9

417 80 3
                                    

Unicode

     "ဆော့စ် အေး​နေလို့လား"ကိုယ်ကို စောင်ဖြင့် ပေါက်စီလို ထုပ်ထားတဲ့ စုယွိက မျက်တောင်ခတ်ရင်း မေးသည်။

မိုက်မဲတဲ့ ကျွန်၊ အဲဒီနာမည်စုတ်ကို မင်းဘယ်လို​ခေါ် ရဲတာလဲ။ ဒီနေ့ ဒီလူမိုက်ကို သင်ခန်းစာတစ်ခု သင်ပေးရမယ်။ ၎င်း၏ ပျော့ပျောင်းသော ကြောင်လက်ဖဝါးများနှင့် ရှေ့သို့ တိုးလာကာ စုယွိ၏ လည်ပင်းကို လှမ်းကိုင်လိုက်ရင်း ပယင်း​ရောင် မျက်လုံးများသည် ဒေါသများ ပြည့်နှက်နေသည်။

ဟုန်ချီ ၏ ခန္ဓာကိုယ်သည် သေးငယ်သော နို့ကြောင်ကလေးဖြစ်ပြီး လက်ဖဝါးအရွယ်သာ ရှိသေးသည်။ ဦးခေါင်းဝိုင်းဝိုင်းသည် အိပ်ထားတာကြောင့် ပျော့ပျောင်းသော အမွှေးများဖြင့် ဖုံးအုပ်ထားပြီး ရှုပ်ပွ​နေလေသည်။ ဒီလိုပုံမျိုးနဲ့ အေးစက်ပြီး သိက္ခာရှိတဲ့ အသွင်အပြင်ကို လုပ်ဖို့က တကယ့်ကို ပြဿနာပါပဲ…

အနည်းဆုံးတော့ စုယွိသည် သူ့အပေါ်ရှိ အာဏာရှင်ကြီးထံမှ ဖိအားကို အနည်းငယ်မျှ မခံစားခဲ့ရပေ။ စုယွိ က ရယ်မောရင်း ပေါက်ကွဲတော့မယ့် အရာလေးကို ကြည့်လိုက်တယ်။

သူ ကြောင်များကို ကောင်းစွာနားလည်ပြီး ဤကောင်လေးသည် ၎င်း၏နယ်မြေကို ကျူးကျော်လာသည်ဟု ခံစားရကာ ရိုက်နှက်ရန် အဆင်သင့်ဖြစ်နေကြောင်း သူသိသည်။

သူ စောင်အောက်မှ လျင်မြန်စွာ ထွက်လာပြီး သားမွှေးဘောလုံးလေးကို သူ့လက်ထဲသို့ ဆွဲသွင်းလိုက်သည်။ ရုန်းကန်လှုပ်ရှားနေသော ခြေထောက်လေးချောင်းကို ကိုင်ကာ ၎င်း၏အမွှေးလုံး ခေါင်းထိပ်ကို နမ်းပြီး အခွင့်အရေးယူလိုက်သည်။
"ကောင်းပြီ၊ ဒီလောက်ကြီးတဲ့ အိပ်ယာပေါ်မှာ မင်းတစ်ယောက်ထဲလေကွာ၊ ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကို ခဏလောက် နေခွင့်ပေး ဟုတ်ပြီလား"

ရေချိုးခန်းထားတာကြောင့် အေးပြီး နူးညံ့တဲ့ နှုတ်ခမ်းလေးတွေက  သူ့ခေါင်းထိပ်ကို နွေးထွေးစွာ ထိတွေ့နေသည်။ အန်းဟုန်ချီ အချိန်အတော်ကြာထိ ထိတ်လန့်သွားသည်။ ခေါင်းကို ဖြည်းညှင်းစွာ မြှောက်ပြီး ပန်းရောင်သန်းပြီး ဖြူဖွေး နေတဲ့ လည်ပင်းကို ကြည့်လိုက်တယ်။ ဒီကျွန်က သူ့ကို နမ်းလိုက်တာလား....နမ်းလိုက်တာလေ

စားဖွယ်စုံနန်းတော်(mm translation)Where stories live. Discover now