EPISODE 1

211 28 0
                                    

ဆောင်းဦးရာသီ ခိုက်ခိုက်တုန်အောင်မချမ်းသော်ငြားလည်း ဆောင်းဦးလေညှင်းဟာ တဖြူးဖြူးဖြင့် ‌သစ်ရွက်ခြောက်လေးတွေ လွင့်စင်မျောပါးနေသည့်အလား

ဝါညစ်နေသည့် သစ်ရွက်ခြောက်လေးဟာ ဒူးခေါင်းလောက်ရှိသည့် ဖိနပ်အောက် အစိတ်စိတ်အမွှာမွှာကြေမွလို့သွားသည်။

ကြေမွပျက်စီးသွားသည့်သစ်ရွက်‌ခြောက်များ အနက် ....

ထိုဖိနပ်ပိုင်ရှင်၏ နှလုံးသားလည်းပါသွား၏

---------------------

ဆံနွယ်ဟာ ရွှေရောင် ညစ်ညစ် ၊ ဂုတ်ထောက်သည့် ဆံနွယ်လေးတွေကို အနောက်သို့အပြောင်သိမ်းစီးထားသော်လည်း နားသယ်စပ်နားရှိ ဆံနွယ်မျှင်မျှင်လေးတွေဟာ တစတစ ဝဲကျနေပြန်သည်။

နားရွက်ကြား ၊ တစ်ဖက် ၊ နောက်ဘက်တွင် ကြူးလစ် ပန်းရောင်လေးကို ညှပ်ကာ ပန်ထားလိုက်သေးသည်။

လှပကျော့ရှင်းပင်း ၊ နူးညံ့၍ အသားလတ်သည့် အမျိုးသားတစ်ယောက် ထိုသူဟာ နှုတ်ခမ်းပါးလေးအောက် မှဲနက်လေး ရှိပီး ဝိုင်းစက်လှသည့် မျက်ဝန်းအတွင်း ဖန်ဂေါ်လီ အညိုရောင်သဖွယ် ညိုညှက်နေသည့် မျက်စံတို့ကို ပိုင်ဆိုင်ထားသူ

ထို ကျူးလစ် ပန်းအလှရဲ့ အောက်ရစ်မူးနေသည့် မိန်းမသားတို့သာမက ယောက်ျားသားတို့ဟာ
ဤ ဆိုင်သို့ မြဲလာရောက်အားပေးကြသည်။

ပြုံးလိုက်လျှင်လည်း Madusa သဖွယ် ၊ လူတိုငိးက သူ့အပြုံးကြောင့် ဤ‌ဆိုင်ကို လာရောက်ကြသော်ငြားလည်း ၊

လူတစ်ယောက်ကတော့ ပစ်ပစ်ကာကာမုန်းနေခဲ့သည်ရှိသော် ..... !

' 𝑶𝑷𝑬𝑵 ' ဆိုသည့် ဆိုင်းဘုတ်လေးကို ချိတ်လိုက်သည်နှင့်တပြိုင်နက် လူအများက လာရောက်အားပေးကြသည်။

" ဒီမှာဗျ "

" ဟုတ်ကဲ့ "

ဆိုင်ရှင် ဟာ မျက်နှာလေးမော့အကြည့် မြင်ရသူမှာ ရင်တလှပ်လှပ် ဖြစ်ကာ ကျူးလစ်ပန်းလေး ပန်ထားသည့် မျက်နှာပိုင်ရှင်အား မိန်းမောကြည့်နေမိသည်။

" ဟို... ညီ ပန်ထားတဲ့ ပန်းလေးလိုချင်လို့ပါ "

" အာ... ဟုတ်ကဲ့ ၊ ဒီဘက်ကြွပါ "

𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥  ( Complete )Where stories live. Discover now