EPISODE 11

130 19 2
                                    

ဆေးပိုက်‌ တွေတန်းလန်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော်နေသည့်မောင်လေး၏မျက်နှာပြင်အနှံ့ကို Julia က နွေးထွေးမြတ်နိုးစွာ ငုံ့မွှေးလိုက်သည်။

မင်းသိပ်ကိုမှ ကြားချင်တဲ့နာမည်လေးကို မမက မမထွက်သက်အထိ ခေါ်သွားမှာပါ ယိုရှီကွန်း

မမလေ မင်းကို သိပ်ချစ်တယ် ၊ ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိတဲ့ မမရဲ့မောင်လေး ၊

မမလေ

" အွတ် .... အော့ "

တွေးနေရင်း ရင်ထဲ မအီမသာဖြစ်လာတာကြောင့် ရေချိုးခန်း ဘေစင်သို့ပြေးရသည်။

ထိုစဉ်

" သမီး.... Julia "

" အော့ ... အော့ "

အန်နေသည့် Julia ရဲ့ ကျောပြင်လေးကို အန်ကယ်က နှိပ်နယ်ပေးနေသည်။

" ဟို.... ရ ရတယ် ... အန်ကယ် "

" နေလို့မကောင်းလို့လား "

" ဟုတ်... ဒါနဲ့ ဘာကိစ္စရှိလို့လဲ မသိဘုး "

" Jaden အခြေအနေလာကြည့်တာ သမီး "

" ယိုရှီ လို့ခေါ်ပေးပါ အန်ကယ် ၊ Jaden ဆိုတဲ့ နာမည်ကို သူသိပ်မုန်းနေခဲ့တာပါ "

" ဘယ်လို "

" ဒီလိုလေးတွေ ရှ်တယ် အန်ကယ် ... ဒါနဲ့ သမီးပြောစရာရှိလို့ အန်ကယ့် စာဖတ်ခန်းထဲ သွားကြမလား "

" ရတယ် သမီး "

မောင်လေး မျက်နှာကို လှမ်းကြည့်ပီး ကျောခိုင်းကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။

စာကြည့်ခန်းထဲရောက်တော့ စားပွဲပေါ်သို့ စာရွက်လေးတစ်ရွက်တင်လိုက်လျှင် အန်ကယ် က သူ့အား အံ့ဩတစ်ကြီး မော့ကြည့်လာသည်။

" သမီး ! "

" ဟုတ်တယ် အန်ကယ် ၊ သမီး မွေးမယ် ၊ ဒါပေမဲ့ မောင်လေး သိလို့မဖြစ်ဘူး "

" ‌ဖခင်....ဖခင် ဘယ်သူလဲ သမီး "

" တာဝန်မယူဘူး.. အန်ကယ် ၊ ထွက်ပြေးသွားပြီ "

" ဘာ "

စားပွဲပေါ်က အကောင်လေးတောင်မပေါ်သေးသည့် သန္ဓေသား ဓာတ်မှန်ပုံလေးအားကြည့်ကာ သက်ပြင်းချလိုက်သည့် အန်ကယ့်အား အလွန်တရာမှ အားနာမိပါသည်။

𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥  ( Complete )حيث تعيش القصص. اكتشف الآن