part1

105 8 0
                                    

                 ""DreamLand School""
~~ကလင်ကလင် ~~ကလင်ကလင်~~
ကျောင်းတက်ဘဲ(လ်)မြည်သံကြားသည်နှင့် DreamLand Schoolတွင်ရှိသောကျောင်းသားများ ကိုယ်စီအခန်းတွင်းသို့ ဝင်သွားကြသည်။

"ဒီနေ့ကျောင်းသားအသစ်တစ်ယောက်ငါတို့အခန်းထဲလာမယ်လို့ကြားခဲ့တယ် SungChan"

မိမိနောက်ခုံတွင် ထိုင်နေသော ဆောင်းချန်းဘက်သို့လှည့်၍Taroကပြောလိုက်သည်။

"ဟုတ်လား မင်း ဘယ်ကကြားလာတာလဲ"
ငါ မနက်က ဆရာကြီးရုံးခန်းထဲ ဆရာမ ခိုင်းလို့သွားတုန်းကတွေ့ခဲ့တာ"

"အော်...."

ဆရာ မလာသေးသောကြောင့် တစ်ခြားကျောင်းသား ကျောင်းသူများကလည်းစကားပြောနေကြသလို Taroကလည်းသူမနက်က တွေ့ခဲ့သည့်ကျောင်းသားအသစ်အကြောင်းကို  SungChanက်ိုပြန်ပြောပြနေသည်။
SungChan နှင့်Taroတို့သည် မူလတန်း ကတည်းကမှစ၍ ပေါင်းလာသောသူငယ်ချင်းများဖြစ်ကြပြီး ပြောမနာ ဆိုမနာများဖြစ်ကြသည်။သူတို့အခု အလယ်တန်းနောက်ဆုံးနှစ်ရောက်၍နောက်နှစ်ဆိုလျှင်အထက်တန်းသို့တက်ကြရတော့မည်ဖြစ်သည်။
SungChanသည် အလယ်တန်းကျောင်းသားဆ်ိုသော်လည်း အရပ်အမောင်းမှာ အထက်တန်းကျောင်းသားများကဲ့သို့ ရှည်ပြီး ခန္ဓာကိုယ်မှာလည်းတောင့်တင်းကျစ်လစ်သည်။ကျောင်း၏Activityများတွင်ဦးဆောင်ပါဝင်တတ်ပြီး ကျောင်း၏FootBall Club အသင်းဝင်တစ်ယောက်လည်းဖြစ်သည်။
Shotaroကတော့ အတန်းထဲတွင် စာအတော်ဆုံးကျောင်းသားများထဲမှတစ်ဦးဖြစ်ပြီး အမြဲပြုံးနေတတ်သောမျက်နှာလေးနှင့် လူချစ်လူခင်ပေါများသောသူတစ်ယောက်ဖြစ်သည်။
အခန်းထဲတွင် ကျောင်းသားများ၏စကားသံများဖြင့်ဆူညံနေချိန် ကျောင်းသားတစ်ယောက်မှ
"ဆရာလာနေပြီ"ဟုအော်လိုက်သောအခါ အကုန်မိမ်ိနေရာသို့သေချာပြန်ထိုင်ကြပြီး တိတ်ဆိတ်သွားကြသည်။

"မင်္ဂလာပါဆရာ"

"မင်္ဂလာပါ ကလေးတို့ ထိုင်ထိုင် ဒီနေ့ဆရာတို့ကျောင်းကိုကျောင်းသားသစ်နှစ်ယောက်ရောက်လာတယ် တစ်ယောက်ကဒီအတန်းက နောက်တစ်ယောက်က အလယ်တန်းဒုတိယနှစ်မှာ"

"သား ဝင်လာလို့ရပြီ"

ဆရာပြောသည်နှင့် အတန်းထဲဝင်လာသော ကျောင်းသားအသစ်
မျက်နှာမှာ အတော်လေးကြည့်ကောင်းသော်လည်း အပြုံးအရယ် သိပ်မရှိ ခပ်တည်တည်နှင့်သာ
"ဒီကလေးနာမည်က EunSeokတဲ့ ဒီနေ့ကစပြီးဒီအတန်းမှာ စတက်လိမ့်မယ် သားတို့က သူငယ်ချင်းကို လိုတာရှိရင်ကူညီပေးလိုက်ကြဦးနော်"

"ဟုတ်ကဲ့ပါ ဆရာ"

"သား ဟိုးမှာလွတ်နေတဲ့SungChanဘေးသွားထိုင်လို့ရတယ်"

ဆရာက သူ့ဘေးထိုင်ဖို့ ပြောသော်လည်း ထိုကျောင်းသားသစ် သွားထိုင်သည်မှာ Taroဘေးသို့!!!

"ဘာလဲဟ ဒီကောင်!!!!!"

FRIEND-ZONEWhere stories live. Discover now