"ကျွန်တော် ပြန်ရောက်ပြီ မေမေ"
"သားရေ မေမေဒီနေ့အချိုမုန့်လေးလုပ်ထားလို့ မျက်နှာချင်းဆိုင်အိမ်ကို ဒီမုန့်ဘူးလေး သွားပို့ပေးပါဦး"
"ဗျာ အဲ့အိမ်ကလူမရှိဘူးမဟုတ်ဘူးလား"
"ဟုတ်သားပဲ သားကိုပြောဖို့ မေ့နေတာ မနက်က သားကျောင်းသွားမှ မိသားစုတစ်စုပြောင်းလာတယ်ထင်တယ် မေမေတွေ့တာတော့လေးယောက် သားနဲ့ရွယ်တူလောက်တစ်ယောက်တောင်ပါတယ်ထင်တယ်"
"ဟုတ်လား "
"ဟုတ်ပ အဲ့တာကြောင့် မေ့မေ့ကိုယ်စားဒါလေးသွားပ်ို့ပေးပြီး ဒီဘက်အိမ်ကဆိုတာပါပြောခဲ့ဦးနော် အကူအညီလိုရင် ပြောပါလို့လည်း ပြောခဲ့ဦး"
"ဟုတ်ကဲ့ပါ မေမေရာ ....ခုတော့ရေလေးခနချိုးပါရစေဦးနော် သားပြီးရင် သွားပ်ို့လိုက်မယ်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
____________×××××××××________
တင်းတောင်~~~~~တင်းတောင်~~~~
"မင်္ဂလာပါအန်တီ ကျွန်တော်ကမျက်နှာချင်းဆိုင်အိမ်ကSungChanပါ မေမေကအချိုမုန့်လေးတွေပေးခိုင်းလိုက်လို့ပါ"
"အော် သားလေး အိမ်ထဲဝင်ဦးလေ "
"ဟုတ်!"
"ခနထိုင်ဦးနော် သား အန်တီ အအေးလေးသွားယူလ်ိုက်ဦးမယ်"
"မေမေ ကျွန်တော့် game စက်ဘယ်နားထားလိုက်တာလဲ"
လှေကားထစ်တွေပေါ်မှ ဆင်းလာရင်းမေးနေသည့်လူကို SungChan ကြည့်မိသောအခါ-
"မင်း"
" ......EunSeok!!!"
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်မိနေစဥ်-
"ဟယ် သားတို့ကသိနေကြပြီလား"
"ဟာ အစ်ကိုSungChanက ဘယ်လိုလုပ်ကျွန်တော်တို့အိမ်ကိုရောက်နေတာလဲ အစ်ကိုEunSeokဆီလာတာလား"
ပြိုင်တူမေးလာသောမေးခွန်းနှစ်ခု"မသိဘူး"
"ဟုတ် သိနေတာ"
အဖြေနှစ်ခုက သိသာစွာကွဲပြားနေသည်။
" ဟင် ဘယ်လိုကြီးလဲ"
"အာ ဒီလိုပါ အန်တီ EunSeokက မနက်ကမှ ကျွန်တော်တို့အခန်းကိုပြောင်းလာတဲ့ကျောင်းသားသစ်လေ အဲ့တာကြောင့်သိနေတာပါ"
"ဟုတ်တယ် တီတီ အကိုEunSeok သူငယ်ချင်းတဲ့"SeungHanကပါဝင်ကူပြောလိုက်သည်။
"ဟုတ်လား သားလေးသူငယ်ချင်းရတာ အန်တီဝမ်းသာပါတယ် သားSungChanက အန်တီ့သားကို ကူညီစောင့်ရှောက်ပေးပါဦးနော်"
"အစ်ကို ဘယ်ကလာတာလဲ" SeungHanကမေးလိုက်လျှင်-
"အာ ဒီမျက်နှာချင်းဆိုင် အိမ်က အစ်ကိုတို့အိမ်လေ ခုက မေမေမုန့်လာပို့ခိုင်းလို့ လာပို့ပေးတာ"
"အော် ဟုတ်ကဲ့"
"ဒါနဲ့ SeungHan နဲ့ EunSeokက ညီအစ်ကိုအရင်းတွေ မဟုတ်ဘူးပေါ့"
"ဗျာ ဟုတ်တယ် ဝမ်းကွဲတွေ ကျွန်တော့်မေမေနဲ့တီတီနဲ့ကညီမတွေလေ မေမေတို့က နိုင်ငံခြားမှာ ကျွန်တော်ကအဲ့မှာ မနေချင်လို့ အန်တီတို့နဲ့လိုက်နေတာ"
"ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ် အန်တီ အကူညီ လိုတာရှိရင်လည်း ပြောပါဗျ"
"အေးအေး သား မေ့မေ့ကိုပါ ကျေးဇူးတင်ကြောင်းပြောပေးပါဦးနော်"
"ဟုတ်ကဲ့"
"ပူတင်းလေး သူငယ်ချင်းကိုအိမ်ရှေ့ထိ လိုက်ပို့ပေးလိုက်ဦးလေ"
"ကျွန်တော့်ကို အဲ့လိုကြီး မခေါ်ပါနဲ့တော့ဆိုနေမှ မေမေရာ ကျွန်တော်လူကြီးဖြစ်နေပြီဗျ"
"မင်း!!! သွားမယ် လာ! "
"SungChanရယ်ချင်စိတ်ကို ထိန်း၍ EunSeokနှင့်အတူ အိမ်ရှေ့သို့ထွက်ခဲ့ကြသည်။"
"ငါသွားပြီနော် "
"အင်း......"
________×××××××___________SungChanတစ်ယောက် မနက်ခင်းကျောင်းသွားရန်ပြင်ဆင်ပြီး၍ အောက်ထပ်သို့ဆင်းလာသောအခါ
"သား လာ မနက်စာလာစားတော့ မနက်ကတောင် ဟိုဘက်အိမ်က ကလေးတစ်ယောက် ဖိတ်စာလာဖိတ်သွားတယ် မနက်ဖြန်သူတို့အိမ် ဆွမ်းကပ်လုပ်မှာမို့တဲ့ လာခဲ့ဖို့ ဖိတ်သွားတာ"
"ဘယ်အရွယ်လောက်လဲမေမေ "
"သားနဲ့မတိမ်းမယိမ်းလေးပဲ သူတို့သားထင်တယ်"
"ဒါဆိုEunSeokပဲ"
"သားနဲ့သိတာလား"
"ကျွန်တော်တို့အတန်းထဲကပဲလေ"
"ဟုတ်လား ကလေးက အေးတိအေးစက်လေးနဲ့ တည်တည်ငြိမ်ငြိမ်လေး"
"အဟင်း .......သူကအဲ့လိုပဲ....... ကျွန်တော်ကျောင်းသွားပြီမေမေ တာ့တာ့"
"ဟုတ်ပြီ သား ဂရုစိုက်သွားနော် စက်ဘီးကိုသေချာနင်းဦး အလျင်လိုမနေနဲ့နော်"
"ဟုတ်ကဲ့ပါဗျာ"
___________×××××××××__________
![](https://img.wattpad.com/cover/359602039-288-k250250.jpg)