part5

57 7 2
                                    

ဆောင်းချန်းနှင့်အွန်းဆော့တို့သည် တစ်ခါတစ်လေတည့်ကြသော်လည်း တစ်ခါတစ်ယံ ကိစ္စသေးသေးလေးတွေနှင့်စကားများနေတတ်ကြသည်။
"အွန်းဆော့က ငါမုန့်ဝယ်ဖို့ခေါ်တာမလိုက်ဘူးကွာ ၊ အွန်းဆော့က ညကျ ငါဂိမ်းကစားဖို့ခေါ်ရင်မလာဘူး၊အွန်းဆော့က ငါနးစကားပြောရင် သိပ်ပြန်မပြောဘူး"စသည့် ဘာမဟုတ်သည့် အကြောင်းပြချက်များကိုပင် ဆောင်းချန်းက တစ်ခုချင်းမှတ်ထားပြီး တစ်ခါတစ်လေ သူ့ဘာသာသူတစ်ယောက်ထဲ အွန်းဆော့ကိုစိတ်ဆိုးနေတတ်သေးသည်။ပြီးလျှင် အွန်းဆော့ စကားပြန်ပြောလျှင် သူ့ဘာသာသူ စိတ်ဆိုးပြေသွားတတ်သည်။
_______××××××_________
တစ်ရာသီပြီး တစ်ရာသီပြောင်းလာသည့်အခါ ယခုချိန်တွင် အွန်းဆော့တို့သည် အထက်တန်း နောက်ဆုံးနှစ်သို့ပင်ရောက်လာခဲ့သည်။
အွန်းဆော့သည် သူဝါသနာပါသည့်Basketball clubသို့ဝင်ပြီး ဆောင်းချန်းကတော့ ကျောင်းလက်ရွေးစင်ဘောလုံးအသင်းကဖြစ်သည်။
အွန်းဆော့တို့ အထက်တန်းပထမနှစ် clubထဲသို့ဝင်ဖို့ရာတွင်လည်း ဆောင်းချန်းနှင့်စကားများရသေးသည်။
"မင်း ဘောလုံးအသင်းကိုလာပါဆိုကွာ"
"ငါမှ ဝါသနာမပါတာ "
"အွန်းဆော့ကလည်းကွာ ငါတို့အသင်းတူတော့တူတူလေ့ကျင့်လို့လည်းရတာကို ဘောလုံးအသင်းကိုလာခဲ့နော်"
"မလာပါဘူး  ငါ Basketballအသင်းဝင်ဖို့စာရင်းတောင်ပေးပြီပြီ"
"အင်း အင်း မင်းသဘောကွာ မင်းသဘော"
ကတောက်ကစ နည်းနည်းလေးမှမဖြစ်ရလျှင် မပြီးသည့် သူတို့နှစ်ယောက် နောက်ဆုံးတော့လည်း ဆောင်းချန်းက အလျှော့ပေးရစမြဲသာ"
တစ်ခါတစ်ရံ ဆောင်းချန်းဘောလုံးလေ့ကျင့်သည့်နေရာသို့ အွန်းဆော့ကလာကြည့်ပေးတတ်သည်။
အွန်းဆော့ basketball လေ့ကျင့်သည့်နေ့များတွင်တော့ ဆောင်းချန်းသည် လူကိုယ်တိုင်တစ်ဖုံ လူကြုံနှင့်တစ်မျိုး strawberry milkshake အအေးများပေးတတ်သေးသည်။
ညနေခင်းကျောင်းဆင်းချိန်များတွင် သူတို့နှစ်ယောက်အတူတူ ပြန်ကြသည်မှာ အထက်တန်းပထမနှစ်ကတည်းကဖြစ်သည်။
ဆောင်းချန်းစက်ဘီးနောက်ခုံသည် အရင်ကထိုင်မည့်လူမရှိသော်လည်း အထက်တန်းပထမနှစ်မှစ၍ ပိုင်ရှင်လေးကရှိမှန်းမသ်ိရှိလာခဲ့သည်။
ဆောင်းချန်းနှင့်အွန်းဆော့တို့သည် အစက မတည့်ကြသော်လည်း အချိန်ကြာလာသည့်အခါတွင် အမြဲတစ်ပူးပူးတစ်တွဲတွဲနှင့်ဖြစ်လာသည်။အွန်းဆော့ရှိသည့်နေရာတွင် ဆောင်းချန်းကအမြဲရှိနေတတ်သည်။ဆောင်းချန်းနှင့် အနီးတဝိုက်နားတွင်လည်း အွန်းဆော့ကိုမြင်ရတတ်သည်။တစ်ချို့သောသူတွေပြောကြသည်က
"ဆောင်းချန်းနဲ့ အွန်းဆော့တို့က တွဲနေကြတာလား"
"ဟုတ်လား သေချာတော့မသိပါဘူး သူတို့နှစ်ယောက်က တစ်ခါတစ်လေ တည့်ပေမယ့် တစ်ခါတစ်လေကျလည်း စကားမပြောကြတော့ဘူးလေ ဟုတ်ချင်မှလည်းဟုတ်မှာပါကွာ ဒီတိုင်းသူငယ်ချင်းတွေနေမှာပါ ပြီးတော့ငါတို့တွေက ငယ်သေးတယ်လေကွာ မဟုတ်လောက်ပါဘူး"
တစ်ယောက်စ နှစ်ယောက်စပြောကြသည့်စကားက  အွန်းဆော့နှင့်ဆောင်းချန်းဆီသို့ မကြာမှီတွင် ရောက်ရှိသွားခဲ့သည်။

//Note: နာမည်တွေက်ို မြန်မာလိုလေးက ပိုခေါ်လို့ကောင်းမယ်ထင်လို့ မြန်မာလိုပဲရေးလိုက်ပါတယ်//

You've reached the end of published parts.

⏰ Last updated: Mar 22 ⏰

Add this story to your Library to get notified about new parts!

FRIEND-ZONEWhere stories live. Discover now