part2

58 9 0
                                    

မိမိဘေးသို့ လာထိုင်သည့် ကျောင်းသားအသစ်ကိုTaroက ချိုသာသောအပြုံးဖြင့် ပြုံးပြလိုက်သည်။

"မင်္ဂလာပါ ငါ့နာမည်က Shotaro သူငယ်ချင်းတွေကတော့Taroလို့ပဲခေါ်ကြတယ်"

"အင်း ငါ့နာမည်က EunSeok ...Song EunSeok"

"အင်း ငါတို့သူငယ်ချင်းဖြစ်သွားပြီနော်.........အာ ဒါနဲ့ သူကSungChan ........Jung SungChan တဲ့ ငါ့အချစ်ဆုံးသူငယ်ချင်းလေ "ဟု မိမိအနောက်တွင်ထိုင်နေသော SungChanကိုပါ Taroမိတ်ဆက်ပေးလိုက်သည်။

"ငါ့နာမည် SungChan" နောက်လှည့် ကြည့်လာသော ကျောင်းသားသစ်ကို SungChan မိတ်ဆက်လိုက်သည်။

"အင်း....."

SungChanနည်းနည်းတော့ စိတ်ခုသွားမိသည်။Taroကိုကျ စကားသေချာပြန်ပြောပြီး မိမိကိုကျ ပြန်ပြောသည်မှာ  "အင်း" တစ်လုံးတည်းသာ။

"EunSeok မင်း စာတွေ ပြန်ကူးချင်ရင်ဖြစ်ဖြစ် မသိတာဖြစ်ဖြစ် ငါ့တို့ကိုပြောလေ ငါတို့ကူညီပေးမယ်နော်....  SungChanကိုလည်း မေးလို့ရတယ် သူကလည််း စာတော်တဲ့ထဲပါတယ်လေ "ဟု Taroကပြောလိုက်လျှင်

" အင်း ကျေးဇူးပဲ "

ပြီးနောက် ဆရာ စာ စသင်သည်နှင့် ကျောင်းသား အားလုံး စာဘက်သို့သာ အာရုံစိုက်ထားကြတော့သည်။

___________ ××××××××××_______________

မုန့်စားဆင်းချိန်တွင် အလယ်တန်း ဒုတိယနှစ်တွင်တက်နေသောညီဝမ်းကွဲဆီသ်ို့သွားရန် EunSeok ထိုင်ခုံမှ အထတွင်

"မင်းဘယ်သွားမလို့လဲ ကျောင်းသားသစ်"

"ဘာလုပ်မလို့လဲ"

"မင်းက ခုမှရောက်လာလေ ဒီကျောင်းနေရာတွေ သိလို့လား မုန့်သွားစားမလို့လား မုန့်ဆိုင် ငါလိုက်ပို့ပေးမယ် လာ"

"မဟုတ်ဘူး"

"ဟမ်"

"အလယ်တန်းဒုတိယနှစ်တက်နေတဲ့ ငါ့ညီဆီသွားမလို့"

"အော် မနက်ကဆရာပြောတဲ့ ကျောင်းသားသစ်နှစ်ယောက်က မင်းတို့ညီအစ်ကိုနှစ်ယောက်ကို"

"အင်း.........."

"လာ ငါလိုက်ပို့မယ်"

"ရ......."  ရတယ် တော်ပြီဟု ငြင်းချိန်မရလိုက်ပေ။

SungChanသည် မိမိလက်ကိုဆွဲ၍ အလယ်တန်း အဆောင်ဘက်သို့ ဦးတည်သွားနေပြီဖြစ်သည်။

__________××××××××××_________

"ဟာ အစ်ကို EunSeok "

"အင်း မင်း အဆင်ပြေလား SeungHan"

"ဟုတ် ပြေတယ် ကျွန်တော် သူငယ်ချင်းအသစ်တောင်ရနေပြီ ... ဒီမှာလေ သူ့နာမည်က SoHeeတဲ့"

မိမိဘေးတွင်ပါလာသော သူငယ်ချင်းအသစ်ဖြစ်သူSoHeeကိုပါ SeungHanမိတ်ဆက်ပေးလိုက်သည်။

"မင်္ဂလာပါ အစ်ကို"

"အင်း"

ဒါနဲ့ သူကဘယ်သူလဲ အစ်ကို ဟု EunSeokဘေးတွင်ပါလာသောSungChanကိုSeungHanကမေးလိုက်သည်။

EunSeok မိတ်ဆက်ပေးဖို့ ပြင်နေချိန်မှာပင်

".........."

"မင်္ဂလာပါ ညီလေး အစ်ကိုက EunSeokieရဲ့သူငယ်ချင်း SungChanပါ တွေ့ရတာဝမ်းသာပါတယ်နော်"

"အစ်ကိုSungChanက FootBall Clubကလေ SeungHan နောက်နှစ်အထက်တန်းဆိုရင် အစ်ကိုက ကျောင်းရဲ့ လက်ရွေးစင်ပါ ဖြစ်တော့မှာ"ဟု SoHeeကပါ ဝင်မိတ်ဆက်ပေးလိုက်သည်။

"အစ်ကို သူငယ်ချင်းအသစ်ရတာ အန်တီသာသိရင်ဝမ်းသာနေတော့မှာပဲ"

EunSeokထပ်ရှင်းပြမနေတော့ဘဲ

"အင်း ငါသွားတော့မယ် စာသေချာလိုက်လုပ် ညနေ ကျောင်းရှေ့ကစောင့်နေမယ်"

"ဟုတ်"

"အစ်ကိုတို့ သွားပြီနော် ညီလေးတို့"

SungChan ကလေးနှစ်ယောက်ကိုနှုတ်ဆက်ပြီး EunSeokနှင့်အတူ မိမိအတန်းဘက်သို့ ပြန်လာခဲ့ကြသည်။

FRIEND-ZONEOnde histórias criam vida. Descubra agora