EPISODE 7

124 21 0
                                    

လှပပြီး ဆင်ဆွယ်တို့ဖြင့်လုပ်ထားသည့် ပုတီးကုံးလေးတွေကို Kamakura ရုပ်ပွားတော်ကြီး ရှိရာ ဆိုင်တစ်ဆိုင်တွင် ရွေးနေစဉ် အနားသို့လူတစ်ယောက် ချဉ်းကပ်လာသည်ကို မျက်လုံးထောင့်မှ စူးခနဲတွေ့နေရသည်။

ပုတီးကုံးလေးတွေကိုရွေးနေသည့်ဘေးတစ်ဇောင်းမျက်နှာလေး အပြင် ၊ ပန်းပန်ထားသည့်မျက်နှာပြင်လေးကိုတွေ့ရတော့ ရင်ထဲ တဒိတ်ဒိတ်နဲ့ပင် ။

သူတွေ့ဖူးသည့် သူတွေထဲ တကယ့်ကိုမှ ဂန္တဝင်ဆန်ဆန် အလှမျိုးကိုပိူင်ဆိူင်ထားသူ ။

လှတယ် ၊ မင်းသိပ်လှတယ် ။

" Ohayo.... ! "

စတင်နှုတ်ဆက်လာသူမှာ So Bekhyung ဆိုသူပင် ။

အသံလာရာကိုကြည့်လိုက်တော့ ထိုသူဟာ အဆင်းရောအချင်းပါပြည့်စုံနေပြီး ဩဇာအာဏာပြည့်ဝသူပမာ ၊ လူအများက ကြည့်လိုက်လျှင် အနားမကပ်ရဲလောက်အောင် ရှိန်သွားသည်အထိဖြစ်ပေလိမ့်မည်။

မျက်နှာဟာအနည်းငယ် တည်‌တံ့နေသော်ငြားလည်း ထိုယောက်ျားသားရဲ့ နှုတ်ခမ်းအထက်ရှိအပြူံးတို့က သူ့အပေါ်ကို ထင်ထင်ရှားရှားအသက်ဝင်နေသည် ။

ဦး က တစ်လှမ်းချင်းကျွန်တော့်ဆီကို လျှောကိလှမ်း၍ နှုတ်ဆက်စကားဆို‌ပြန်တော့ ကျွန်တော်က တုံ့ပြန်ရပေတော့မည်။

" Hai.. ohayo "

" ဒီကိုပဲလာတာလား "

" ဟုတ်ပါတယ်...."

" ဒီရုပ်ပွားတော်ကြီးဆီကို လာဖို့ တကူးတက "

ထိုအခါ Jaden ကဖြတ်ပြောလိုက်လျှင်

" ဟို... တကူးတက မဟုတ်ပါဘူး ၊ ကျွန်တော်က ဒီနားမှာပဲနေတာ "

" ကျွန်တော် ? "

" ဟုတ်ပါတယ်.. ကျွန်တော်က ဦး ထင်သလို မိန်းခလေး မဟုတ်ပါဘူးဗျ "

" ဆောရီး... ကိုယ်က ဟိုတစ်ခါ တွေ့တော့ မိန်းခလေးထင်သွားတာ "

ထိုအခါ Jaden ကဘာမှ ပြန်မပြောတော့ပဲ ပြုံးရုံမျှသာပြုံးပြီး  ဦး ကိုခေါင်းညှိမ့်ပြလိုက်သည်။

မိန်းခလေး ရှုံးအောင်လှတယ် !

လွန်ခဲ့တဲ့ တစ်ပတ်က ဟွမ်နဲ့ ကွာရှင်းပီး ဆိုင်မှာပဲ အမြဲ အချိန်ကုန်ဆူံးလေ့ရှိသည်။

𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥  ( Complete )Where stories live. Discover now