part4

60 7 0
                                    

SungChanကျောင်းသို့ရောက်သောအခါ စက်ဘီးကိုစတန်းတွင်သွားထားလ်ိုက်ပြီး အခန်းဆီသို့လာခဲ့လိုက်သည်။
အခန်းထဲတွင် EunSeokက Taroကိုဖိတ်စာအသေးလေး ပေးနေသည်။

"မင်း လာခဲ့နော်Taro"

"အေးပါ ပိတ်ရက်ပဲဟာ လာမှာပေါ့ကွ ဒါနဲ့ ငါဒီလိပ်စာက်ိုသိနေသလိုပဲဟ"

"ငါနဲ့မျက်နှာချင်းဆိုင်အိမ်ကလေ"
SungChanက ဝင်ပြောလိုက်သည်။

"ငါ့ကိုရော မဖိတ်တော့ဘူးလား"

"............."

EunSeokဘာမှပြန်မဖြေပါ။

"ဟျောင့်.........." "EunSeok......."   
"EunSeokလို့......."

"ကျောင်းသားသစ်!!!"

"မင်း ဘယ်လိုဖြစ်လို့ အဲ့လောက်အော်နေရတာလဲ ပြီးတော့ငါ့မှာနာမည်ရှိတယ် ကျောင်းသားသစ်မဟုတ်တော့ဘူး"

"မင်းက ငါမေးတာလည်းမဖြေ ငါခေါ်တာရော ထူးလို့လား"

EunSeok SungChanကို မျက်လုံးတစ်ချက်လှန်ကြည့်လိုက်သည်။

"ဖြေလေ ငါ့ကိုရော မဖိတ်ဘူးလားလို့"

"မနက်က မင်းအမေကို ဝင်ဖိတ်ခဲ့ပြီလေ"

"အဲ့တာ ငါ့ကိုဖိတ်တာမှမဟုတ်တာ "
EunSeokပြောစရာ စကားပင်ပျောက်သွားရသည်။

Taroလည်း SungChan ကိုကြောင်ကြည့်နေမိသည်။သူ့တို့အိမ်ကိုဖိတ်တာ သူ့ကိုဖိတ်တာမဟုတ်ဟု SungChanက ဘာကြောင့်ထင်နေသည်မသ်ိ ယခုSungChanပုံမှာ EunSeokဆီက ကလေးမုန့်ပူဆာသလိုဂျီကျပုံနှင့်တူနေသည်။

"အေး အေး လာကွာ လာ"

EunSeok နားအေးပြီးရောပြောလိုက်သည်။မဟုတ်လျှင် SungChanသည် ဒီက်ိစ္စကိုဆက်တိုက်ပြောနေတော့မည့်ပုံပင်!
_________××××××××_____
   ယနေ့EunSeokတို့ အိမ်သစ်တက်ပွဲနေ့ဖြစ်သည်။

ခုမှ စပြောင်းလာသည်မို့ နီးစပ်ရာအိမ်နီးချင်းများကိုသာဖိတ်ပြီး အကျဥ်းချုံးလုပ်လိုက်သည်။

Taroက SungChanအိမ်သို့အရင်ဝင်ခေါ်ပြီး EunSeokအိမ်သို့ထွက်လာခဲ့သည်။

"အယ် သားသား သူငယ်ချင်းတွေပဲ လာလေ သားတို့"

"ဟုတ်ကဲ့"

"သားငယ် ဒီမှာ သူငယ်ချင်းတွေရောက်နေပြီနော် ဒီဘက်လာခဲ့ဦး"

"ဟုတ် မေမေ"

"ဘာလို့လာတာနောက်ကျနေကြတာလဲ စောစောလာမယ်ထင်ထားတာ"

"မင်းကမျှော်နေတယ်ပေါ့ ထူးထူးဆန်းဆန်း ဒီနေ့တော့ မိုးရွာတော့မယ်ထင်တယ်နော် Taro"

"ဘာလို့လဲ"

"ကဲပါ SungChanရာ စမနေပါနဲ့ မင်းကEunSeokကိုဆို အမြဲစဖို့ပဲ"

"အေးပါကွာ မစတော့ပါဘူး"

"မင်းတို့ထည့်စားနော် အားမနာနဲ့ လိုရင်လည်းပြော"

"အေးပါ"

အိမ်သစ်တက်ပွဲက အဆင်ပြေပြေလေး ပြီးသွားခဲ့သည်။Taroနှင့် SungChanသည်လည်း EunSeokတို့နှင့်အတူ ဆော့ပြီးမှ ပြန်သွားကြသည်။

FRIEND-ZONEحيث تعيش القصص. اكتشف الآن