EPISODE 2

141 22 2
                                    

Julia ဆိုတဲ့ မိန်းမက တအား ငွေမက်သည် ။

အရင်က " နင့်လို ငွေကြေးမရှိတဲ့သူထက်စာရင် Aoki ကမှ သာသေးတယ် " ဆိုပြီး အရင်စတင်လမ်းခွဲခဲ့တဲ့မိန်းမ ။

အဆိပ်ထက်ပြင်းတဲ့ စိတ်ဓာတ်ကို လက်ဝယ်အပိုင် ယူထားတဲ့ မိန်းမက.... အဟက် ဘာတဲ့
အလှလေးရဲ့ အမတဲ့လား ။

မင်းရဲ့ တစ်ချိန်က ထိုးနှက်ခဲ့တဲ့စကားတွေက ငါ့အတွက် နာစရာတစ်ခုဖြစ်ခဲ့တယ်ထင်ပါတယ် ။

အခုချိန်မှာငါက အားလုံးထက် အရာရာသာတဲ့လူတစ်ယောက်ဖြစ်နေပြီးပြီ ၊ လက်ညိုးညွှန်ရာ ရေဖြစ်တဲ့အဆင့်ထိကို သာလွန်နေခဲ့ပြီဆိုပါတော့ Julia

အခု မင်းအရင်က ချစ်ခဲ့တဲ့ So Junghwan မဟုတ်တော့တာကိုသိလာလိမ့်မယ် ။

တစ်ရက်မှာတော့ ,

ပန်းဆိုင် ကောင်တာ မှာ ထိုင်နေတဲ့ အလှလေး ရှေ့သို့ တန်းတန်းလျှောက်လာခဲ့မိတယ် ။

ထိုကောင်လေးက Leather shoe စီးထားသည့် သူ့ရဲ့ ခြေထောက်မှ စတင်လို့ အပေါ်ကို ကြည့်မိပြန်တယ် ။ ပီးနောက် အံ့ဩတကြီး စူးရှတဲ့မျက်ဝန်းတို့နဲ့ နှုတ်မှ ရွတ်လိုက်မိသည်က

" အကို " တဲ့

" ချာတိတ် "

ရုတ်တရက် ပိုင်နက်ကြူးလွန်စွာ အကို က သူ့ဦးခေါင်းအထက် ဆံနွယ်မျှင်တို့ကို လာဖွယမ်းလေသည်။

" အကို.. ထပ်ရောက်လာတယ်နော် "

" ဒါပေါ့... "

" အကို့မေမေပဲလား "

" ဆိုပါတော့ "

" ဒါဆို... ဒီတစ်ခေါက်ဘာယူမလဲ "

" မင်း " ကို

" ဗျာ "

" မင်း ရဲ့ နားသပ်စပ်က ပန်းအရောင်ကိုပြောတာ"

" အကို့မေမေက ကျူးလစ်ပန်းအရမ်းကြိုက်တဲ့ပုံပဲနော် "

" အင်း... ! ကိုယ်လည်းကြိုက်တယ် "

* ကြိုက်တယ် * ဆိုသည့်စကားသည် ထိုကောင်လေး ၏ မျက်ဝန်းအစုံတို့အားကြည့်၍ ပြောလိုင်ခြင်းကြောင့် ဟန်မဆောင်နိုင်သူမှာ မျက်နှာရဲတက်လာတော့သည်။

𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥  ( Complete )Where stories live. Discover now