်းကို စဥ့်နှီးတုံးပေါ် တင်လိုက်ပြီး ငါး၏ဗိုက်ကို အမြန်ဖွင့်ကာ ခေါင်းကိုဖြတ်၊ အကြေးခွံတွေကို ဖယ်ရှားလိုက်သည်။

စားဖွယ်စုံနန်းတော်(mm translation)Where stories live. Discover now